spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သတင်းအရ ရှာဖွေစစ်ဆေးရာမှ WY ဆေးပြား (၁၀၃၀) ပြားကို KSP ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတရွာမှာ သတင်းအရရှာဖွေစစ်ဆေးရာမှ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်နေ့က WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀) ပြားကို ဖမ်းဆီးတွေ့ရှိခဲ့တယ်လို့ KSP တာ၀န်ရှိသူ ကိုဘိုဘိုက ကန္တရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

သတင်းရရှိမှုကြောင့် ကလလတ ၊ KSP နယ်ထိန်းအဖွဲ့ ၊ KNDF တို့ ပူးပေါင်းပြီး သွားရောက်ရှာဖွေခဲ့ရာက တွေရှိခဲ့တယ်လို့ဆိုပါတယ်။

” သတင်းအရပေါ့နော၊ အဲ့မှာ ကျနော်တို့ နယ်ထိန်းတွေနဲ့ KNDF နဲ့ ကလလတ ပူးပေါင်းအဖွဲ့တွေနဲ့ ကျနော်တို့သွားရှာတာပေါ့နော၊ သူ့ရဲ့အိမ်မှာ သွားရှာတဲ့ချိန်မှာ မူးယစ်ဆေး၀ါးကိုတွေ့ရှိခဲ့တာပေါ့ ” လို့ ကိုဘိုဘိုက ပြောပါတယ်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို အသက် ၄၈ နှစ်အရွယ်ရှိတဲ့ ဦးအောင်သန်းလင်းနေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ WY ဆေးပြား ၁၀၃၀ ပြားနဲ့အတူ မြန်မာကျပ်ငွေ ၄သိန်းကိုလည်း ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဦးအောင်သန်းလင်းကို KSP အမှတ် ၉ ရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ရင် WY စိတ်ကြွရူးသွပ်ဆေးပြားအမျိုးအစားကို အများဆုံး ဖမ်းဆီးရမိတယ်လို့လည်း ကိုဘိုဘိုက ပြောပါတယ်။

“မူးယစ်ဆေး၀ါးလို့ပြောလာရင်တော့ များသောအားဖြင့် များတာက WY ပေါ့နော့၊ ဒီစိတ်ကြွရူးသွပ်ဆေးပြားတွေမိတာ များတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

ရှာဖွေတွေ့ရှိရတဲ့ ဆေးပြားအရေအတွက်ပေါ်မူတည်ပြီး တရားစီရင်မှုလည်း ကွာခြားတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာ KSP ပူးပေါင်းတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောမှုလုပ်ဆောင်တာရှိနေပြီး၊ ခရီးသွားပြည်သူတွေကြားမှာ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း မရှိစေရေးအတွက်လည်း ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ဆေးဆောင်ရွက်မှုကြားကနေ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူတွေကို မကြာခဏ KSP ပူးပေါင်းတပ်ကနေ ဖမ်းဆီးရမိနေပါတယ်။

spot_img
spot_img

Recent posts