spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သံလွင်ကို လွတ်လပ်စွာစီးဆင်းစေရန် အတွက် ဖားဆောင်းမြို့တွင် စည်းရုံးလှုံ့ဆော်

Author

Date

Category

ဖဲဘူး

သံလွင်မြစ်ကို လွတ်လပ်စွာစီးဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် ဖားဆောင်းမြို့ တွင် ကလျာဏမိတ္တ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်ပြီး “သံလွင်ပွဲတော်” ကိုပြုလုပ် ခဲ့ကြပါတယ်။

“တခြားနိုင်ငံတွေရဲ့ဥပမာကို ကျနော်တို့ကြည့်မယ်ဆိုရင် တော့လည်း ဒီရေကာတာကြီးတွေကို ဆောက်တဲ့ဆိုးကျိုးတွေ ၊ မြစ်ဝှမ်းဒေသတွေမှာသွားပြီးတော့ စက်မှုဇုံတွေလုပ်လိုက်လို့ pollution( ညစ်ညမ်းမှု) တွေဖြစ်ခဲ့တာတွေ ၊ မြန်မာနိုင်ငံမှာဆိုရင် စစ်တောင်းမြစ်မှာဆိုရင် ငါးသလောက်တွေမျိုးတုန်းတဲ့အထိ ဖြစ်ခဲ့တဲ့အဖြစ်ဆိုးတွေရှိ ခဲ့ဖူးတယ်လေ။ ဆိုတော့ ဒီသံလွင်မြစ်ကိစ္စကို လည်းကျနော်တို့အရမ်းစိုးရိမ်တယ်” ကလျာဏ မိတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဘိုဘိုလွင် ကပြောပါသည်။

စွမ်းအင်အရင်းမြစ် ထုတ်လုပ်နိုင်ရေးအတွက် သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက် ရန်အတွက် စစ်အစိုးရလက်ထက် အပြင် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း သဘောတူ လက်မှတ်ရေးထိုးတာမျိုးရှိခဲ့တာပါ။
လက်ရှိကယားပြည်နယ်မှာတော့ ရွာသစ် အနီးသံလွင်မြစ်ပေါ်ရေကာတာ တည်ဆောက်ဖို့ လည်းရှိနေပါတယ်။

“ရွာသစ်ဆည် တည်ခြင်း၊ မတည်ခြင်း အပြင် ကျနော်တို့အထက် ရှမ်းပြည်နယ်မှာ လုပ်ရင်လည်း ကျနော်တို့ အောက်မှာ ရေလမ်းကြောင်းပြောင်း မှု ၊ ရေအတက်အကျ မမှန်မှုတွေကြောင့်မလို့ ကျနော်တို့ပြည်နယ်က ခံရမှာဖြစ်သလို ဟတ်ကြီးဆည်ဆောက်လိုက်မယ်ဆိုရင် ရေတက်လာမယ်ဆိုရင်လည်း ကျနော်တို့ပြည်နယ်ထိပါတယ်။” လို့ (Lain technical Support group – Board member) ကျော်ထင်အောင် ကပြောပါတယ်။

လက်ရှိမှာ ကယားပြည်နယ် တွင်းက ရွာသစ်ဆည်ကို တည်ဆောက်လိုက်မယ်ဆိုရင် သံလွင်မြစ်ဘေး က ရွာတွေ ရွေ့ပြောင်း ပေးရမှာ ဖြစ်ပါတယ်။ သံလွင်မြစ်ပေါ်စီမံကိန်းတွေရဲ့ အကျိုးဆက်ကို လူတွေသာမကပဲ မြစ်ကို မှီခိုနေတဲ့ ရေနေသတ္တဝါတွေအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ဆိုပါတယ်။

ဘိုဘိုလွင်က “သံလွင်မြစ်မှာလည်း မဲခေါင်မြစ်ကဲ့သို့ပဲ တန်ဖိုးထားသင့်တဲ့ ငါးမျိုးစိတ်တွေအများကြီးရှိတယ်။ အဲတော့ ဆည်ဆောက်မယ်ဆိုရင်တော့ သေချာတာကတော့ ရေလွဲဧရိယာ အကြီးကြီးဖြစ်လိမ့်မယ်။ ဘာဖြစ်လဲဆိုရင် ရေစီးလည်းသန်တယ်ကော။ ဆိုတော့ ရေမြုပ်ဧရိယာကို တွက်ချက် တာလည်း အရမ်းကြီးတော့ သစ်တောတွေအများကြီးထပ်ပါအုံးမယ်။ တခါ အောက်ခြေက စီးဆင်းမှု အတွက်ကတော့ ပထဝီ မြေအနေထား ကြောင့်မလို့ မြေငလျှင် ကြော.. ဥပမာ ရွာသစ်ဆည်လို မျိုးမှာများတခုခု ဖြစ်လို့ကတော့ ဖားဆောင်းကတော့ မသက်သာဘူးလေ။” လို့ ပြောပါတယ်။

လက်ရှိ ကယားပြည်နယ်မှာ ရေကာတာတည်ဆောက်ဖို့အတွက် သံလွင်မြစ်ပေါ်က ရွာသစ် ရေကာတာတခုနဲ့ ပွန်ချောင်း ပေါ်မှာ ရေကာတာစီမံကိန်း ၅ခုထိရှိနေတယ်လို့သိရပါတယ်။
ဇန်နဝါရီလ ရ ရက်နဲ့ ၈ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ သံလွင်ပွဲတော်မှာ သံလွင်မြစ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ကို ဆွေးနွေးချပြတာ၊ စာရေးဆရာတွေက လည်း သံလွင်နှင့်ဆိုင်တဲ့ စာပေဟောပြောမှု တွေ၊ တက်ရောက်လာသူ လူငယ်တွေက သီချင်းသီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts