spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အခက်အခဲကြားက ကလေးပညာရေးကို ပို့ချသင်ကြားပေးတဲ့ ဆရာ၊ မတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ကမ္ဘာ့ ဆရာများနေ့ ” ပွဲကို ပြုလုပ်ခဲ့

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

လက်နက်ကြီး မကြာခဏကျရောက်တာရှိပေမယ့် ကလေးတွေရဲ့အနာဂတ် မပပျောက်အောင် အခက်အခဲကြားက ပညာရေးအတွက် ပို့ချပေးနေတဲ့ ဆရာ/မ တွေကို အားပေး အသိအမှတ်ပြုတဲ့ အနေနဲ့ အောက်တိုဘာလ ၅ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ဆရာများနေ့” အခမ်းအနား ကို ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

” ဒီ ဆရာ ၊ ဆရာမ တွေက တကယ့်အခက်အခဲတွေကြားမှာ သူတို့ ဘယ်လိုပြောရမလဲ။ တကယ့်စေတနာ အနစ်နာ ခံပြီးတော့ သူတို့ဟာ ကလေးတွေကို စာသင်ပေးနေရတယ်ပေါ့။ နောက်ပြီးတော့ ခုကာလ မှာဆိုရင် တကယ်အခက်အခဲရှိတယ်။ တကယ့် အကြပ်အတည်းကာလပေါ့နော်။ ဒီလိုကာလမှာက သူတို့က ဟို ဘယ်လိုပြောရမလဲ။ ကိုယ်ကျိုးစွန့်ပြီးတော့ သူတို့ကလေး သူတို့ ညီအကို မောင်နှမတွေ အတွက်ကို သူတို့က ကြိုးစားပြီးတော့ စာသင်ပေးနေရတယ် ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ နောက်ပြီးတော့ သူတို့ကို အားပေးတဲ့အနေနဲ့ ဆက်လက်ပြီးတော့ ဒါမျိုး ဆက်လက်ပြီးတော့ ကိုယ့်ကလေး ကိုယ့်ဒေသခံက ညီငယ် ညီမလေးတွေကို ဆက်လက်ပြီးတော့ သင်ကြား ပို့ချပေးဖို့ အားပေးတဲ့အနေနဲ့ ဒီအခမ်းအနားကိုကျနော်တို့ ပြုလုပ်ရခြင်း ဖြစ်တယ်ပေါ့နော် ” လို့ ဆရာ နယ်လ်စင် ကပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ စစ်ကောင်စီလက်အောက်ခံတပ်ရင်းကနေ မကြာခဏပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုရှိနေတာကြောင့် ဒေသခံတွေဟာ တောတောင်ဖက်က စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်နေထိုင်ကြရပြီး ကလေးပညာရေးအတွက် စစ်ဘေးရှောင်စာသင်ခန်းတွေမှာ တစ်နိုင်တစ်ပိုင် သင်ကြားနေရတာရှိပါတယ်။

အဖက်ဖက်က အခက်အခဲကြားမှာ ဆရာ/မ တွေက ပညာရေးကို ဆက်လက်မသင်ကြားပေးနိုင်ဘူးဆိုရင် တိုင်းပြည် တစ်ပြည်ဟာ တိုးတက်မှာ မဟုတ်သလို ကလေးတွေရဲ့ အနာဂတ်လည်း ပျောက်မယ်လို့ စစ်ရှောင်စခန်းစာသင်ကျောင်းမှာ သင်ကြားပေးနေတဲ့ ဆရာမ မော်ကနျားမော်က ပြောပါတယ်။

“ဆရာ/မသာ ကလေးတွေကို မသင်ပေးဘူးဆိုရင် ကလေးရဲ့ အနာဂတ်လည်း ပျောက်မယ် ပညာရေးလည်း လုံးဝ ပျက်ပြယ်သွားမှာပေါ့နော်။ ပျက်သုန်းသွားမယ်။ ပြီးတော့မှ တိုင်းပြည်အတွက် တိုင်းပြည်တစ်ပြည်တိုးတက်ဖို့က ပညာရေးသည် အဓိက။အဲဒီလူသားအရင်းအမြစ်ဆိုတဲ့ကလေးတွေကို စာမသင်ပေးနိုင်ဘူးဆိုလို့ရှိရင်တော့ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့က လုံးဝအဆင်မပြေတော့ပါ။ ပြီးတော့မှ တိုင်းပြည်တိုးတက်ဖို့အတွက်လည်း မရှိတော့ဘူးပေါ့နော။” လို့ ဆရာမ မော်ကနျားမော်က ပြောပါတယ်။

“ကမ္ဘာ့ ဆရာများနေ့ ” အခမ်းအနားကိုတော့ ကရင်နီပြည်တွင်းအပါအဝင် ကရင်နီဒုက္ခသည်စခန်းမှာလည်း ကျင်းပကြပြီး ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုကြတဲ့အစီအစဉ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဆရာများနေ့ဟာ ၁၉၆၆ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ( ILO ) နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ( UNESCO ) တို့က ထောက်ခံတင်ပြချက်ကို အတည်ပြုလက်မှတ်ရေးထိုးတဲ့ အထိမ်းအမှတ်အဖြစ် အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာအသင်းအဖွဲ့များ တက်ရောက်တဲ့ အထူးညီလာခံကြီးက အောက်တိုဘာလ ၅ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ်သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts