spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သွားလာရခက်ခဲတဲ့ စစ်ရှောင်စခန်းလမ်းကို ကိုယ်ထူကိုယ်ထပြုပြင်နေရ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုမှာ မိုးရာသီကြောင့် လမ်းပျက်စီးတာတွေရှိနေပြီး အသွားအလာ ခက်ခဲတဲ့အတွက် စစ်ရှောင်တွေ ကိုယ်တိုင် ကိုယ်ထူကိုယ်ထ လမ်းပြုပြင်တာ ပြုလုပ်ခဲ့ကြပါတယ်။

“ကျမတို့ရွာပြန်ဖို့အတွက် ဒါမှမဟုတ် ချယ်ရီကုန်းဖက်သွားဖို့အတွက်ဆို ကျမတို့ကအဲ့ဒီလမ်းပဲသုံးရတယ်။ အဲ့ဒီလမ်းကအဆင်မပြေဘူး တအားချော်တယ်။ လမ်းကတော့အဟောင်းပဲပေါ့။ ဒါပေမယ့် ကျမတို့သွားဖို့လာဖို့အဆင်မပြေဘူး။ ငွေကြေးလည်းအခက်အခဲရှိပါတယ်။ ” လို့ စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲ့ဒီလမ်းကတော့ စစ်ရှောင်တွေ သွားလာတာတွေ၊ စားနပ်ရိက္ခာတင်ပို့တာတွေ မှာ အသုံးပြုနေကြရပါတယ်။ မိုးရာသီ လမ်းချော်တဲ့အတွက်ကြောင့် မော်တော်ကားနဲ့ ဆိုင်ကယ်တွေ မောင်းနှင်လို့မရတဲ့အတွက် အရေးပေါ်အခြေအနေတွေမှာ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ကိုယ်ထူကိုယ်ထလမ်းပြုပြင်နေကြတဲ့ စစ်ရှောင်များ။
ကိုယ်ထူကိုယ်ထလမ်းပြုပြင်နေကြတဲ့ စစ်ရှောင်များ။
ကိုယ်ထူကိုယ်ထလမ်းပြုပြင်နေကြတဲ့ စစ်ရှောင်များ။

လမ်းအဟောင်းကိုပြုပြင်ဖို့ ရည်ရွယ်ထားတာကြာပြီဖြစ်ပေမယ့် လိုအပ်တဲ့ ကုန်ကြမ်းတွေကိုဝယ်ယူဖို့ ငွေကြေးမရှိတာကြောင့် မခင်းနိုင်သေးပဲ အခုအခါမှာတော့ စစ်ရှောင်အတွက် လှူပေးထားတဲ့ရန်ပုံငွေထဲကနေ တစ်ဆင့် လမ်းပြုပြင်ဖို့အတွက် အနည်းငယ်သုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေ ကိုယ်ထူကိုယ်ထပြုပြင်ထားတဲ့လမ်းဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် လမ်းရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုသာ ပြုပြင်နိုင်သေးတယ်လို့ ပြောပါတယ်။ ပြီးစီးတဲ့အထိဆောင်ရွက်ဖို့ ငွေအင်အားနဲ့လိုအပ်တဲ့ ကုန်ကြမ်းတွေ လိုအပ်နေဆဲလို့ ဆိုပါတယ်။

အဲဒီစစ်ရှောင်စခန်းကသူတွေဟာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့တာ ၅လကျော်ရှိနေပါပြီ။ လက်ရှိအချိန်ထိ ဒေသခံပြည်သူနှစ်သိန်းကျော်ဟာ စစ်ရှောင်နေရဆဲဖြစ်ပါတယ်။

spot_img
spot_img