spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အလုပ်လုပ်ကိုင်နေတဲ့ ကရင်နီပြည်သား နဲ့ အခြားဒေသကသူတွေဟာ အတင်းအကြပ် ခိုင်းစေမှုတွေနဲ့ ခေါင်းပုံဖြတ်မှုတွေ ကြုံတွေ့နေရ

ကန္တာရဝတီတိုင်း(မ်)

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းဖောင်းမြို့မှာ သွားရောက် အလုပ်လုပ်နေတဲ့ ကရင်နီပြည်သားတွေနဲ့ တခြားသောဒေသက သူတွေဟာ ခေါင်းပုံဖြတ်ခံရတာတွေနဲ့ ၊ အတင်းအကြပ်ခိုင်းစေတာတွေ ခံနေရတယ်လို့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရောက်ရှိနေတဲ့ ကရင်နီပြည်သားတစ်ဦးက ပြောပါတယ်။

ဝဒေသက စက်ရုံတစ်ရုံမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ်နေတဲ့ ကရင်နီပြည်သားတစ်ဦးက မြန်မာစကားပြန် အချင်းချင်းကနေ အနိုင်ထက်စီးနင်းမှု ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုငါတို့လုပ်နေတာက ဝပြည်နယ် မိုင်းဖောင်းမြို့ဆိုတဲ့ ဒီမှာအလုပ်လုပ်နေတာ။ ဒီမှာ အလုပ်လုပ်နေတဲ့ ချိန်မှာဆိုရင် သူတို့က ‌သူဌေးတွေက သူတို့က ဘားမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ ငါတို့မြန်မာပေါ့နော်။ မြန်မာစကားပြန်တွေက အချင်းချင်းကို ပြန်လုပ်တယ်။ ပြီးတော့သူတို့က အနိုင်ထက်စီးနင်းမှုတွေလုပ်တယ်။ လစာဆိုလဲ မတရားခေါင်းပုံဖြတ်တယ်။ အဲ့လိုမျိုးတွေ တအားများတယ်။” လို့ သူက ပြောပါတယ်။

အလုပ်လာလုပ်သူတွေကို ရိုက်နှက်အပြစ်ပေးခိုင်းတာတွေလည်းရှိနေပြီး သွေးထွက် သံယိုဖြစ်တဲ့အထိ ရိုက်နှက်တာတွေ ရှိတယ်လို့လဲ သူက ပြောပါတယ်။

အဆိုပါ ဝဒေသမှာ မြန်မာနိုင်ငံရဲ့ အရပ်ဒေသ ပေါင်းစုံကလူတွေ လာရောက်အလုပ်လုပ်ကိုင်နေပြီး တချို့သူတွေကတော့ တရုတ်လူမျိုးတွေဆီမှာ ရောင်းစားခံရတာရှိသလို၊ အလုပ်ထဲမှာ အရိုက်နှက်ခံရပြီး လစာတွေကို ခေါင်းပုံဖြတ်ခံနေရတွေလည်းရှိနေတယ်လို့ ကရင်နီပြည်သားတစ်ဦးက ပြောပြပါတယ်။

” လူတွေကမသိပဲ ဒီကိုရောက်လာတယ်။ လစာလဲမြင့်တယ် ဆိုပြီးတော့ သူတို့လဲ အခက်အခဲကြောင့် ဒီကိုရောက်လာကြတယ်။ ပြီး‌တော့ တကယ့်တကယ်ကျတော့ ဒီမှာက လူကုန်ကူးတဲ့ပုံစံမျိုး ဖြစ်နေတယ်။ တရုတ်တွေဆီကို ရောင်းတယ်။ ပြီးရင် တရုတ်တွေက ဒီလူကို ရတဲ့အချိန်မှာ တရုတ်တွေက သူတို့ခိုင်းတဲ့အတိုင်းမလုပ်ဘူး သူတို့လုပ်တဲ့အတိုင်း မလုပ်ဘူးဆိုရင် ရိုက်နှက်တာတွေရှိတယ်။ ရိုက်နှက်တာကလဲ သူတို့တရုတ်တွေက ရိုက်နှက်ပိုင်ခွင့်မရှိတဲ့ အတွက်ကြောင့်မို့ ငါတို့ကိုမြန်မာအချင်းချင်းခေါ်ပြီး ရိုက်နှက်ခိုင်းတယ်။ ” လို့ ကရင်နီပြည်သားတစ်ဦးက ဆိုပါတယ်။

အဆိုပါဒေသကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ သူတွေထဲမှာ များသောအားဖြင့် ရန်ကုန်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နဲ့ ကရင်နီပြည်ကလူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img