spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သောက်ရေခပ်ကျေးရွာမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇူလိုင်က ၂၅ ရက်) မနက်မှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာမှာ လိပ်သိုဘက်ကနေ စစ်ကားတွေနဲ့ အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သောက်ရေခပ်မှာရှိနေတဲ့ တပ်မ ၆၀၃ ရွာလယ်ခေါင်မှာရှိနေတဲ့ ကုန်းကို ဒရုန်း၃ စီးနဲ့ စတင်ကြဲချပြီးတဲ့နောက်မှာ ဒီဖက်က ပြန်ပစ်တယ်ပေါ့နော်။ စစ်ကောင်စီဖက်က ပြန်ပစ်တယ်ပေါ့နော်။ ပြည်သူတွေဖက်ရှိနိုင်တဲ့နေရာကို ရမ်းသမ်းပြီး ပစ်တော့ရွာသူရွာသားတွေလည်း ထွက်ပြေးကြပါတယ်ခင်ဗျ ။ သောက်ရေခပ်တစ်ရွာလုံးပေါ့နော်။ အဲ့မှာက ၆၀၃ တပ်ရင်းဗျူဟာကြီး ရှိတယ်ပေါ့နော်”လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဖက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ သောက်ရေခပ်ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်တွေဟာ နီးစပ်ရာ ရွာတွေဖြစ်တဲ့ ထားပူချီးတို့၊ မာဆာခေါတို့ ၊ လိုခါးပလို၊ ထီးသာစော စတဲ့ကျေးရွာဖက်ကို ဆိုင်ကယ်တွေ ကားတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ယခုသီတင်းပတ်အတွင်း လိပ်သို၊ ယာဒိုဘက်ကို အင်အားတွေဖြည့်တင်းနေပြီး ၎င်းတို့နေထိုင်ရာတပ်စခန်းထဲကနေ ပြည်သူတွေရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ကျေးရွာအတွင်း မနေထိုင်ရဲကြတော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ယာဒိုကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ ၁၃ ရက်မြောက်ရှိနေပြီဖြစ်ပေမဲ့ သောက်ရေခပ်ကျေးရွာဘက်မှာတော့ ဇူလိုင်လ ၂၅ ရက်နေ့ မနက်မှစပြီး ထိတွေ့မှုတွေဖြစ်လာတယ်လို့ ပြောပါတယ်။

ကေအဲန်ယူ- တောင်ငူခရိုင် တပ်မဟာ(၂)ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ဒုတိယပတ်ကစ ယာဒိုကျေးရွာတကျော်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယာဒိုဒေသ ဝါသောခိုကျေးရွာနဲ့ တပ်ကုန်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ်ရေ (၃၃)ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ယာဒိုမှာကတော့ လူသိပ်မကျန်တော့ဘူး ထိခိုက်တာတော့ ဝါသောခိုရွာဆို တစ်ရွာလုံးနီးပါး လေယာဉ်နဲ့ခနခန ဗုံးလာကြဲလို့ ပျက်စီးတယ်။ ယာဒိုအုပ်စုထဲရှိနေတဲ့ ကလေတတို့ တပ်ကုန်းတို့ ဝါဘန်းခိုတို့ပေါ့နော နှစ်ဖက်အပြန်အလှန်ပစ်တာရှိမယ် လေယာဉ်လာကြဲတာရှိမယ် သီလရှင်ကျောင်းဆို လုံးဝပျက်စီးတယ် လေယာဉ်လာကြဲလို့ပေါ့နော။” လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၂ လုံး၊ ဒေသခံနေအိမ် (၂၀)လုံး ထက်မနည်း ပျက်စီးခဲ့သလို ဒေသခံ ၂၀၀၀ ကျော်ဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ ကေအဲန်ယူ က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာလည်း စစ်ဘေးရှောင်လူထုအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်း လိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts