spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သံလွင်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း- ကရင်နီနယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ မယ်စဲ့မြို့မရဲစခန်းကို ကရင်နီတပ်မတော် (KA) ၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ မနက်စောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ် က ပြောပါတယ်။

“ဟုတ်တယ် ဖြစ်တယ်။အတည်ပြုလို့ရတယ်။ တောင်လှဆိုတာ BP- 14 ၊ 15 ဖက်လေ သံလွင်အရှေ့ဘက်ခြမ်းပေါ့။ သူတို့(စစ်ကောင်စီ) စခန်းထိုင်တယ် ကျနော်တို့သွားတိုက်တာ ဖြစ်မှာပေါ့ စခန်းကျသွားတာဆိုတော့ ကျနော်တို့သွားတိုက်တာပဲရှိမယ်။ တောင်လှစခန်းဆိုတာ လက်နက်ကြီးတွေရှိတယ် ရိက္ခာဂိုဒေါင်တွေရှိမယ် ခဲယမ်းဂိုဒေါင်တွေရှိတဲ့ စခန်းမျိုးဖြစ်မယ်ထင်တယ်။ ရိက္ခာတို့ လက်နက်ခဲယမ်းရှိတဲ့စခန်းပေါ့။” လို့ ဝန်ကြီးခူးညေးရယ် က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေဆီကနေ လက်နက်ခဲယမ်းရရှိပြီး အကျအဆုံးများတယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ လေယာဉ်လေးစီးကနေ လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိခဲ့တာကြောင့် အကျအဆုံးများနိုင်တယ်လို့ ယူဆရတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

သိမ်းပိုက်နိုင်ခဲ့တဲ့ တောင်လှစခန်းဟာ သံလွင်အရှေ့ဘက်ခြမ်းရှိ BP- 14 ၊ 15 ဖက်မှာတည်ရှိပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ရိက္ခာဂိုဒေါင်စခန်းဖြစ်တယ်လို့ သိရပါတယ်။ မယ်စဲ့မြို့မရဲစခန်းကတော့ BP -13 ဂိတ်နဲ့ နီးပြီး လုံခြုံရေးအင်အား မများဘူးလို့ ‌ဒေသခံတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီဟာ မယ်စဲ့မြို့မရဲစခန်းနဲ့ မြို့ပေါ်နေရာတချို့သာ ထိန်းချုပ်ထားနိုင်ပြီး ဒေသခံတော်လှန်ရေးလက်နက်ကိုင်အုပ်စိုးထားတဲ့ နေရာတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့တပ်စခန်းသိမ်းပိုက်နိုင်မှုနဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

spot_img
spot_img

Recent posts