spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်များသည် တိုင်းရင်းသား လူနည်းစုကို ဖိနိပ့် ချိုးနိုမ်ပြီး ဖြိုခွဲနေသည့် သဘောဆောင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်၏ အစိုးရသွားနေသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များသည် တိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်ချိုးနှိမ်ပြီး ဖြိုခွဲရာရောက်သည်ဟု သုံးသပ်မိကြောင်း ကရင်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက ကန္တာရဝတီတိုင်း(မ်) သို့ပြောပါသည်။

“လက်ရှိကယားပြည်နယ်အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ထက် တိုင်းရင်းသားလူနည်းစုကို ဖိနှိပ်ပြီးတော့မှ ဖြိုခွဲချင်နေတဲ့ သဘောမျိုးပေါ့နော်။” ဟု စောကျော်စွာက ပြောပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တည်ထားသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ ဆောင်ရွက်နေသည့် လုပ်ရပ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလူနည်းစုအပေါ် ချိုနှိမ်ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသွားခြင်းဖြစ်သည်။

စောကျော်စွာက ကယားပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်နေ့ကနေ ၉ ရက်နေ့ ပန်ဒါဟိုတယ်၊ ရန်ကုန်မြို့တွင် ကျင်းပသည့် (၂၂ )ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာစဉ် ကန္တာရဝတီတိုင်း(မ်)မေးမြန်းချက်အရ ပြောဆိုသွားခြင်းဖြစ်သည်။

၎င်းအရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်တွင် ကယားပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများက ပြည်နယ်တွင်းလက်ရှိဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးကိုထိခိုက်စေနိုင်သည့် ကိစ္စရပ်များဖြစ်သော တပ်သိမ်းမြေယာပြဿနာများ၊ မြေလွတ်မြေလပ်မြေရိုင်း လုပ်ပိုင်ခွင့်လျှောက်ထားမှု ပြဿနာများ၊ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှု၏ နောက်ဆက်တွဲ ပြဿနာများကို သွားရောက်ဆွေးနွေးတင်ပြခဲ့ကြခြင်းဖြစ်သည်။

ကရင်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာ

ယခုကဲ့သို့ ကယားပြည်နယ်မှ အရပ်ဖက်အဖွဲ့အစည်းများပြောဆိုတင်ပြဆွေးနွေးသွားသည့်အပေါ်တွင် လက်ခံထောက်ခံကြောင်း ပြည်နယ်အစိုးရအနေဖြင့် ကရင်နီလူငယ်များတောင်းဆိုသည့် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးကိစ္စနှင့်ပတ်သက်ပြီး ဌာနေတိုင်းရင်းသားများ၏ အသံကိုနားထောင်သင့်ကြောင်း စောကျော်စွာက ပြောပါသည်။

“ကယားပြည်နယ်အစိုးရအနေနဲ့ ကတော့ ကရင်နီရဲ့သမိုင်းအစဉ်အလာအရတာကတော့ ကရင်နီပြည်ရဲ့ ဆန္ဒကိုတော့ သူနားထောင်ဖို့ကောင်းတာပေါ့နော်။” ဟု စောကျော်စွာက ပြောပါသည်။

Advertisement

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီ နှစ်ပေါင်း ၇ဝ ကြာတိုင်းရင်းသားတို့ဘက်က တောင်းဆိုနေသည့် တန်းတူရေး၊ ဖယ်ဒရယ်အရေးစသည်တို့သည် ယခုအချိန်ထိ တပ်မတော်နှင့် အဆင်မပြေနိုင်သေးသည့်အတွက် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြည်သူများ အခက်အခဲများဖြင့်ရင်ဆိုင်ကြုံတွေ့နေကြရသည့်အပေါ် သက်ဆိုင်ရာများက ဖော်ဆောင်ပေးရန်လိုအပ်နေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ကိုတူရယ်က ပြောပါသည်။

spot_img
spot_img

Recent posts