spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အင်အား ၅၀၀နဲ့ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီစစ်ကြောင်း ဆီဆိုင် – မိုးဗြဲ – လွိုင်ကော် လမ်းဆုံကို ရောက်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကနေ အင်အား ၅၀၀ နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ဆီဆိုင် – မိုးဗြဲ – လွိုင်ကော် လမ်းဆုံကို ‌ရောက်ရှိနေပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာတော့ အဲ့ဒီနေရာကို တပ်ဖြန့်နေရာယူထားတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“ဆီဆိုင်ကနေ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ကယန်းသာယာလမ်းခွဲပေါ့နော။ ဆီဆိုင်၊ မိုးဗြဲ၊ လွိုင်ကော် လမ်းခွဲတဝိုက်ကို ရောက်လာပြီပေါ့နော။ အဲဒီစစ်ကြောင်းက အဲဒီအနီးအနားတစ်ဝိုက်မှာ စစ်ကြောင်းတွေဖြန့်ထားတာရှိတယ်။ စစ်ကြောင်းကတော့ ဘယ်ဘက်ကိုဦးတည်လဲတော့ ပြောရခက်ပါတယ်။ ဒီလမ်းဆုံ လမ်းခွမှာဖြစ်တဲ့အတွက် ဒီမိုးဗြဲ ဘက်ကိုလည်း ဦးတည်နိုင်သလို လွိုင်ကော်ဘက်ကိုလည်း ပြန်ဝင်နိုင်ခြေရှိတယ်ပေါ့နော။ အဲဒါနောက်ပြီးတော့မှ နန်းမယ်ခုံတို့ ဘက်အထိကိုလည်း သွားဖို့ ဖြစ်နိုင်တယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ခေတ်မှီဒရုန်းတွေနဲ့ ဝေဟင်ကိုပါ အသုံးပြုပြီး စစ်ကြောင်းထိုးနေတဲ့ ပုံစံဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ကြိုကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့လို့ KNDF က ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကရင်နီပြည်မှာ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ဖြစ်နိုင်တယ်လို့ တာအယ်စိုးက သုံးသပ်ပြောဆိုပါတယ်။

“စစ်ကောင်စီဘက်က ဒီလိုမျိုး စစ်ကြောင်းထိုးလာတာကတော့ သူတို့ ၁၁၁၁ စစ်ဆင်ရေးတုန်းက ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ စခန်းတွေ သူတို့ရဲ့ တပ်စွဲတဲ့နေရာတွေကို ဒါပြန်လည်ပြီးတော့မှ သိမ်းပိုက်ချင်တဲ့ ပုံစံမျိုးဖြစ်တယ်ပေါ့နော။ အဲဒီတော့ သူတို့ကတော့ လွိုင်ကော်မြို့ဘက်ကိုလည်း စစ်ကြောင်းထိုးနိုင်တယ်။ နောက်ပြီးတော့ ဒီမိုးဗြဲတို့ နန်းမယ်ခုံတို့အထိပေါ့နော။ သူတို့လက်လွှတ်ခဲ့ရတဲ့ မြို့တွေကို ပြန်သိမ်းဖို့လည်း စစ်ကြောင်းထိုးနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်ပေါ့နော။ သူတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကိုပြန်ရဖို့ စစ်ကြောင်းထိုးတာမျိုး ဖြစ်နိုင်ပါတယ်ဗျ။ “ လို့ သူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လကုန်ကတည်းက ဆီဆိုင်မြို့နယ်ကို ရောက်ရှိလာပြီး မေလ ဒုတိယပတ်မှာတော့ ကရင်နီပြည်နယ်အတွင်းကို စစ်ကြောင်းဝင်နိုင်ဖို့အတွက် ရှမ်းပြည်နယ်၊ ဖယ်ခုံ – မိုးဗြဲ – ပင်လောင်း နဲ့ ဆီဆိုင် – ထီးစဲခါး လမ်းကြောင်းကနေ ဝင်ရောက်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts