spot_imgspot_imgspot_imgspot_img
Saturday, April 19, 2025
spot_imgspot_imgspot_imgspot_img

အကျဉ်းချုံးသာပြုလုပ်ခဲ့ရတဲ့ (၂၀)နှစ်ပြည့် မနုမနော(ကော်ယော်)အမျိုးသားနေ့

Author

Date

Category

နော်ဒွေးအယ်ခူ

နှစ်တစ်နှစ်ရဲ့ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာဆိုရင် ကယားမျိုးနွယ်စု (၉)မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အရေးကြီးပြီး နေ့ထူးနေ့မြတ်ဖြစ်တဲ့ “အမျိုးသားနေ့” ပဲဖြစ်ပါတယ်။

မနုမနော(ကော်ယော)လူမျိုးစုအများစုက ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုနဲ့ ဒိုးလာစော ကျေးရွာအုပ်စုတွေမှာ နေထိုင်ကြပါတယ်။

ဒီနှစ်ကျရောက်တဲ့ အမျိုးသားနေ့ကို မနုမနော (ကော်ယော်) လူမျိုး ဘိုးဘွားတို့ရဲ့ ချက်မြှုပ်ရာမြေဖြစ်တဲ့ ဖွန်ဘော်ခွတ်တောင်ထိပ်မှာ အကျဉ်းချုံးပြီး ပြုလုပ်ကြပါတယ်။ တော်ခူကျေးရွာအုပ်စု၊ဒိုးလာစော ကျေးရွာအုပ်နဲ့ တခြားဒေသတွေမှာနေထိုင်တဲ့ မနုမနော(ကော်ယော်) လူငယ်တွေစုပေါင်းပြီး ပြုလုပ်ကြတာပါ။

ဖွန်ဘော်ခွတ်တောင်ဟာ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အမျိုးသား အမှတ်လက္ခဏာတစ်ခုပါ။ ဒါကြောင့် ဒီနှစ်မှာ ကျေးရွာအသီးသီးက လူမျိူးစု လူငယ်တွေ ပြန်လည်ပေါင်းစည်းဖို့၊ ချစ်ကြည်ရင်းနှီးမှုတွေ ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်တွေက ဖွန်ဘော်ခွတ်တောင်ပေါ်မှာ စုစည်းခဲ့ကြပါတယ်။

spot_img
spot_img
spot_img

Recent posts