spot_img
Monday, March 27, 2023
spot_img

အဆင့်မြင့်ပညာရေးအတွက် နွေဦးကျောင်းမှ ဒီပလိုမာအတန်း တိုးချဲ့ဖွင့်လှစ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့တစ်နေရာမှာ စစ်ရှောင်ကျောင်းသားတွေအတွက် ဖွင့်လှစ်နေတဲ့ နွေဦးဂုရုလေးများ ပညာရေးစင်တာကနေ ကျောင်းသားတွေ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်တဲ့ အခွင့်အရေး ရရှိဖို့အတွက် ဒီပလိုမာ အတန်းကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

“ကရင်နီပြည်မှာ လက်တလော တော်လှန်ရေး ကာလအတွင်း အဆင့်မြင့် ပညာ သင်ယူလေ့လာခွင့် လိုအပ်ချက်ပေါ့နော။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်တယ်။ ပြီးတော့ မြေပြင်မှာက မနှစ်က အနေအထားမျိုးနဲ့ မတူတော့ဘူးပေါ့နော။ ဒီစစ်ရှောင်စခန်းတွေမှာဆိုရင် အလယ်တန်း အထက်တန်း ဖွင့်လာနိုင်တာမျိုးတွေ ရှိလာတယ်ပေါ့နော။ အဲ့ဒီအတွက် ဒီလိုလူငယ်တွေအတွက် သူတို့ အဆင့်မြင့်ပညာ ဆက်ပြီး သင်ယူချင်တယ်ဆိုရင် သင်ယူလို့ရတဲ့ ကျောင်းရှိတယ်ဆိုတဲ့ အနေအထားကို ဖြည့်ဆည်းပေးဖို့ ပေါ့နော။” လို့ နွေဦးကျောင်းမှ ကျောင်းအုပ်ဆရာမ က ပြောပါတယ်။

လက်ရှိမှာ ဒီပလိုမာ အတန်းတက်ရောက်နိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လျောက်လွှာ ခေါ်ယူနေပြီဖြစ်ပါတယ်။ လျောက်ထားနိုင်သူတွေကတော့ နွေဦးကျောင်း Sel Kyae Phu program မှ ကျောင်းသား၊ ကျောင်းသူဟောင်းတွေ၊ စစ်ရှောင်နေရသူ၊ အင်္ဂလိပ်စာ အခြေခံ ရှိသူတွေဖြစ်ပြီး အသက် ၁၆နှစ်ကနေ ၂၅နှစ်အတွင်း ခေါ်ယူသွားမှာဖြစ်ပါတယ်။

ပထမအပတ်စဉ်အနေနဲ့ တိုးချဲ့ဖွင့်လှစ်မဲ့ ဒီပလိုမာအတန်းမှာတော့ ကျောင်းသား၊ ကျောင်းသူ ၃၀ ကိုခေါ်ယူသွားမယ်လို့ သိရပါတယ်။ ပညာသင်ကာလ (၁၀)လ သင်ကြားပြီးနောက်မှာ သုတေသန စာတမ်းရေးသားခြင်း သို့မဟုတ် ရပ်ရွာဖွံ့ဖြိုးရေး ပရောဂျက်ကို လုပ်ဆောင်ပြီးမြောက်ပါက Diploma in Social Studies ဒီပလိုမာဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။

“ ဒီပလိုမာပြီးသွားပြီဆိုတာနဲ့ သူတို့ လေ့လာသင်ယူထားတဲ့ နယ်ပယ်တွေအလိုက်ပေါ့နော။ သူတို့ သက်ဆိုင်ရာ စိတ်ဝင်စားရာအဖွဲ့အစည်းတွေမှာ မြေပြင်မှာ သူတို့ဆက်ပြီးတော့မှ ဦးဆောင်ပြီးတော့ လုပ်ဆောင်နိုင်သွားမယ်။ သူတို့ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုပြီးတော့ လွယ်ကူသွားမယ်လို့မျှော်လင့်တယ်။ တော်လှန်ရေး အောင်မြင်ပြီးမြောက်သွားတဲ့ အခါကျရင်လည်း သူတို့ ထပ်ပြီးတော့ အဆင့်မြင့် ပညာဆက်ပြီးတော့ လေ့လာသင်ယူဖို့အတွက် ပညာရပ်ဆိုင်ရာ ပေါင်းကူးတစ်ခုလည်း ဖြစ်မယ်။ အထောက်အပံ့တစ်ခုလည်း ဖြစ်မယ်လို့ ရည်ရွယ်တယ်ပေါ့နော “ လို့ နွေဦးကျောင်းမှ ကျောင်းအုပ်ဆရာမ က ပြောပါတယ်။

ဖွင့်လှစ်သွားမယ့် ဒီပလိုမာ အတန်းမှာဆိုရင် Spring University Myanmar (SUM) နွေဦးတက္ကသိုလ် နဲ့ ချိတ်ဆက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆရာ၊ ဆရာမ ၁၀ ဦးဝန်းကျင်နဲ့ သင်ကြားသွားမှာဖြစ်ပါတယ်။

ဒီပလိုမာ အတန်းကိုလည်း အပတ်စဉ်အလိုက် ဖွင့်လှစ်သွားမှာဖြစ်ပြီး လက်ရှိ တော်လှန်ရေးကာလအတွင်း သက်ဆိုင်ရာ ကဏ္ဍမှာ လုပ်ဆောင်နိုင်မယ့် လူငယ်တွေ ဖြစ်ထွန်းလာဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာ Sel Kyae Phu program ကနေ ၅လ သင်တန်းဖွင့်လှစ်နေတာရှိပြီး သင်တန်းပြီးဆုံးသွားသူ ၁၆၅ ဦး ရှိနေပြီဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...