spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

သဲဖြူကုန်း စစ်ရှောင်စခန်းမှာ ရာသီဥတုကြောင့် နှာစေး၊ ချောင်းဆိုး အဖြစ်များနေ

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ ရာသီဥတုကြောင့် ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး လက္ခဏာတွေက ယခု သီတင်းပတ်အတွင်း ကလေး၊ လူကြီးအပါအဝင် စစ်ရှောင်တွေမှာ အဖြစ်များတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးထံ ကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ စိတ်ဒဏ်ရာတွေကြောင့် စားမဝင်၊ အိပ်မပျော်ခြင်းနဲ့ နှာစေး၊ ချောင်းဆိုးခြင်း အပြင် ရာသီဥတုကြောင့် ဖျားနာနေကြတယ်လို့ လည်း တပ်မံပြောပါတယ်။

” အခုက ငှက်ဖျားလား ဘာလား မသိဘူး။ နှာစေး၊ ချောင်းဆိုးနေကြတယ်၊ ကလေးရော၊ လူကြီးရော ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာပေါ့ မပျောက်သေးဘူး။ တချို့ကျတော့ ပျောက်ပြီထင်ကြတယ် ပျောက်လိုက် ပြန်ဖြစ်လိုက်၊ ကူးစက်နေကြတယ်၊ အဓိက နှာစေး၊ ချောင်းဆိုးပေါ့။ ဘယ်လိုပြောရလဲတော့မသိဘူး၊ ငှက်ဖျားပဲလား ဘာရောဂါလဲတော့ မသိဘူးပဲ။”လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ယခု စက်တင်ဘာလ လဆန်းပိုင်း အတွင်းမှာတော့ မိုးရွာသွန်းမှု ရက်ဆက်နေပြီး ရောဂါ ကူးစက် ပြန့်နှံ့မှုမြန်တဲ့ အချိန်ကာလဖြစ်နေတယ်လို့လည်း အဆိုပါ အမျိုးသမီးကပြောပါတယ်။ လက်ရှိ သဲဖြူကုန်း စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကိုသာ မှီခိုအားထားရတာဖြစ်ပြီး ဆေးဝါးတွေအပြည့်အစုံ မရှိဘူးလို့ သိရပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာတော့ စစ်ဘေးရှောင် အိမ်ခြေ (၁၀၀) ကျော် ရှိနေပြီး စစ်ရှောင်လူထု စုစုပေါင်း (၉၀၀) ကျော် ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts