spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အင်းလေးနှင့် ဘီလူချောင်း ရေကြောင်းခရီးစဉ်လုပ်ငန်းတစ်ခုဖြစ်သည့် မိုးဗြဲရေတံခါးမှာ ပေါက်ပြဲနေ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်စပ်အနီးရှိ မိုးဗြဲရေကာတာ တံခါးသည် ပေါက်ပြဲနေသည့်အတွက် ၎င်းကိုဖြတ်ပြီး ရေကြောင်းခရီးသွားလုပ်ငန်း ဆောင်ရွက်ခြင်းသည် အန္တရာယ်များရှိသည်ဟု ကယားပြည်နယ်မှ လူထုဗဟိုပြုခရီးသွားလုပ်ငန်းများကို လေ့လာသုံးသပ်လျက်ရှိသည့် ကယားပြည်နယ် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ စီမံကိန်းဒါရိုက်တာ ခွန်းမြင့်နိုင်က ပြောသည်။

“မိုးဗြဲရေကာတာကို ဖွင့်ပြီးတော့ နေ့စဉ်ဖွင့်ပြီး ခရီးသွားလုပ်ငန်းကို လုပ်တဲ့ ကိစ္စရပ်ကတော့ ကျွန်တော် တော်တော်ကို အန္တရာယ်ကြီးမယ်လို့ ကျွန်တော်မြင်တယ်။ နံပါတ် ၁ က ကျွန်တော်လည်း အဲ့တံခါးကို ဖြတ်ဖူးတယ်၂၀၁၆က။ ပြည်နယ်အစိုးရအကြီးအကဲတစ်ချို့နဲ့ ဖြတ်ဖူးတယ်။ တံခါးက ပေါက်ပြဲနေတဲ့တံခါးတစ်ချို့ရှိတယ်။ နောက်တစ်ခုကတော့ အဲ့တံခါးက ပေါက်ပြဲနေတဲ့အတွက်ကြောင့် ရေရှည်ဖွင့်ပိတ်လုပ်ဖို့က ဒီတံခါးဘယ်လောက်ခံမလဲပေါ့ အဲ့ဒါစဉ်းစားမိတယ်။˝ဟု ခွန်းမြင့်နိုင်က သုံးသပ်ပြောဆိုသွားပါသည်။

ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ယခုတွင် ဘီလူးချောင်းကို အသုံးပြု၍ ရေကြောင်းခရီးဖြင့် အင်းလေးသို့ ခရီးသွားလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိနေသည်။

မိုးဗြဲရေကာတာ မြင်ကွင်းတခု (ဓါတ်ပုံ – Myanmar President Office (Facebook))

ဘီလူးချောင်းကိုအသုံးပြု၍ ရေကြောင်းခရီးသွားလာသည့်လုပ်ငန်းမှာ အစိုးရမှ ဖော်ဆောင်နေသည်မှာ မကြာသေးပေ။ ဘီလူးချောင်းမှတစ်ဆင့် မိုးဗြဲရေတံခါး၊ ၎င်းမှတစ်ဆင့် အင်းလေးသို့ ဆက်လက်သွားကြသည်။ ထို့အပြင် နေ့စဉ်ရေတံခါးကို အဖွင့်အပိတ်လုပ်သည့်အချိန်တွင် ဘီလူးချောင်းရေနှင့် မိုးဗြဲရေကို ချိန်ခွင်လျှာကဲ့သို့ ညီညီမျှမျှပြုလုပ်ရသည့်အတွက် မိုးဗြဲရေသိုလှောင်နိုင်သည့် ပမာဏမှာ တည်ငြိမ်မှုမရှိတော့မည်ကို စိုးရိမ်ရကြောင်းနှင့် ၎င်းချောင်းဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေးခင်းများတွင်လည်း ပြဿနာဖြစ်နိုင်ကြောင်း သိရသည်။

̏ ရေတံခါးဖွင့်တဲ့ ခရီးစဉ်တော့ အကို ကလက်မခံချင်လို့ ဝန်ကြီးချုပ်ကိုတော့ အကြံပြုခဲ့တာပဲ။ အင်းလေးကလှေ ရေတံခါးနားအထိလာ၊ ဧည့်သည်က ဆင်း၊ ပြီးရေတံခါးကိုလေ့လာ။ လွိုင်ကော်လှေက လာစောင့်ပြီး ဆက်သွား အဲ့လိုဆို ၂ဖက် ရှမ်းကယား အလုပ်အကိုင်လည်းရ ခရီးစဉ်လည်း ဖြစ်ပေါ့။ ခုက ရေတံခါး ဖွင့်လိုက်၊ ပိတ်လိုက် ကြာရင် မကောင်းဘူူးလေ။ တစ်ခါဖွင့်ရင် ၁နာရီနီးနီး ကြာပြီး အန္တရာယ်လည်းများတယ်။ အကို ကိုယ်တိုင် သွားပြီးပြီလေ။ ပြီးတော့ ရေတံခါးက သက်တမ်းကြာနေပြီ၊ မလုပ်စေချင်ဘူး။ အစိုးရနဲ့ ဟိုတယ် ခရီးက အရမ်းလုပ်ချင်နေတာ အကိုကတော့ မလုပ်ဘူး။ သွားချင်သူ ရှိလည်း ခုနကလို သွားမယ် ခရီးသွား ကုမ္ပဏီတွေကို ပြောပြထားတယ် သူတို့လည်း သဘောတူတယ်˝ ဟု ကယားပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ကိုနေမိုးအောင်က ပြောသည်။

ခရီးသွားလုပ်ငန်း လုပ်ဆောင်ရာတွင် ခရီးသွားများ၏ သွားလာရေးလုံခြုံမှုသည် ပထမဦးစားပေးဖြစ်သည့်အတွက် အစိုးရအာမခံချက်မရှိသည့် ခရီးစဉ်များကို ခရီးသည်များကို မပို့ဆောင်ပေးကြောင်း ကိုနေမိုးအောင်က ပြောသည်။ ထိုနည်းတူ မိုးဗြဲရေတံခါးသည်လည်း နေ့စဉ်ခရီးသွားများ ရှိသည့်အလျှောက် အဖွင့်အပိတ်လုပ်လျှင် အချိန်မရွေး အန္တရာယ်ရှိနိုင်သည့်အတွက် အစိုးရမှ အာမခံချက်ပေးလျှင် ခရီးစဉ်ဆွဲမည်ဖြစ်ကြောင်း ကိုနေမိုးအောင်က ပြောသည်။

ရေတံခါးမှာ အခြေအနေမည်သို့ ရှိနေသည်ကို သက်ဆိုင်ရာမှ ပွင့်လင်းစွာ ချပြပေးရန် လိုကြောင်းကိုလည်း ဆက်ပြောသည်။

̏ အင်းလေး လောပိတနဲ့ ခရီးစဉ်လုပ်တဲ့အကြောင်း လုပ်လို့ရတယ်။ ဒါပေမယ့်ရေလမ်းနဲ့တော့ အဆင်မပြေနိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ဖြစ်လာရင်လည်း ပြည်သူလူထုရဲ့ ကန့်ကွက်မှုတွေ အကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကန့်ကွက်မယ်။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ သူကတော့ပြောတယ် ပြုပြင်မွမ်းမံပြီးလုပ်မယ်လို့။ ဒါပေမယ့် ကြံ့ခိုင်အောင် ဘယ်လောက်ပဲလုပ်လုပ် ရေရဲ့ သိုလှောင်နို်င်မှုပမာဏနဲ့ စီမံခန့်ခွဲရတဲ့ အခန်းကဏ္ဍက သွားပြီးတော့ ယိမ်းယိုင်ပျက်စီးသွားနိုင်တယ်။ ရေရှည်ဆို။˝ဟု ခွန်းမြင့်နိုင်က ဆိုသည်။

ရေတံခါးကို အဖွင့်အပိတ်လုပ်မည့်အစား လွိုင်ကော်မှ မိုးဗြဲထိ လှေနှင့်သွားပြီး လမ်းဆင်းလျှောက်ခြင်း၊ ဖယ်ခုံမှအင်းလေးထိ စက်လှေဆက်စီးခြင်းကဲ့သို့သော ခရီးစဉ်များ လုပ်ဆောင်လျှင် ပိုမိုသင့်လျော်ကြောင်း ခရီးသွားပို့ဆောင်ရေး ကုမ္ပဏီများက ပြောသည်။ မိုးဗြဲရေကာတာကို ၁၉၆၈ခုနှစ်ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၁ခုနှစ် စက်တင်ဘာလ(၃၀)ရက် တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

မိုးဗြဲရေကာတာသည် ကယားပြည်နယ်အတွင်းရှိ ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် အဓိက ရေလှောင်ကန်ကြီးဖြစ်သည်။ အင်းလေးကန်မှ မြစ်ဖျားခံသော ဘီလူးချောင်းသည် လွိုင်ကော်မြို့ကို ဖြတ်သန်းကာ လောပိတတွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖြန့်ချိ ပေးနေသည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။

လောပိတဓာတ်အားစက်ရုံတွင် (၂၀)မဂ္ဂဝပ်ရှိသော စက် ၅လုံးကို တစ်နှစ်ပတ်လုံး လည်စေနိုင်ခြင်း၊ (၂) ရေကာတာအောက်တွင် ဧက-၂၀၀၀ဝ ခန့်အား တစ်နှစ်ပတ်လုံး စိုက်ပျိုးစေနိုင်ခြင်း၊ (၃) လွိုင်ကော်မှ အင်းလေးအထိ ရေစူး၄-ပေရှိ ရေယာဉ်များ သွားလာနိုင်ခြင်း၊ (၄) မိုးဗြဲနှင့်လွိုင်ကော်ကြား ဘီလူးချောင်း၏တဘက်တချက်ရှိ လယ်မြေများတွင် နှစ်စဉ်ကြုံတွေ့လျှက်ရှိသော ရေမြှုပ်ခြင်းဘေးမှ ကင်းစေနိုင်ခြင်း၊ (၅) ရေလှောင်ကန်အတွင်း ငါးမွေးမြူစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်ဟု သိရသည်။

spot_img
spot_img

Recent posts