Wednesday, January 26, 2022

အခက်အခဲရှိတဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးနေ

Must read

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အခက်အခဲပိုရှိတဲ့ CDM ဝင်တဲ့ အမျိုးသမီး ဝန်ထမ်းတွေနဲ့ မြို့ပေါ်ရပ်ကွက်ထဲက အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးတာတွေပြုလုပ်ပေးတယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့ပေးတဲ့ အစီအစဉ်မှာ ပါဝင်လှုပ်ရှားတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးကတော့ “ ဒီ CDMလုပ်တဲ့ ဝန်ထမ်းတွေ က အမျိုးသမီးထုတွေ အကုန်လုံးပေါ့။ အခက်အခဲ ရှိတဲ့ အမျိုးသမီးထုတွေကို တစ်ထောင့်တစ်နေရာ ကနေပြီးတော့မှ နည်းနည်းလေးထောက်ခံ နိုင်ဖို့ အားရှိမလားဆိုပြီးတော့မှ အလှူခံလိုက်တာ။ ခက်ခဲနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ CDMဝန်ထမ်းအမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ ဆိုပြီးတော့မှ အလှူခံလိုက်တယ်။ ရလာတဲ့ အလှူခါကျတော့ အမျိုးသမီး ဦးဆောင်သူတွေလည်းပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပါတယ်။ အဲ့ဟာတွေ အကုန်လုံး စုပြီးတော့မှ ပြန်ခွဲဝေပေးတဲ့ အပိုင်းလုပ်တယ်ပေါ့နော။ ”

CDMဝင်တဲ့ ပညာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးက လစာမရတော့တဲ့အတွက် အခက်အခဲရှိလာနိုင်ကြောင်း အခုလို ပြောပါတယ်။

“ အခက်အခဲဆိုတော့ အခုလောလောဆယ် ကျမတို့က နေရေး ထိုင်ရေးတော့ အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျမတို့က CDM လုပ်တယ်ဆိုတော့ လစာမပေးဘူးလို့ ပြောတယ်လေ ပညာရေးမှူးက လစာမပေးဘူးဆိုတော့ လစာ မရရင် ကျမတို့က ဘာသွားစားမလဲ ပေါ့နော။ စားဖို့ အခက်အခဲရှိတယ်ပေါ့။ စားဖို့ အခက်အခဲရှိတယ်ဆိုတော့ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်လေ။ ”

ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ တစ်ဦးကို ဆန်တစ်အိတ်နဲ့ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ ကြာဇံစတဲ့ ပစ္စည်း ၇ မျိုး ကို လှူဒါန်းထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ထောက်ပံ့ပေးတဲ့နေရာမှာ CDMဝင်တဲ့ ဌာနငါးခုက အခက်အခဲရှိဆုံး ဝန်ထမ်းတွေနဲ့ ဖရူဆိုမြို့ပေါ် ငါးရပ်ကွက်ထဲက ခက်ခဲတဲ့ အမျိုးသမီးတွေကို လှူဒါန်းထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

အခုလက်ရှိ ဖရူဆိုမှာ ခက်ခဲတဲ့ CDMဝန်ထမ်း ၃၃ ယောက်နဲ့ ငါးရပ်ကွက်ထဲက အမျိုးသမီးထု ၂၂ ယောက် စုစုပေါင်း ၅၅ယောက်ရှိတယ်လို့ သိရပါတယ်။

- Advertisement -
- Advertisement -

Latest article

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-346584808 ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၅ ရက်နေ့ KT FM ရဲ့ အင်္ဂါနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ- လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ-...