spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော အမှုဖြစ်ယာဉ်များ တရားရုုံးက လေလံတင် ရောင်းချ

Author

Date

Category

သိမ်းဆည်းထားသော အမှုဖြစ်ယာဉ်များ တရားရုုံးက လေလံတင် ရောင်းချနေစဉ်(ဓါတ်ပုုံ-ခူးစိုုးရယ်ဦး)

ခူးစိုုးရယ်ဦး

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် တရားရုံးတို့တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံထားရသော ယာဉ်များကို ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ အိတ်ဖွင့်လေလံတင်ရောင်းချသည်။

ဒီးမော့ဆိုမြို့နယ်မှ သိမ်းဆည်းခံယာဉ် ၁၃ စီးနှင့် ဖရူဆိုမြို့နယ်တွင် ယာဉ်ပေါင်း ၅ စီး ဟု အိတ်ဖွင့်လေလံတင်ရောင်းချသွားမည်ဟုု ဆိုုသည်။

သိမ်းဆည်းခံယာဉ်များအား လေလံတင်ရောင်းချရန် စည်းကမ်းချက်များ ၆ ချက်ရှိသည့်အနက် အောက်ပါအချက်များကို ဖော်ပြပေးမည် ဖြစ်သည်။

လေလံဆွဲဝယ်ယူသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ လေလံတစ်ခုအတွက် စံဘော်ငွေ ၅၀၀၀ဝ ကျပ်ကို ကြိုတင်ပေးသွင်းရန်၊ ၎င်းအများဆုံးတန်ဖိုး ပေးနိုင်သူအားရောင်းချပေးမည်၊ သတ်မှတ်ထားသည့် ကြမ်းခင်းဈေးထက် လေလံဆွဲဝယ်ယူလိုသူမှပေးသည့် ဈေးနည်းနေလျှင် ရောင်ချပေးမည် မဟုတ်၊ ပစ္စည်းတန်ဖိုးကို ချက်ချင်းကျေလယ်ပေးသွင်းရန်နှင့် ပျက်ကွက်ပါက ၎င်းဝယ်ယူခွင့်ပျက်ပြယ်ပြီး ကြိုတင်ပေးသွင်းထားသည့်စဘော်ငွေကို သိမ်းဆည်းခြင်းခံရပါမည်ဖြစ်သည်ဟု လေလံအဖွဲ့မှ စည်းမျဉ်းထုတ်ထားသည်။

လေလံတင်ရောင်းချမည့် မော်တော်ဆိုင်ကယ် (လိုင်စင်ရှိ/မဲ့)များကို မျက်မြင်အခြေအနေအရသာ အိတ်ဖွင့်လေလံစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး တရားဝင်ယာဉ်မှတ်ပုံတင်ရရှိရေး၊ ယာဉ်သက်တမ်းတိုးရေးကိစ္စရပ်များအတွက်မူ လေလံဆွဲဝယ်ယူသူ အစီအစဉ်ဖြင့်သာ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူ းဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်ဖြစ်သည်။

လွိုင်ကော်မြို့နယ် တရားရုံးမှ သိမ်းဆည်းခံထားရသော ယာဉ် ၇၃ စီးကိုု လေလံရောင်းချခဲ့ပြီးဖြစ်သည်။

အခြားမြို့နယ် ဖြစ်သော မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်တို့ကိုလည်း သိမ်းဆည်းခံထားရသော ယာဉ်များကို ဆက်လက်၍ ထပ်မံလေလံတင်ရောင်းချသွားမည်ဟု သိရသည်။

spot_img
spot_img

Recent posts