spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သိထားသင့်တဲ့ ဂေါက် (Gout) ရောဂါအကြောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

Gout (ဂေါက်) လို့ခေါ်တဲ့ အဆစ်ရောင်ရောဂါဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာပါ ဖြစ်နိုင်ပြီး၊ ရောဂါဖြစ်ပွားတဲ့ အရိုးအဆစ်နေရာတွေမှာ ရုတ်တရက်နာကျင်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ခြေဆစ်၊ လက်ဆစ်တွေနဲ့ တခြားအရိုးအဆစ်ကြီးကြီးမားမားတွေဖြစ်တဲ့ ဒူးဆစ်၊ တံတောင် ဆစ် စတဲ့နေရာတွေမှာ Uric Acid (ယူရစ်အက်ဆစ်) တွေ စုပုံလာပြီး အဲ့ဒီအရိုးအဆစ်လေးတွေက ရောင်ရမ်းလာတာကနေ အရိုးအဆစ် (အကြီး/အသေး) တွေ နာကျင်လာတဲ့ ရောဂါတမျိုးပဲ ဖြစ်ပါ တယ်။

ဂေါက်ရောဂါဟာ ဒူးဆစ်ရောင်ရောဂါနဲ့ လက္ခဏာတွေ တူညီတာကြောင့် အဲဒီရောဂါ နှစ်ခုကို ခွဲခြားနိုင်ဖို့အတွက် သိထားသင့်တဲ့ ဂေါက်ရောဂါအကြောင်းကို မျှဝေပေးချင်ပါတယ်။

Gout (ဂေါက်)ရောဂါရဲ့ လက္ခဏာများ

သွေးတွင်းမှာ ယူရစ်အက်ဆစ်ပါဝင်မှုများတာနဲ့ ခန္ဓာကိုယ်တွင်းကနေ ယူရစ်အက်ဆစ်များကို မစွန့် ထုတ်နိုင်တာကြောင့် အကျိုးဆက်အနေနဲ့ မတူညီတဲ့ သက်ဆိုင်ရာအဆစ်နေရာနဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတွေမှာ ယူရစ် အက်ဆစ်ဓာတ်တွေ စုပုံလာတာဖြစ်ပြီး အရိုးအဆစ်တွေကို ရောင်ရမ်းလာစေ တာဖြစ်ပါတယ်။

အဆစ်တွေက ရောင်ရမ်းလာတဲ့အခါ မခံနိုင်လောက်အောင် နာကျင်ကိုက်ခဲလာပြီး ကြိုတင်တခြား လက္ခဏာတွေမပြဘဲ ရုတ်တရက်ဆိုသလို ဖြစ်လာပါတယ်။ ရုတ်တရက် နာကျင်လာတဲ့ အဆစ်လိုနေရာတွေမှာ နီရဲလာတာ နဲ့ ပူစပ်ပူလောင်ဖြစ်တာ စတာတွေကို ခံစားရစေနိုင်ပါတယ်။

အဲဒီနာကျင်ကိုက်ခဲတာတွေဟာ ခြေကျင်းဝတ် ၊ တံတောင်ဆစ် ၊ ဒူး ၊ လက်ကောက်ဝတ် စတဲ့နေရာတွေ မှာလည်း ခံစားရနိုင်ပြီး အဆစ် နေရာအမျိုးမျိုးမှာ တပြိုင်နက်တည်းခံစားရတာထက် ခြေမနဲ့ အဆစ်နေရာတခုမှာ တချိန်တည်းခံစားရတာက ပိုပြီးအဖြစ်များပါတယ်။ ဒူးတဖက်တည်းမှာလည်း ပြင်းထန်စွာနာကျင်ခြင်းမှုကို ခံစားရနိုင်ပါတယ်။

ဂေါက်ရောဂါကြောင့် နာကျင်ကိုက်ခဲမှုဟာ ယေဘုယျအားဖြင့် မနက်စောစောပိုင်းတွေမှာ ခြေဆစ် လက်ဆစ်တွေက အထိမခံနိုင်လောက်အောင် ရောင်ရမ်းတတ်ပြီး နာရီအနည်းငယ်ကနေ ၂ ရက်၊ ၃ ရက် အထိ နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ ကုသမှုကို ဘယ်လောက်မြန်မြန် စတင်ခံယူနိုင်လဲဆိုတဲ့အ ပေါ်မူတည်ပြီး အဲဒီနာကျင်မှုဟာ ပျောက်ကင်းသွားနိုင်ပါတယ်။

Photo – Google

ဘယ်သူတွေမှာ ဂေါက်ရောဂါပိုဖြစ်နိုင်လဲ

ဂေါက်ရောဂါဟာ မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်ပြီးတော့ များသောအားဖြင့် အသက် (၃၀) နဲ့ အသက် (၆၀) ကြားထဲကအမျိုးသားထုတွေမှာ ဖြစ်နိုင်ချေပိုများတယ်လို့ သိရပါတယ်။

လူတဦးရဲ့ကျောက်ကပ် ဘယ်လောက်အလုပ်လုပ်နိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး Uric Acid (ယူရစ်အက်ဆစ်) အနည်းအများအပေါ်လိုက်ပြီး၊ Uric Acid (ယူရစ်အက်ဆစ်) များနေရင် အဆစ်အမြစ်ရောင်တဲ့ ဂေါက်ရောဂါ ဖြစ်နိုင်ပါတယ်။

ဂေါက်ရောဂါဖြစ်တတ်တဲ့ မျိုးရိုးရှိသူတွေမှာ အရက်၊ ဘီယာ နဲ့ ဝိုင် စတဲ့ အရက်ပါဝင်မှုများတဲ့ ဖျော်ရည်ယမကာတွေ လွန်ကျူးစွာ သောက်သုံးမယ်ဆိုရင် ဂေါက်ရောဂါ ဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် အဝလွန်သူ၊ အစားအသောက်လွန်ကြူးစွာစားသောက်သူ၊ သွေးတိုးရောဂါခံစားနေရသူ၊ အစာရေစာပြတ်လပ်နေသူတွေမှာ ဂေါက်ရောဂါဖြစ်နိုင်ချေများပါတယ်။

ဂေါက်ရောဂါခံစားနေရရင် ဘယ်လိုနေထိုင်ရမလဲ

Uric Acid (ယူရစ်အက်ဆစ်) ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေဖြစ်တဲ့ ဝမ်းတွင်းကလီစာတွေ၊ အခွံမာရေသတ္တဝါတွေ (ဥပမာ ခရု၊ကမာကောင်) နဲ့ စည်သွတ်ငါးသေတ္တာဗူးတွေကို မစားသင့်ပါဘူး။

ခန္ဓာကိုယ်တွင်းရှိနေတဲ့ Uric Acid (ယူရစ်အက်ဆစ်) တွေကို ခန္ဓာကိုယ်ပြင်ပဆီ စွန့်ထုတ်နိုင်ဖို့အတွက် တရက်ကိုရေအနည်းဆုံး နှစ်လီတာ သောက်ပေးသင့်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းထားဖို့ လိုအပ်ပြီး အဆစ်နာကျင်ကိုက်ခဲတဲ့အခါ နာကျင်တဲ့ နေရာတွေမှာ ရေခဲကပ်ပေးခြင်းဖြင့် နာကျင်မှုတွေကို သက်သာစေပါတယ်။

အရက်ပါဝင်တဲ့ ဖျော်ရည်ယမကာတွေ၊ သကြားဓာတ်ပါဝင်မှုများတဲ့ အသင့်စား အစားအသောက်တွေ စားသောက်ခြင်းကို ရှောင်ကျဉ်ရမှာဖြစ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို သင့်တင့်မျှတ အောင် စားသောက်ရပါမယ်။

ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်တယ်ဆိုပေမဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှူပ်ရှားမှု လေ့ကျင့်ခန်းတွေကို ရှောင်ကြဉ်ရပါမယ်။ ဂေါက်ရောဂါဟာ မိုးရာသီနဲ့ ဆောင်းရာသီမှာ အအေး ဒဏ်ကြောင့် အဆစ်အမြစ်တွေ ပိုမိုကိုက်ခဲတတ်ပြီး ရာသီဥတု အေးလာတဲ့အခါမှာ နွေးနွေးထွေးထွေး နေပေးသင့်ပါတယ်။

ဂေါက်ရောဂါကို ဘယ်လိုကုသမလဲ

ဂေါက်ရောဂါဟာ နည်းမှန်လမ်းမှန်နဲ့ကုသရင် အရှင်းယူပစ်သလိုပျောက်နိုင်တဲ့ရောဂါဖြစ်တာကြောင့် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်ဆီမှာ နည်းမှန်လမ်းမှန်ဆေးဝါးမှန် နဲ့ အမြန်ဆုံးကုသမှု ခံယူသင့်ပါတယ်။

ဒူးဆစ်နေရာမှာနာကျင်ကိုက်ခဲတာ ၊ ဒူးဆစ်ဖောရောင်ပြီး ပုံစံမကျတာ ၊ ဒူးဆစ် တဖက်နဲ့တဖက် ခလုတ်တိုက်မိတာ စတာတွေ ခံစားရတာရင် ဂေါက်ရောဂါဖြစ်နိုင်သလို ဒူးဆစ်နာရောဂါလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိမှာ အဆစ်အမြစ် နာကျင်ကိုက်ခဲမှုတစုံတရာကို ခံစားရပြီဆိုရင် ရောဂါရဲ့ အရင်းအမြစ်ကို သိရဖို့အရေးကြီးသလို အနာတခြားဆေးတခြား မဖြစ်စေဖို့ ကျန်းမာရေးဝန်ထမ်း (သို့မဟုတ်) ဆရာဝန် ဆီမှာ သေချာကုသမှု ခံယူရမှာဖြစ်ပါတယ်။

ဂေါက်ရောဂါကို မကုသဘဲ ကာလရှည်ကြာအောင် ခံစားနေရမယ်ဆိုရင် Uric Acid (ယူရစ် အက်ဆစ်)ပမာဏဟာ ခန္ဓာကိုယ်မှ ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်တော့ဘဲ နောက်ဆက်တွဲ ကျောက်ကပ်နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်လာနိုင်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ကိုးကား – NUG MOH website

spot_img
spot_img

Recent posts