spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အခုလုပ်သွားမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အားမခံပေးနိုင်မှု အလွန်အားနည်းလွန်းတယ်”

Author

Date

Category

မော်ဦးမြာ

လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်ဖော်ဆောင်နေမှုနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေအပေါ် တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုသုံးသပ်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူး

မေး ။ ။ ကယန်းမျိုးဆက်သစ် လူငယ်ကနေ ထုတ်တဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” ဆိုတဲ့ စစ်တမ်းစာအုပ်အရ ယခုအစိုးရမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုက ယခင်ကထက် အားနည်းနေတယ်လို့ ဖော်ပြထားတာ ရှိတယ်။ ဆိုတော့ ဆရာ့ရဲ့ အမြင်ကရော ယခု အစိုးရရဲ့ ဖော်ဆောင်မှုက ယခင် အစိုးရထက် အားနည်းတယ်လို့ မြင်ပါသလား။ ဘာကြောင့်လဲပေ့ါ။

ဖြေ ။ ။ လူထုများက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးနှင့်အတူ သူတို့မျှော်လင့်ထားတဲ့ မြေယာ၊ စီးပွားရေး၊ တည်ငြိမ်းမှု တွေပါတယ်။ အဲဒီတော့ အရင်အစိုးရ အပြောင်းအလဲ စလုပ်တော့ လူတွေက သိတင်။ မြင်တယ်။ ဥပမော.. အရင်အစိုးရလက်ထက်မှာ KNPP ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးတော့ လူတွေသိတယ်။ ဒါကြောင့် အဲဒီအစိုးရ လုပ်နိုင်မှုကို လူထုက မှတ်ချက်ပြုလိုက်တာ။ ယခုအစိုးရ လက်ထက်မှာကြတော့ KNPP လိုအဖွဲ့အစည်းမျိုးက NCA ကို ဆက်မထိုးနိုင်ဘူး။ ပြီး စစ်ပွဲငယ် (၂)ခုတောင် ဖြစ်လိုက်သေးတယ်။ ကြေးရုပ်တို့ မြေသိမ်းမှုတို့ ထောင်ကျမှုတို့ များလာတော့ လက်ရှိအစိုးရ လူထုက အမှတ်မပေးဘူး။ ဒါကြောင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စမှာ အရင်အစိုးရ ပိုသာတယ်လို့ သူတို့ မြင်ပုံရပါတယ်။ ကျနော်အမြင်ကတော့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းနဲ့ ဆိုင်တယ်။ အရင်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် ပိုမိုဆွေးနွေး လုပ်ပေးနိုင်ပေမဲ့ အခုဝန်ကြီးချုပ်က အပြစ်တင်တာဘဲ လုပ်နေတယ်။ လူထုအမြင်နဲ့ ကျနော်အမြင်ချင်း တူပါတယ်။

မေး ။ ။ ယခု အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုက NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဘယ်လောက်ထိ ယုံကြည်မှုပိုင်းဆိုင်ရာမှာ အကျိုးသက်ရောက်မှု ရှိနေလဲ။

ဖြေ ။ ။ အစိုးရ သက်တမ်း ပြီးခါနီးမှာ KNU က အစိုးရရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မေးခွန်းထုတ်ထားတယ်။ ရှမ်းတို့ကလည်း မကြိုက်တော့ဘူး။ ဆိုတော့ အစိုးရဦးဆောင်တဲ့ ညီလာခံနှင့် သဘောတူညီချက်အချို့ကိုလည် ဘယ်လိုဆက်သွားမယ်ဆိုတာ မသိနိုင်တော့ဘူး။ လက်မှတ်မထိုးထားတဲ့ KNPP နဲ့ KIO တို့လည်း ဒီဖြစ်စဉ်ကို အားမရတော့ NCA မထိုးဘူး။ဒီလိုအခြေအနေမှာ ယုံကြည်မှု အားအနည်းဆုံးပါ။ ၂၀၂၀ အလွန် အစိုးရသစ်ကို ပိုမျှော်ပြီး လုပ်စရာများကို အဲအတွက် ပြင်နေတယ်လိုဘဲ မြင်တယ်။စစ်တပ်နဲ့ အစိုးရကြားက အားပြိုင်မှုကလည်း ကြီးနေတော့ ငြိမ်းချမ်းရေး အလားအလာ မကောင်းဘူးလို မြင်တယ်။

မေး ။ ။ ဒီကပ်ရောဂါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေက တစ်နိုင်ငံလုံး အပစ်ရပ်ပေးဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ ရခိုင်၊ ချင်းမှာ ဆိုရင် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေဆဲ။ ဒီအပေါ်မှာ အစိုးရကလည်း ငြိမ်နေတယ်လို့ ပြောရမှာပေါ့နော ဒီအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ အစိုးရနဲ့ စစ်တပ်ဟာ ကုလသမဂ္ဂတို့ တောင်းဆိုတဲ့ ပစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ကို အလေးထားမဲ့ ပုံမတွေ့ရဘူး။ အခုလဲ ရခိုင်မှာ စစ်ဖြစ်နေတာဘဲလေ။ တနိုင်ငံလုံး အပစ်ရပ်ပြီး ကောင်းကောင်းဆိုးဆိုး ငြိမ်းချမ်းရေး ဆွေးနွေးတာက ဖြစ်သင့်တဲ့အရဘဲ။ ဒါပေမဲ့ ဒီလိုလက်တွေ့ဆန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဘယ်စစ်တပ်နဲ့ အစိုးရကမှ လုပ်ခဲ့တာ မရှိဘူး။ လုပ်နေတဲ့ ငြိမ်းချမ်းရေးက ဟန်ပြပိုများနေတယ်။

မေး ။ ။ ကျန်ရှိနေသေးတဲ့ သူတို့ရဲ့ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းလမ်းမျိုးနဲ့ အကောင်အထည်ဖော်သွားရင် လူထုအတွက် အကျိုး ရှိလာနိုင်မလဲ။

ဖြေ ။ ။ လက်ရှိသက်တမ်းအကျန်မှာ အစိုးရ ၂၁ ပင်လုံညီလာခံ ခေါ်မယ်လို ပြောထားတယ်။ အခုချိန်မှာ မဖြစ်နိုင်တော့ဘူးနဲ့ တူတယ်။ ကိုဗစ်ပိုင်းရစ်(စ်)ရှိနေတယ်။ ရွေးကောက်ပွဲ လုပ်ရတော့မယ်။ ၂၀၂၀ မှ Election မလုပ်ဖြစ်ရင် ကာလုံလိုမျိုး ခေါ်ရေတော့မယ်။ အဲဒီတော့ ပြဿနာရှိတဲ့ အခြေအနေမျိုးမှာ ထင်သာမြင်သာ ကောင်းမွန်မဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမျိုး မရှိနိုင်ဘူး။ အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ စစ်တပ်ကဘဲ တိုက်ပွဲဖြစ်ချင်တာဖြစ်ဖြစ်၊ ရပ်ချင်တာဖြစ်ဖြစ်၊ ညီလာခံခေါ်မယ် မခေါ်ဘူးဖြစ်ဖြစ် လုပ်နေတယ်။ အစိုးရက ရွေးကောက်ပွဲကို ပိုစိတ်ဝင်စားနေတယ်လိုဘဲ သုံးသပ်လိုတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဆိုတော့ တကယ်လို့များ ၂၁ ညီလာခံက ဆက်ပြီး မလုပ်ဖြစ်တော့ရင် ဆက်လက်အကောင်အထည်ဖော်သွားမဲ့ ငြိမ်းချမ်းရးကို ဘာတွေ၊ ဘယ်လောက်ထိ အကျိုးကသက်ရောက်မှု ရှိစေနိုင်မလဲ။ KNPP ကရော လက်မှတ်မထိုးထားတဲ့အတွက် ဒီညီလာခံမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခွင့်ရမှ ကရင်နီ( ကယား) ပြည်နယ်အတွက် ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲပေါ့။

ဖြေ ။ ။ ဒီတော့ ၂၁ ပင်လုံလုပ်ဖြစ်ရင် KNPP တို့လို ပါခွင့်၊ ကယားပြည်နယ်မှာ အခြားလက်နက်ကိုင်တွေ ရှိတယ်။ ပါခွင့်တို့က လုံးဝမသေချာဘူး။ ပါခွင့်ရှိတာတောင်မှာ အခုလိုအချိန်မျိုးလုပ်နေတဲ့ ၂၁ ပင်လုံညီလာခံကလည်း ဘာမှ ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အခုလုပ်သွားမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အားမခံပေးနိုင်မှု အလွန်အားနည်းလွန်းတယ်။ ရွေးကောက်ပွဲကို အစိုးရက ရှောင်လိုမရဘူးလေ။ ရွေးကောက်ပွဲကျင်းပရင် NLD က ပြန်နိုင်အုံးမှာဘဲ လို့ NLD က ယူဆတယ်လေ။ ဒါကြောင့် သူတို့အတွက် ရွေးကောက်ပွဲက ပိုအရေးကြီးတယ်။

မေး ။ ။ ရွေးကောက်ပွဲကိုပဲ ပိုပြီးစိတ်ဝင်စားတယ်ဆိုတော့ လူထုကရော ဘယ်လောက်ထိ အယုံအကြည်ရှိလာနိုင်ဦးမလဲလို့ ဆရာမြင်ပါသလဲ။ ပြီးတော့ သူတို့ရဲ့ ၂၀၁၅ ကတိကဝတ်ထဲမှာလည်း ငြိမ်းချမ်းရေးကို ဦးစားပေး ဖော်ဆောင်သွားမယ်ဆိုတဲ့အရာလည်း ပါတယ်ပေါ့နော။ ဆိုတော့ သူတို့ရဲ့ ( ငြိမ်းချမ်းရေးအပြင် တခြားသော) ကတိကဝတ်ကို ဖော်ဆောင်နိုင်မှု အတိုင်းအတာ ဘယ်လောက်ထိ ရှိနေပြီလဲပေါ့။

ဖြေ ။ ။ ကရင်နီလူထုများကတော့ ရွေးကောက်ပွဲအတွက် ပြင်ထားဖို့ လိုလိမ့်မယ်လို့ ယူဆတယ်။ ကိုယ်ဒေသအကျိုးနဲ့ အမျိုးသားအကျိုးကို ဖော်ဆောင်ပေးနိုင်မဲ့ ကိုယ်စားလှယ်တွေ ၂၀၂၀ အလွန်မှာ အစိုးရအဖွဲ့တွေမှာ ပါနေဖို့လိုတယ်။ ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို မေးခွန်းထုတ်နေကြပေမဲ့ လုပ်ဖြစ်ခဲ့သည်ရှိသော် လူထုများက အဆင်သင့်ရှိနေဖို့။ မဲနဲ့ ကိုယ်ပါဝင်ရမဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးကိစ္စရပ်များကို ပါဝင်ကြဖို့ တိုက်တွန်းလိုတယ်။

spot_img
spot_img

Recent posts