spot_img
Thursday, February 2, 2023
spot_img

ဝါးလက်မှုထုတ်ကုန်တွေနဲ့ ဝင်ငွေရှာတဲ့ စစ်ရှောင်အဖိုး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ အဖိုးစခွန်းသန်းတစ်ယောက် ဒီးမော့ဆိုမြို့ကနေ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသ ဆီးဘူးဖက်ကို စစ်ဘေးရှောင်လာတာ ခုဆိုရင် တစ်နှစ်နီးပါးရှိသွားပြီဖြစ်ပါတယ်။

ခုစစ်ရှောင်တဲ့နေရာမှာ အသက် (၆၀) အရွယ် အမျိုးသမီးနဲ့အတူ သား၊ သမီး၊ သားမက်၊ မြေးတွေနဲ့အတူ လူဦးရေ (၁၀) ယောက်လောက်ဟာ ဒေသခံရွာသားတွေက စီစဥ်ပေးထားတဲ့ အိမ်တစ်လုံးမှာ အတူစုပေါင်း နေထိုင်ကြပါတယ်။

စစ်ဘေးရှောင်တာ ကြာလာတော့ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေလည်း အားနည်းလာတဲ့အတွက် အဖိုးတို့ရဲ့ မီးဖိုချောင်အတွက် လိုအပ်တာတွေ ကိုယ်တိုင် ရှာကြံတာတွေ လုပ်လာရပါတယ်။

“သူများပံ့ပိုးပေးတာ အရင်တုန်းကဆို ဆန်၊ ဆီ၊ ဆား နည်းနည်းပါးပါးရသေးတာပေါ့နော်။ အခုသုံးလေးလအတွင်း မှာကျတော့ ဆီတို့ဘာတို့က သူများ မပံ့ပိုးပေးနိုင်တော့ဘူး။ အဲ့တော့ ကိုယ့်ကို ရှာကြံပြီး ဝယ်ရတယ်ဆိုတော့ ပိုက်ဆံလည်း ရှာရဖို့က အင်အားလည်း မရှိတော့ဘူးပေါ့နော်။”

အနီးအနားက ရွာတွေထဲမှာ နေ့စားအလုပ်တွေ ခေါ်တာရှိပေမယ့်လည်း အဖိုးအသက်အရွယ်နဲ့က အလုပ်ကြမ်းတွေ လုပ်ဖို့ကလည်း အဆင်မပြေတော့ပါဘူး။ ဒါ့ကြောင့် ဝင်ငွေရမယ့် အခြားအလုပ်တွေ လုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရပါတော့တယ်။

အဖိုးတစ်ယောက် ရွာအနီးအနားက တောတောင်တွေထဲကို သွားပြီး သစ်ခွပန်းရှာတဲ့ အလုပ်ကို စလုပ်ခဲ့ ပါတယ်။

ဝါးလက်မှုထုတ်ကုန်တွေနဲ့ ဝင်ငွေရှာတဲ့ စစ်ရှောင်အဖိုး
ဝါးလက်မှုထုတ်ကုန်တွေနဲ့ ဝင်ငွေရှာတဲ့ စစ်ရှောင်အဖိုး
ဝါးလက်မှုထုတ်ကုန်တွေနဲ့ ဝင်ငွေရှာတဲ့ စစ်ရှောင်အဖိုး
ဝါးလက်မှုထုတ်ကုန်တွေနဲ့ ဝင်ငွေရှာတဲ့ စစ်ရှောင်အဖိုး

“ဘယ်လိုလုပ်မလဲ နည်းနည်းပါးပါး ပိုက်ဆံလေးဘာလေး ကိုင်ရအောင်ဆို မထူးဘူးကွာ ပန်းတွေ လိုက်ရှာကြည့်သေးတယ်။ နောက်သစ်ပင်ကြီးလည်း မတက်နိုင်ပြန်ရော၊ နောက်ပြီးမှ ပန်းရှာလည်း ပန်းမရှိဘူးရော။ အဲ့ဒီခရော့တိုင်က ကျောက်ဆောင်ဆို ဦးလေး ဟိုးအရင်းကနေ တက်တာ ဟိုးခရော့တိုင်ထိ မိုးတက်မှ ရောက်တယ်လေ။ ကျောက်ဆူးတွေပဲလေ။ ဖိနပ်တွေ ပြဲကုန်တယ်။”

သစ်ခွပန်းတွေကလည်း ရှားပါးတာကြောင့် ခက်ခက်ခဲခဲရှာဖွေပြီး ရလာတဲ့ အဲ့ဒီသစ်ခွပန်းအချို့ကို ရောင်းပေမယ့်လည်း ဝယ်ယူမယ့်သူမတွေ့ပဲ သစ်ခွပန်းရှာတဲ့အလုပ်ကို လက်လျှော့ခဲ့ရပါတယ်။

ဝင်ငွေရဖို့ သစ်ခွ့ပန်းရှာပြီးရောင်းတဲ့ အလုပ်ကလည်း အဆင်မပြေတော့ တခြားနည်းလမ်းတစ်ခု ရဖို့ စဉ်းစားရှာကြံရပြန်တယ်။

အဲ့ဒီမှာပဲ အဖိုးက မီးဖိုချောင်မှာရှိတဲ့ ဓါးတွေနဲ့အလုပ်ဖြစ်မယ့် လုပ်ငန်းတစ်ခုကို စဉ်းစားမိသွားပါတယ်။

“မထူးဘူးကွာ ဓါးတစ်လက်ရှိတာပဲဆိုပြီးတော့မှ ဟိုတောထဲမှာ သွားပြီးတော့မှ သူများ ဝါးငုတ်တွေ ဘာတွေ တောင်းခုတ်တာပေါ့နော်။ စိုက်ထားတဲ့ ဝါးတွေဆို တောင်းခုတ်၊ ဒီလိုပဲ ဝါးဗူးလေးတွေ၊ ခွက်၊ ပန်းကန်လေးတွေ လျှောက်လုပ်၊ နောက် သူများလည်း မသိသေးတော့ အရောင်းအဝယ်လည်း မဖြစ်ပါဘူး။”

အစပိုင်းမှာ အဖိုးရဲ့ပစ္စည်းတွေ မရောင်းရပေမယ့် နောက်ပိုင်း တဖြည်းဖြည်း ဘဝတူစစ်ရှောင်တချို့နဲ့ ရွာခံတချို့က ဝယ်ယူအားပေးလာတာကြောင့် အဖိုးဟာ သူ့ရဲ့ လုပ်ငန်းကို ဆက်လုပ်ဖို့ အားရှိသွားပါတယ်။

အဖိုးစခွန်းသန်းဟာ ခုဆိုရင် ဝါးနဲ့ ပြုလုပ်ထားတဲ့ အထောင်းဆုန်၊ ခေါင်ဗူး၊ ခေါင်ခွက်၊ ရေဇလား၊ ပန်းကန်၊ နောက်လွယ်စတာတွေကို ပြုလုပ်နေပါတယ်။

အဖိုးပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ်တန်ဖိုး (၅၀၀) လောက်ကနေ (၁၀၀၀၀ )အထိ ဈေးနှုန်းအသီးသီး ရှိပါတယ်။

အခုလို အဖိုးပြုလုပ်ထားတဲ့ ဝါးလက်မှုပစ္စည်းတွေကို ရွာထဲက ဆေးဆရာမတစ်ဦးက တွေ့ရှိသွားပြီး လူမှုမီဒီယာဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်မှာ ကြော်ငြာပေးလိုက်တဲ့အခါ စိတ်ဝင်တစားနဲ့ အမှာတွေ ရောက်လာပါတယ်။

“အော်ဒါတွေ နည်းနည်းပါးပါးလာပြီပေါ့ ဆယ်လုံး၊ အလုံးနှစ်ဆယ်၊ နောက်တချို့က အလုံးလေးဆယ်၊ ငါးဆယ် အဲ့လိုတော့ ပြောလာတယ်။ ဒါပေမယ်လို့ ဒီက ထုတ်လုပ်တဲ့အပိုင်းက ထုတ်လုပ်နိုင်မလား၊ လုပ်နိုင်မလား အဲ့တစ်ခုလည်း နည်းနည်းချိန်ဆရအုံးမယ်။”

ဒီလို အနယ်နယ်အရပ်ရပ်က အော်ဒါတွေ အများအပြားရောက်လာတဲ့အခါမှာ အဖိုးတစ်ယောက်တည်း လုပ်ဖို့ မလွယ်ပါဘူး။

ဒါ့ကြောင့် တခြားဝါးလက်မှုလုပ်ဖို့ ဝါသနာပါတဲ့ စစ်ရှောင်တွေထဲက တချို့ကို ခေါ်ပြီး လုပ်ငန်းချဲ့ထွင်ဖို့လည်း အဖိုးက ရည်ရွယ်ထားပါတယ်။

“စစ်ဘေးရှောင်ကို အထူးဦးစားပေးမယ်ဆိုတော့ လုပ်ချင်တဲ့လူ၊ ဝါသနာပါတဲ့လူ နောက်လက်ယာလည်း သန့်သန့်ပြန့်ပြန့် လုပ်နိုင်တဲ့လူ အဲ့ဒါလေးငါး ဆယ်ယောက်ခေါ်ပြီးတော့ ဥပမာ အလုံးရေ ငါးရာ၊ တစ်ထောင်မျိုးက အနည်းဆုံး ဆယ်ယောက်လောက် ခေါ်မှ ရမှာ။ တစ်ယောက်ကို အလုံး တစ်ရာလောက် တာဝန်ယူခိုင်းမယ်။ နောက် အချိန် ဘယ်နှစ်ပတ်ဆို ဘယ်နှစ်ပတ်အဲ့လိုပဲ ဦးလေးက စီစဉ်ထား၊ စဉ်းစားထားတာပေါ့နော်။”

အခုဆိုရင် အဖိုး စခွန်းသန်းက သူ့ရဲ့ လက်မှုပစ္စည်းရောင်းရငွေတွေနဲ့ သူ့ရဲ့ မီးဖိုချောင်အသုံးစားရိတ်ကို ဖြည့်ဆည်း လာနိုင်ပြီဖြစ်သလို အခြားစစ်ရှောင်တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်တော့မှာ ဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

အာဏာသိမ်း (၂)နှစ်ပြည့် စစ်ရှောင်ပြည်သူတွေရဲ့ ပြောစကားများ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးနောက်် ကရင်နီပြည်မှာ အိုးအိမ်စွန့်ခွာနေရတဲ့ ပြည်သူလူထု ၂သိန်း နီးပါးရှိနေပြီး အာဏာသိမ်းကာလ (၂) နှစ်ကြာလာတဲ့အပေါ် စစ်ရှောင်ပြည်သူတွေရဲ့ ခံစားချက် ပြောစကားတွေကို မေးမြန်းတင်ဆက်ထားပါတယ်။ https://youtu.be/mRrbdzIYk5o

မလျော့သောဇွဲနဲ့ ရှည်ကြာလာတဲ့ “နွေဦးတော်လှန်ရေး”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာပြည်က လူထုတွေအတွက် အမှောင်ကျခဲ့ရတဲ့ နေ့၊ ကြောက်ခေတ်ကို တဖန်ပြန်လည်ရောက်ရှိသွားရတဲ့ နေ့အဖြစ် လူထုရင်ထဲမှာ ရှင်သန်ကျန်ရစ်နေဦးမဲ့ သမိုင်းဆိုးတဲ့ နေ့ရက်တစ်ခု။ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တာကြောင့် အာဏာကို ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ပြောလာတဲ့...

တော်လှန်ရေးထဲက အနုပညာဖန်တီးသူ

မီမြာ (ကန္တာရဝတီတိုင်း(မ်)) ဝါဿနာပါရာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို စတင်အကောင်အထည်ဖော်နေကြတဲ့အချိန်မှာပဲ အညွှန့်တလူလူ တက်နေတဲ့ အနာဂတ်အိမ်မက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ လူငယ်တွေအထဲ အသက် (၂၁)နှစ်အရွယ် ဂျွန်မီယာလည်း အပါအဝင်ပါ။ ဂျွန်မီယာကတော့ ဒီးမော့ဆိုမြို့နယ် ငူးပလော့ကျေးရွာ ဇာတိဖြစ်ပါတယ်။ သူကတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၉ခုနှစ်မှာ မန္တလေးက အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ဒါရိုက်တာအထူးပြုမေဂျာနဲ့...

လူငယ်တွေရဲ့ ပညာသင်အခွင့်အလမ်းအတွက် ဖွင့်ထားတဲ့ ကယန်းဒေသက ကောလိပ်ကျောင်း

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်)) ပညာသင်အခွင့်အလမ်း ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေအတွက် ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ ကယန်းတောင်တန်း ကွန်မြူနီတီကောလိပ်လို့ခေါ်တဲ့ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထားတာ ခုဆိုရင် ၅ လ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ကယန်းတောင်တန်း ကွန်မြူနီတီကောလိပ်ကို ပထမဆုံး အမှတ်စဉ် (၁) အဖြစ် အလယ်ကယန်းဒေသမှာ ဖွင့်လှစ်တာဖြစ်ပြီး အဲ့ဒီကျောင်းမှာ လူငယ်...