သစ်ပင်များ စိုက်ထားကြပါစို့

တို့လူသားများ သိထားကြပါ

ကမ္ဘာကြီးမှာ ပူလာပြီလေ

တောတွေပျက်စီး သစ်ပင်ကြီးခုတ်

စီးပွားလုပ်စား လူသားလောဘ

အတ္တကြီးလို့ တို့ကမ္ဘာမှာ

အိုဇုန်းလွှာပေါက် နှောက်နှစ်ငါးဆယ်

ပျက်စီးမယ်ဟေ့ သိပ္ပံပညာ

ပြောထားကြလို့ တို့နိုင်ငံသား

တားပါသစ်ခုတ် မင်းလုပ်ပုဂ္ဂိုလ်

ပိုအရေးကြီး တောမီးအန္တရယ်

ကာကွယ်နိုင်ဖို့ တို့လူကြီးဟာ

ပညာပေးမှ သိရကောင်းဆိုး

တောရွှာမျိုးက နောင်တရလာ

ကမ္ဘာကောင်းဖို့ စိုက်စို့သစ်ပင်

စဉ်လာမပျက် ဆောင်ရွက်ရမည်။

လောင်စာဆီလေး ပေါင်းသတ်ဆေးနှင့်

စက်ရုံများမှာ ထွက်လာခိုးများ

တားဆီးလျှော့ချ လုပ်ကြဖို့လို

အိုဇုန်းလွှာထိ စဉ်းစားကြည့်လေ

နေပူဒဏ်တိုး ဖြစ်ဆိုးကြုံပြန်

သယံဇာတ ကုန်ကြမနည်း

လူတိုင်းလည်းသိ နိုင်ငံချစ်ရင်

အမြင်မှန်ရှာ ကမ္ဘာကြီးဟာ

သာယာစေဖို့ တို့ရဲ့လူသား

သစ်ပင်များများ စိုက်ထားကြပါစို့

ငြိမ်းချမ်းလာပြည့် ၊ ကယန်း

Comments

comments

Next Post

အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့ အပစ်အရပ်မှာ သဘောတူခဲ့ကြပေမယ့် ကိုဗစ်ကာလမှာ ဆောင်ရွက်လျက်ရှိ

Fri Jun 5 , 2020
အန်ထောနီ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် အစိုးရတို့ ၂၀၁၂ခုနှစ်က ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာ အကြီးစားစီမံကိန်းတွေ မလုပ်သေးဖို့တွေပါရှိပေမယ့်လည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကာလမှာ ကရင်နီပြည်နယ်အတွင်း အကြီးစားစီမံကိန်းတွေ တည်ဆောက်နေတယ်လို့ ကရင်နီပြည်အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)မှ ကယား(ကရင်နီ) ပြည်နယ်၏တာဝန်ခံ ခွန်းအန်းဂျေလို က “လက်ရှိအနေအထားကတော့ ဖယ်ဒရယ်မရမချင်းတော့ အကြီးစားစီမံကိန်းတွေမလုပ်သင့်သေးဘူး ရပ်ဆိုင်းထားပေးပါ။ နောက်တစ်ချိန်ကျရင် ဖယ်ဒရယ်ရတဲ့တစ်နေ့ကျရင် ကျနော်တို့နိုင်ငံမှာလည်း ပညာရှင်တွေအများကြီးပေါ်ထွန်းမယ်လို့ မျော်လင့်ပါတယ်။ အခုချိန်မှာ ကျနော်တို့ပြည်နယ်မှာ အကြီးစားစီမံကိန်းတွေလုပ်ရင်လည်း ကျနော်တို့ပြည်နယ်အတွက်၊ နိုင်ငံအတွက် အကျိုးမရှိပါဘူး ဘာလို့လဲဆိုတော့ တည်ဆောက်တဲ့စီမံကိန်းတွေက ပြည်ပက ဘတ်ဂျက်နဲ့တည်ဆောက်တော့ ပြည်ပကိုပဲ အကုန်လုံးပြန်ပေးတဲ့ခါကျတော့ ပြည်သူတွေအကျိုးမခံစားရတော့ဘူး။”လို့ ပြောပါတယ်။ ကရင်နီပြည်မြေယာမူဝါရှိထားပေမယ့်လည်း အစိုးရဘက်ကအသိအမှတ်မပြုဘဲ […]