spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သိမ်းပိုက်ရရှိထားတဲ့ ပြည်နယ်ရဲဌာနချုပ်မှာ Loikaw PDF က “ငါတို့နိုင်မှာ” လုံချည်ကမ်ပိန်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်နယ်ရဲဌာနချုပ်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် အဆိုပါနေရာမှာ ထင်ရှားတဲ့ လုပ်ဆောင်မှုအနေနဲ့ “ငါတို့နိုင်မှာ” ဆိုတဲ့ကမ်ပိန်းကို Loikaw PDF က ပြုလုပ်ခဲ့ပါတယ်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုအတွင်းမှာတော့ ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ Loikaw PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ အခြားသော တော်လှန်ရေးတပ်တို့ကနေ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်ရဲဌာနချုပ်ကနေသိမ်းပိုက်ရရှိခဲ့တဲ့ ကား၊ဆိုင်ကယ် ပျက်စီးမှုတွေကိုနောက်ခံထားပြီး “ငါတို့နိုင်ငံမှာ”လုံခြည်ကမ်ပိန်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ / Loikaw PDF

spot_img
spot_img

Recent posts