spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သွေးလွန်တုပ်ကွေး အကြောင်း (အင်တာဗျူး)

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး အဖြစ်များလာတယ်လို့ သိရှိရပါတယ်။ သွေးလွန်တုပ်ကွေးဟာ ကလေးတွေမှာ အဖြစ်များပြီး အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တဲ့ အထိ ဖြစ်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အဖြစ်များလာတဲ့ သွေးလွန်တုပ်ကွေးရောဂါရဲ့ ရောဂါလက္ခဏာနဲ့ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဒေါက်တာပြည့်ဖြိုးကျော်ကို ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ဘာကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ရတာလဲ။
ဖြေ – ခြင်ကိုက်ခြင်းက တစ်ဆင့် ဖြစ်တယ်ပေါ့လေး။ အဲလိုပဲ ကူးစက်တာပေါ့နော။ ပိုးမွှားသယ်ဆောင်ထားတဲ့ ခြင်ကနေကိုက်ခြင်းအားဖြင့် ကူးစက်တယ်ပေါ့။ ခြင်မှာမှ ခြင်ကျားပေါ့လေးနော်။ နေ့ခင်းဖက်တွေမှာ အကိုက်များတဲ့ ခြင်ကျားအကိုက်ခံရတာကနေပြီးတော့မှ ကူးစက်တယ်ပေါ့နော။ ငှက်ဖျားပိုးကို သယ်ဆောင်တဲ့ ခြင်နဲ့ အမျိုးအစားမတူဘူးပေါ့။

မေး – ရောဂါလက္ခဏာတွေက ဘာတွေလဲ‌။
ဖြေ – ရိုးရိုးဖျားမဟုတ်ပဲနဲ့ပေါ့ အဖျားကြီးမယ်‌ပေါ့‌လေးနော။ အဖျားကြီးမယ် နှစ်ရက်ထက်ပိုပြီးတော့ ဖျားမယ်လေ။ ကိုက်ခဲမယ် ။ ခေါင်းမူး‌၊ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်၊ အဆစ်အမြစ်တွေ နာမယ်။ အန်တတ်တယ်ပေါ့နော။ ပျို့ချင်တယ် အန်ချင်တယ်။ အဲတာလေးတွေကတော့ ပုံမှန်တုပ်ကွေးရောဂါမှာ ဖြစ်တဲ့ လက္ခဏာမျိုး၊ အလားတူ လက္ခဏာမျိုးမှာပဲ သူလည်း အဲလိုဖြစ်တယ်ပေါ့။ ထူးခြားအချက်တွေကတော့ သူကတော့ အဖျားကြီးတာလေးကတော့ နဲနဲ ထူးခြားမယ်ပေါ့နော။

မေး – ဘယ်လိုနေရာ ဒေသမျိုးမှာ အဖြစ်များလဲ။
ဖြေ – နေရာတိုင်းမှာ ဒီကောင်ကတော့ ရှိတယ်။ သွေးလွန်တုပ်ကွေးသယ်ဆောင်တဲ့ ပိုးတွေကရှိတယ်။ သူတို့တွေက ခြင်ကနေတစ်ဆင့် ကူးစက်တာဆိုတော့ ခြင်နှိမ်နင်းရေး အားနည်းတဲ့ နေရာတွေမှာဆိုရင်တော့ ပြန်ပြန်ထကြွလာတတ်တယ်။ နှစ်စဉ် မိုးရာသီမှာတော့ဖြစ်တယ်။

မေး – ရောဂါအဆင့်သတ်မှတ်တာတွေရှိလား ( ဘယ်လိုသတ်မှတ်ထားလဲ)။
ဖြေ – သွေးလွန်တုပ်ကွေးမှာ အလွယ်မှတ်ရင် အဆင့် ၄ ဆင့် ရှိတယ်ပေါ့နော။
( အဆင့် ၁) သွေးလွန်တုပ်ကွေးပိုးကြောင့် ဖျားမယ်ပေါ့နော။ သူကအဖျားကြီးမယ်။ ဖျားတာနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ အထူးအခြား သိပ်ပြီးတော့ ပြမှာမဟုတ်ဘူး။
(အဆင့် ၂) နှာခေါင်းသွေးယိုလာတာလေးတွေ သတိထားမိတတ်တယ်။ အညိုရောင် ကော်ဖီရောင်အန်တာတွေ၊ ဝမ်းမည်းမည်း သွားတာလေးတွေ သူကသတိထားမိတတ်တယ်။ ပြီးအဲ့ တစ်ပြိုင်နက်တည်းမှာပဲ အနီစက်လေးတွေတွေ့ရတာပေါ့နော။ အဲလိုမျိုးလေးတွေ။ ပြီး ဗိုက်အောင့်တတ်တယ်ပေါ့နော။ အန်တတ်တယ် ပျို့တယ် အန်တယ်။ ဒါလေးတွေရှိမယ်။ အဆင့် ၂ မှာ သွေးထွက်တဲ့ လက္ခဏာတွေပေါ်လာတတ်တယ်ပေါ့နော။

(အဆင့် ၃) သွေးလန့်တဲ့ အဆင့်ပေါ့နော။ ရှော့ခ် မရောက်ခင် အဆင့်။ ရှော့ခ် မရောက်ခင်အဆင့်ကျ ဘာတွေဖြစ်လာလဲဆိုတော့ ကလေးက ခြေဖျား လက်ဖျား‌ အေးလာလိမ့်မယ်။ အဲတာတွေကလည်း ချက်ချင်းမဖြစ်ဘူးနော။ တစ်ရက်ပြီး တစ်ရက်ပေါ့နော ဖြစ်မယ်နော။ အဖျား သုံးရက်လောက်ကနေစပြီးမှ ဖြစ်လာတတ်တာပေါ့။

(အဆင့် ၄) ခုန သွေးလွန်တုပ်ကွေးလည်း ရှိထားမယ်။ ရှေ့မှာ နှာခေါင်းသွေးယိုတာလေးတွေလည်း ရှိမယ်။ အဆင့် ၂ လည်း ဝင်ထားပြီးပြီ။ ၃ ကိုကူးသွားတဲ့ အဆင့်ကျတော့ ‌သွေးလန့်တဲ့ အဆင့်ဆိုတော့ ဒါသွေးပေါင်လေးတွေ ဝုန်းခနဲ ကျချင်နေပြီ။ ခြေဖျား လက်ဖျားအေးမယ်။ ကလေးက အတော်အတန်မှိန်းမယ်။ သွေးပေါင်ကျစပြုတယ် ။ရှော့ခ် ရတဲ့ အဆင့်ထိလောက်ထိ မကျသေးဘူးပေါ့။ အဲ့ အဆင့် မတိုင်ခင်မှာ သတိထားမိဖို့ အရေးကြီးတယ်ပေါ့။ အဲဒီအဆင့်ကို မသိလိုက်ဘဲနဲ့ သွားလိုက်မယ်ဆိုရင်တော့ ရှော့ခ် အဆင့် ဖြစ်သွားမယ်။ သွေးပေါင်တိုင်းမရတော့တဲ့ အဆင့်ထိ‌ ရောက်သွားမယ်။ အချိန်မီကုသမှု မရ‌လောက်တော့ဘဲနဲ့ ဆုံးသွားတာတွေ၊ အဲလိုတွေ ကြုံရတယ်ဆိုတာ အဆင့် ၄ ဖြစ်တာပေါ့နော။ ရှော့ခ် ရတဲ့ အဆင့်ပေါ့နော။

မေး – ကလေး နဲ့ လူကြီး မှာ ဘယ်သူကပိုအဖြစ်များလဲ။
ဖြေ – ကလေးတွေမှာ အဖြစ်များတယ်။ လူကြီးက မဖြစ်ဘူး မဟုတ်ဘူး။ လူကြီးတွေမှာလည်း ဖြစ်တယ်။ လူကြီးတွေမှာကျတော့ စိုးရိမ်ရတာတွေ မရှိဘူးပေါ့။ ကလေးတွေမှာကျတော့ အသက်သေတဲ့ အထိဖြစ်တတ်တယ်ပေါ့နော။

မေး – ရောဂါကာကွယ်နိုင်တဲ့ နည်းကဘာတွေဖြစ်မလဲ။
ဖြေ – ကျတော်တို့နိုင်ငံ အနေအထားနဲ့ ကာကွယ်နိုင်ဖို့ဆိုတာကတော့ ဒီခြင်ကိုက်မခံရ‌အောင် ကာကွယ်ခြင်း က နံပါတ် ၁ အရေးကြီးဆုံးပဲ။ ကလေးတွေကို ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော။ ခြင်ထောင်နဲ့အိပ်ဖို့ ခြင်နှိမ်နင်းဖို့ ‌ပေါ့နော။ ခြင်နှိမ်နင်းဖို့ဆိုတာ ပိုးလောက်လမ်း အဆင့်ကတည်းက နှိမ်နင်းနိုင်ဖို့ လိုတာပေါ့။ ဥပမာ ဖုံး၊ သွန်၊ လဲ၊ စစ် တွေလုပ်ရတာပေါ့နော။ ရေရှိတဲ့ကန်တွေဆို ဖုံးထားမယ်။ ဘုရားပန်းတွေဆိုလည်း ဘုရားပန်းလဲတာတွေ၊ ဘုရားပန်းတွေမှာ တချို့ရှိတယ်လေး ရေတွေအိုင်နေတာတွေပေါ့နော။ ပြီး မြောင်းတွေမှာဆိုလည်း ရေတွေရှိတယ်။ ဒါလေးတွေဆိုရင် ရေစီးရေလာကောင်းအောင်၊ မဝပ်အောင် ခြင် မပေါက်ဖွား‌အောင် ကာကွယ်မယ်နော့။ နောက်တစ်ခုကျတေ့ာ တစ်ကိုယ်ရည် ကာကွယ်မှုအနေနဲ့တေ့ာ မိမိကလေးကိုမကိုက်ဖို့ကကျတေ့ာနော ခြင်ပြေးတဲ့ ကပ်ခွာလေးတွေ ကပ်ပေးလို့ရမယ်။ခြင်ထောင်နဲ့အိပ်မယ် နောက်နေ့ခင်းဖက်တွေခါကျရင် ခြင်ထောင်နဲ့ အိပ်မယ်။ အဲလိုလေးတွေရတယ်‌ ပေါ့ နော။

spot_img
spot_img

Recent posts