spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဟိုပုံးမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်အဆင့် အပါအဝင် ၁၆ ဦးသေဆုံး ၊လက်နက်ခဲယမ်း သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ် နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ ၅ ဦး အပါအဝင် ၁၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ PNLA က အသိပေး ထုတ်ပြန်ထားပါတယ်။

“တိုက်ပွဲဖြစ်တော့ သူတို့အလောင်း ၁၆ လောင်း ကျန်ခဲ့တယ်ပေါ့နော်။ သူတို့သေဆုံးတဲ့ထဲမှာ ဗိုလ်မှူး ၂ ဦး ဗိုလ်ကြီး ၃ ဦး ပါတယ်ပေါ့နော်။ လက်နက်တော့ သေနတ်က ၁၅ လက်၊ ဒရုန်းပစ် လက်နက်က တစ်လက်ရယ်၊ ပစ္စတို တစ်လက်ရယ် ပြီးတော့ လက်နက်ခဲယမ်း ကျည်ဆံတွေ သိမ်းဆည်း ရမိတာပေါ့” လို့ PNLA ရဲ့ စစ်ဖက် ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကန္တာရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၊ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက်၊ လက်နက်ခဲယမ်းကျည်ဆံတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA) ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ် က ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်မှုကြောင့် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီကျော် အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဟိုပုံးမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နေရာတွေမှာလည်း စစ်ကောင်စီက လမ်းပိတ်တာ၊ စစ်ဆေးမှု တွေရှိနေတာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့ကိုလည်း PNLA ရဲ့ စစ်ဖက် ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ဒီဟိုပုံး မိုင်းပွန်လမ်းကတော့ လက်ရှိအခြေအနေမှာက‌ စစ်ကောင်စီ လမ်းပိတ် ထားဆဲဖြစ်တယ်လို့ သိရတာပေါ့နော်။ ၅ /၆ ရက်လောက်ရှိပြီပေါ့လေ။ ပြီးတော့ ခရီးသွားတဲ့ သူတွေကို စစ်ကောင်စီနဲ့ ပြည်သူစစ်က သေနတ်နဲ့ ပစ်တာမျိုး သိရတာပေါ့နော်။ ကားတွေပေါ့လေ။ ဆိုတော့ ခရီးသွား လာတဲ့ ပြည်သူတွေအနေနဲ့ လက်ရှိ အခြေအနေက အဲ့ဒီလမ်းမကြီးက သတိထားဖို့လိုတယ်ပေါ့နော်။ အဓိက စစ်ကောင်စီနဲ့ ပြည်သူ့စစ်က အဲ့လိုမျိုး လျှောက်ပစ်တတ်တော့ လမ်းခရီးအခြေအနေကို သေချာ စုံစမ်းပြီးတော့မှ သွားလာကြဖို့ သတိ ဝီရိယနဲ့ သွားလာကြဖို့ ပြောချင်တယ် မေတ္တာရပ်ခံချင်တယ်ပေါ့နော်” လို့ PNLA ရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီ၊ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်ဟာ ခရီးသွားပြည်သူတွေရဲ့ ကားကို ပစ်ခတ်မှု ပြုလုပ်တဲ့ အပြင် ရှမ်းပြည်ကနေ ကရင်နီပြည်ဖက်ကို ပြန်လာတဲ့ ပြည်သူတချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts