spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သူရဦးရွှေမန်းဦးဆောင်တဲ့ပါတီ ကယားမှာ မဲဆန္ဒနယ်အားလုံးဝင်ပြိုင်ဖို့ရှိ

Author

Date

Category

အန်ထောနီ

သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ လာမည့် ၂၀၂၀ရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးဝင်ပြိုင်သွားမယ်လို့ ၎င်းပါတီမှ ဒီးမော့ဆိုမြို့နယ် အလုပ်မှုဆောင်ကော်မတီ ဥက္ကဌ ဦးဆော်ရယ်က ပြောပါတယ်။

ဦးဆော်ရယ်က “မြန်မာကိုယ်စားလှယ်ကတော့ လျှာထားခြင်းမရှိသေးဘူး။ ပြည်သူ့လွှတ်တော်အဆင့်ရယ် အမျိုးသားလွှတ်တော်အဆင့်ရယ် ပြည်နယ်အဆင့်မှာ မဲဆန္ဒအားလုံးကို ဝင်ပြိုင်ဖို့ရည်ရွယ်ထားပါတယ်”လို့ ပြေားကြားသွားခဲ့ပါတယ်။

မတ်လ ၂၁ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် မြို့မ ရပ်ကွက်တွင် ပါတီဆိုင်းဘုတ် အခမ်းအနား ပြုလုပ်ခဲဲ့စဉ်။

အဓိက ကယားဒီမိုကရက်တီပါတီနှင့်ပူးပေါင်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဆင့်တွေ ဝင်ပြိုင်နိုင်ဖို့ ပါတီခေါင်းဆောင်၏ညွန်ကြားထားတဲ့အတွက် အလားအလာရှိတဲ့ ပုဂ္ဂိုလ်တွေကို ရွေးခြယ်ထားမယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွတ်တော်အဆင့်တို့တွင် အမျိုးသမီးများကိုလည်း ပါဝင်ဖို့လျာထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၁ ရက်နေ့နံနက်က ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ ဆိုင်းဘုတ်တင်အခမ်းအနားကို ဒီမောဆိုမြို့ မြိုမရပ်ကွက် တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုလိုတိုင်းရင်းသားဒေသမှာ ယှဉ်ပြိုင်ရတဲ့ရည်ရွယ်ချက်ကိုလည်း ဦးဆော်ရယ်က “တိုင်းရင်းသားဒေသမှာ ယှဉ်ပြိုင်ရခြင်းရည်ရွယ်ချက်ကတော့ ကျနော်တို့ပြီးခဲ့တဲ့ ရွှေးချယ်တင်မြောက်ပွဲတွေမှာ ကျနော်တို့ပြည်နယ်တွေမှာ အစိုးရပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာ နည်းနည်းလေး ဒေသခံလူမျိုးတွေ နောက်တစ်ခုက ရွှေးချယ်တင်မြောက်တဲ့နေရာမှာ သူ့နေရာနဲ့သူ သဟာဇာတမဖြစ်လို့ အဲ့တာ ကျနော်တို့ပါတီအနေနဲ့ ဒီပြည်နယ်မှာ ပါတီငယ်တွေနဲ့မိတ်ဖွဲ့ပြီးတော့ ကိုယ်စလှယ်လောင်းတွေ ကိုယ့်ဒေသမှာပေါက်ဖွားနိုင်တဲ့ ကိုယ့်အမျိုးသားတွေ များများထွက်လာအောင်ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ လုပ်ရခြင်းဖြစ်ပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

ဗဟိုကော်မတီ၏ညွန်ကြားချက်အရ ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်မြို့နယ်နဲ့ကိုယ်ရွှေးချယ်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာေတော့ ကိုယ်စလှယ်လောင်းများကို ရွှေးချယ်ထားခြင်းမရှိသေးပဲ ချဉ်းကပ်ရုံသာရှိသေးတယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဦးရွှေမန်းကနေပြီး ဦးဆောင်ကာ တည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။
သူရဦးရွှေမန်းသည် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌလည်းဖြစ်ခဲ့ပြီးတော့ လက်ရှိအစိုးရလက်ထက်မှာတော့ ပြည်ထောင်စုလွှတ်တော် ဥပဒရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။

spot_img
spot_img

Recent posts