spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အစ္စရေးကုမ္ပဏီက ကြားဖြတ်ထောက်လှမ်းသည့်နည်းပညာကိုမြန်မာအစိုးရကို ရောင်းချရန် အာဏာမသိမ်းမှီကပင် လေလံအောင်ခဲ့

အစ္စရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Cognyte Software Ltd က အစိုးရကျောထောက်နောက်ခံပေးထားသည့် MPT ကို ကြားဖြတ်ထောက်လှမ်းရေး နည်းပညာကို ရောင်းချရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမဖြစ်ခင် တစ်လ အလိုကပင် လေလံအောင်မြင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ထုတ်လိုက်သော သတင်းအချက်အလက်များအရ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အစ္စရေးဖက်က မြန်မာနိုင်ငံကို စစ်လက်နက်နှင့် စစ်နည်းပညာများကို ရောင်းချပေးပို့ခြင်း မပြုလုပ်ရန် ၂၀၁၇ ခုနှစ်ကပင် ၎င်းတို့ နိုင်ငံ အမြင့်ဆုံး တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် ရောင်းချခြင်းမရှိတော့ကြောင်း ငြင်းဆိုထားသော်လည်း မနေ့က (ဇန်နဝါရီလ ၁၅) ထွက်ရှိလာသည့် အချက်အလက်များအရယင်းထောက်လှမ်းရေးနည်းပညာကို ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အစ္စရေး နာမည်ကြီး လူ့အခွင့်အရေးရှေ့နေ အီတေ မတ်ခ်က ဦးဆောင်ပြီး ယင်းရောင်းဝယ်မှုကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပြုချက် အမြင့်ဆုံး တရားရုံးကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုပြုချက်တွင် Cognyte နှင့် အစ္စရေးနိုင်ငံခြားရေးဌာနမှ အရာရှိ တစ်ဦးတို့ကို မြန်မာနိုင်ငံမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များကို အားပေးသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

Justice for Myanmar က ရိုက်တာနှင့် မတ်ခ်ကို ပေးပို့ခဲ့သည့် ၂၀၂၁ ခုနှစ်က စာရွတ်စာတမ်းများထဲတွင် MPT က Cognyte ကို လေလံအောင်မြင်သည့် ကုမ္ပဏီအဖြစ် ဖော်ပြထားပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က တင်ထားသည့် မှာယူမှုဟုလည်း ဖော်ပြထားသည်။

ကြားဖြတ်ထောက်လှမ်းရေး နည်းပညာသည် အစိုးရကို ဖုန်းကြားဖြတ်နားထောင်ခြင်း၊ Messages များကို ကြည့်ရှုခြင်း၊ အီးမေးလ်များကို စစ်ဆေးခြင်းနှင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မလိုအပ်ဘဲ အသုံးပြုသူများ၏ တည်နေရာများကို ထောက်လှမ်းခြင်း စသည်တို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်သည်အထိ စွမ်းဆောင်ပေးနိုင်သည်။

အမည်မဖော်လိုသည့် ကြားဖြတ်ထောက်လှမ်းရေး နည်းပညာနှင့် ဆက်နွယ်မှုရှိသူ နှစ်ဦးက MPT က ယင်းနည်းပညာကို စမ်းသပ်အသုံးပြုခဲ့ပြီးပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို သီးခြားစီ အတည်ပြုပြောကြားကြောင်း သတင်းတွင် ဖော်ပြထားသည်။

spot_img
spot_img