spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သီးနှံစိုက်ခင်း အသက်မွေးတဲ့ဒေသခံတွေအတွက် ရင်းနှီးမြှပ်နှံဖို့ မေ့ထားလို့မရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့အချိန်မှာဒေသထွက်ကုန်တွေထဲက စိုက်ခင်း သီးနှံတွေအတွက်လည်း ထည့်သွင်းစဉ်းစားပေးပြီး ဖိတ်ခေါ်ပေးသင့်တယ်လို့ ပြောင်းစိုက်တောင်သူအသင်း မှ ဦးမြင့်မောင်က ပြောဆိုလိုက်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)မှ ဧပြီလအတွင်း လိုပူ ၊ ပန်ပက်နှင့် လွီးကထိကျေးရွာအုပ်စုဒေသဘက်သွားပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာ စကားဝိုင်းပြုလုပ်ရာမှာ ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။

အဲဒီဒေသဘက်ဟာဆိုရင် အရင်က အဓိက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတဲ့ ဒေသဖြစ်ပါတယ်။
အခုဆိုရင် တခြား ဝင်ငွေရတိုးဖို့ ပဲလိပ်ပြာ ၊ ဂျင်း နှင့် ဂျူးမြစ်တို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဒီသီးနှံတွေက အာမခံတဲ့ ဈေးကွက်ချိတ်ဆက်မှု မရှိတဲ့အတွက် စိုက်ပျိုးနေကြတယ်ဆို ပေမယ်လို့ စီးပွားဖြစ် မလုပ်နိုင်ကြဘူးဖြစ်နေကြပါတယ်။

လွီးကထိကျေးရွာမှ ဒေသခံ ဦးဆာဗလုထူး “ဒါကြောင့်မလို့ ကျွန်တော်တို့တောင်သူတွေက တစ်နေ့ပြီးတစ်နေ့ ဒီလိုပဲ ကျပန်းအလုပ် ရလာတဲ့ငွေ တစ်ရက်ကို ငါးထောင်ရှိသလို တစ်ရက်ကိုတစ်သောင်းရတဲ့ဟာလည်းရှိတယ်။ တစ်ခါတစ်လေ သူများရွာမှာ ကြက်သွားရောင်းတဲ့သူတွေ ရှိသလို၊ လမ်းလိုက်ခင်းတဲ့အဖွဲ့လည်းရှိသလို၊ ပန်းရံလိုက်လုပ်တဲ့အဖွဲ့လည်းရှိသလို ကျတော်တို့ စားဝတ်နေရေးအမျိုးမျိုးနဲ့ဖြေရှင်းနေရပါတယ်။” လို့ ပြောပါတယ်။

ဒီလို ပဲလိပ်ပြာ ၊ ဂျူးမြစ် ၊ ဂျင်း တို့ဟာ ပြည်တွင်းဈေးကွက်မှာတင် မလုံလောက်တဲ့ သီးနှံဈေးကွက်ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးထားတဲ့ ဒေသခံတွေအတွက် အစိုးရကနေပြီး ရင်းနှီးမြှပ်နှံမှုတွေ ဖိတ်ခေါ်ပေးတာတို့ ဈေးကွက် ချိတ်ဆက်ပေးတာတို့ လုပ်ပေးဖို့ လိုအပ်ပါတယ်။

ပြောင်းစိုက်တောင်သူအသင်းအဖွဲ့မှ ဦးမြင့်မောင် “အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ရင်းနှီးမြှပ်နှံမည့်သူတွေကို ချိတ်ဆက်ပေးနိုင်ရင် လုပ်လို့ရတယ် ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဈေးကွက်နဲ့သူတို့နဲ့ ဝေးကွာနေသလိုဖြစ်နေတယ်။” လို့ ပြောပါတယ်။

တကယ်တမ်းဆိုရင် ဈေးကွက်ဝင်သီးနှံဖြစ်ပြီး မတိမ်ကောနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ အခု အစိုးရက လာမည့်မေလမှာ ရင်းနှီးမြှပ်နှံမှုဖိုရမ်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ရင်းနှံးမြှပ်နှံမှုအပိုင်းမှာတော့ ဖိတ်ခေါ်ထားချက်အရတော့ ဒီလို ဒီလို ဂျင်းတို့ ပဲလိပ်ပြာတို့ သီးနှံတွေ မပါဘူးလို့ သိရပါတယ်။

“ဂျင်းနဲ့ပတ်တဲ့ ကုမ္မဏီတွေ Export လုပ်နေတဲ့ ကုမ္မဏီတွေကို ဖိတ်ခေါ်ရမှာပေါ့ ဂျူးမြစ်ဆိုရင်လည်း ကိုးရီးယားကို ပို့နေတဲ့ လုပ်ငန်းတွေရှိတဲ့ အဲဒီလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ရမယ်။ အခုကျတော့ ပြောင်း ရယ် ..နာမ်း..ရယ် .. စပါးရယ်..ပဲ ဖိတ်ခေါ်ထားတယ် ကျနော်သိရသလောက်ကတော့ ဒီလိုဒေသတွေကို သူ့ရာသီအလိုက် စိုက်ပျိုးထားတဲ့ သီးနှံတွေရှိတယ် …ကျနော်တို့ ဖိတ်ခေါ်ပေးဖို့လိုတယ်။ သူတို့ရင်းနှီးမြှပ်နှံဖို့ လိုတယ်။ သူတို့က ဝယ်မယ်သေချာတယ်ဆိုရင် သူတို့ ဂျင်းကို စိတ်ချလက်ချစိုက်လို့ရမယ်။” လို့ ဦးမြင့်မောင်က ဆိုပါတယ်။

ကယားပြည်နယ်ရဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ကနေ စက်တင်ဘာလ အထိ ၆ လ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းမှာ ဆိုရင်တော့ လယ်ယာကဏ္ဍကို ၃.၆ ရာခိုင်းနှုန်းတိုးတက်ရန် ချမှတ်ထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts