spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

အဓမ္မပြုကျင့်ရန် ကြံစည်မှုခံခဲ့ရသော ကျောင်းဆရာမ အခြားနေရာသို့ တာဝန်ရွှေ့ပြောင်းပေးရန် လိုလားနေ

Author

Date

Category

လင်းသန့်

မော်ချီးကျေးရွာအုပ်စုအနာဂတ်အလင်းတန်းရွာကျေးရွာတွင် မူလတန်းကျောင်းဆရာမတစ်ဦးကို ရွေ့ပြောင်းအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာနေရပြီး ၎င်းနေရာသို့ တာဝန်ထမ်းဆောင်ရန် စိတ်ဆန္ဒ မရှိတော့ဘဲ အခြားနေရာသို့ ပြောင်းရွှေ့တာဝန်ပေးရန် လိုလာသည်ဟု ကာယကံရှင်က ပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့က အလက(ခွဲ) လယ်ပွာခိုမူလတန်ပြ ဆရာမသည် အနာဂတ်အလင်းတန်းကျေးရွာရှိ ကျောင်းဆရာမများနေထိုင်သော အိမ်တွင် တစ်ဦးတည်း အိပ်စက်နေစဉ် ဝေလင်းထွန်းက နေအိမ်ရှိ အိပ်ရာအထိ ကျူးကျော်ဝင်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

“ကျမအရမ်း ထိခိုက်ခံစားရတယ်။ ဒါတောင်ဒီလောက်အထိပဲ ဖြစ်သွားလို့သာ တော်သေးတယ်။ ဒီနေရာမှာ မနေချင်တော့ဘူး။ ကျမ နွေးထွေးမှုလိုအပ်တယ်။ ဖြစ်နိုင်ရင် တောင်ငူမှာရှိတဲ့ အမေ့ဆီကိုပဲ ပြန်ပြောင်းနေချင်ပါတယ်။”ဟု ဒေါ်ရို့ထူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

မူလတန်းပြဆရာမအဖြစ် လုပ်သက် ၄ နှစ် ရှိနေပြီဖြစ်ရာ အဆိုပါ ကျောင်၌သာ ရာထူးတိုးလျှောက်ရန် မူလက စီစဉ်ခဲ့သော်လည်း နိုဝင်ဘာ ၉ ရက်နေ့က ကြုံတွေ့ခဲ့ရသော စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်များကြောင့် ၎င်းနေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်တော့ကြောင့် ဆရာမက ပြောသည်။

ကြံစည် ကျူးလွန်သူ ဝေလင်းထွန်း ကိုင်ဆောင်လာသော အရိုး-အသွား ၆ လက်မရှိ လက်လုပ် ဓါးတစ်ချောင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး မော်ချီးနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်ခိုင်က တရားလို ပြုလုပ်ကာ (ပ) ၅/၂၀၁ရ ရာဇသတ်ပုဒ်မ ၄၅၈/၃၇၆/၅၁၁ တို့ဖြစ် အမှုဖွင့်လှစ် အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။

ကျူးလွန်သူ ဝေလင်းထွန်းသည် အနာဂတ်အလင်းတန်းကျေးရွာအနီးတွင် Great Summit Industry ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသော မော်ချီးနယ်မြေမီးသတ်စခန်း အဆောက်အဦးကို ဆောက်လုပ်ရန် အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

spot_img

Recent posts