spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အနာဂတ်လူငယ်တွေရဲ့ စွမ်းရည်မြင့် သင်တန်းကျောင်းကို တက်ရောက်ဖို့ SSYLC က အပတ်စဉ်(၂) စတင် ခေါ်ယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရတဲ့လူငယ်တွေအတွက် အသိပညာ၊ ဗဟုသုတ ကြွယ်ဝစေရန်နဲ့ စွမ်းဆောင်ရည်မြင့်တင်ပေးဖို့ အနာဂတ်လူငယ်တွေရဲ့ စွမ်းရည်မြင့် သင်တန်းကျောင်းကို တက်ရောက်နိုင်ဖို့အတွက် Set of Step Youth Learning Center (SSYLC) ကနေ အပတ်စဉ် (၂) ကို စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

မိမိဒေသနဲ့ လူမျိုးကို ဦးဆောင်နိုင်တဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးကာလမှာ ဒေသအရေးနဲ့ ပြည်နယ်အရေးမှာ ပါဝင်ဦးဆောင်နိုင်တဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ SSYLC ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သင်တန်းတည်ထောင်သူ မမေဇင်လတ် က ပြောပါတယ်။

“ကျမတို့ နောက်ထပ်လာမယ့် အနာဂတ်တွေက လူငယ်တွေက ဦးဆောင်ရမှာဖြစ်တယ်ပေါ့နော။ လူငယ်တွေကို ကျမတို့က အခုကတည်းက မပျိုးထောင်ပေးဘူး အရည်အချင်းတွေ မဖြည့်ပေးထားဘူးဆိုရင် အခုတိုက်နေတဲ့ တိုက်ပွဲတွေပြီးသွားရင်တောင်မှ ပြည်နယ်ကို နိုင်ငံကို ဦးဆောင်မယ့်သူမထွက်လာဘူးဆိုရင် တိုက်ပွဲနိုင်သွာားရင်တောင် ခက်ခဲမယ့်အနေအထားမှာရှိနေနိုင်တယ်ပေါ့နော။ ဆိုတော့ တစ်ဖက်မှာ တိုက်ပွဲတွေတိုက်တယ် ပြီးသွားရင်ဆိုရင်တောင်မှ တစ်ဖက်မှာ ပြည်နယ်ကို ပြန်တည်ဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ် ကျမတို့အချင်းချင်း ပြန်တည်ဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ် လူငယ်တွေက ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေတယ်။”လို့ မမေဇင်လတ် က ပြောပါတယ်။

SSYLC ရဲ့ အပတ်စဉ် ၁ သင်တန်းကို ပြီးခဲ့တဲ့ မေလအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေသခံလူငယ်တွေထဲက သင်တန်းသူ၊ သင်တန်းသား ၁၉ ဦး တက်ရောက်ပြီးစီးခဲ့ပါတယ်။

အပတ်စဉ် ( ၁ ) မှာ ဖရူဆိုမြို့နယ် အနောက်ခြမ်းကလူငယ်တွေကိုဘဲ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ဖွင့်လှစ်သွားမဲ့ အပတ်စဉ် (၂) သင်တန်းကိုတော့ ဖရူဆိုအနောက်ဘက်ခြမ်းအပြင် နေရာဒေသအသီးသီးက စိတ်ဝင်စားကြတဲ့လူငယ် (၃၀) ဦးကို ကန့်သတ်ခေါ်ယူသွားမှာဖြစ်ပြီး သင်တန်းကာလ ၆ လနဲ့ ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။

“ပြည်နယ်အနေအထားအရပေါ့နော စစ်ရေး၊ လုံခြုံရေးအရကလည်း ကျမတို့အတွက် အရမ်းကြီးစိန်ခေါ်မှုဖြစ်တယ်။ အထူးသဖြင့် လေယာဉ်ပေါ့နော လေယာဉ်ရဲ့ရန်ကို ကြောက်ရတယ်။ အရင်အပတ်စဉ်တုန်းကဆိုရင်လည်း လေယာဉ်ကြောင့် ကျောင်းပိတ်ရတဲ့ဟာတွေရှိတယ် ပြောင်းရွေ့ပြီးတော့မှ တောထဲမှာ သွားအိပ်ပြီးတော့ စာသင်လိုက်ရတဲ့ဟာရှိတယ်။ နောက်တစ်ပိုင်းက ဒီအခြေအနေနဲ့က လူတိုင်းက ခက်ခဲတယ် စားဝတ်နေရေးက။ ကျမတို့ ကျောင်းသားတွေကို ထမင်း၊ ဟင်း ကျွေးမွေးတဲ့အပိုင်းမှာလည်း အခက်အခဲရှိတယ်ပေါ့ စားနပ်ရိက္ခာပိုင်းက။”လို့ မမေဇင်လတ် က ဆက်ပြောပါတယ်။

ကိုယ်ထူကိုယ်ထ ဖွင့်လှစ်တဲ့ သင်တန်းဖြစ်တာကြောင့် စာသင်ဆောင်၊ ကျောင်းသားဆောင်တွေကို မိုးကာ၊ ဝါး၊ သစ်နဲ့သာ ယာယီ ပြုလုပ်ထားတာဖြစ်ပြီး ရေရှည်အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်ချက်ရှိနေတာပါ။

မိခင်စာပေ ဘာသာရပ်၊ အင်္ဂလိပ်စာ၊ အခြေခံကွန်ပျူတာ၊ တက်ကြွလှုပ်ရှားနိုင်ငံသားဘာသာရပ်၊ ခေါင်းဆောင်မှုစွမ်းရည်၊ အခြေခံနိုင်ငံရေး၊ အထွေထွေ ဗဟုသုတ စတဲ့ ဘာသာရပ် (၇) ခုနဲ့ သင်ကြားသွားမှာဖြစ်သလို ကျောင်းပြင်ပလှုပ်ရှားမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

သင်တန်းကို တက်ရောက်နိုင်ဖို့အတွက် အခြေခံအလယ်တန်းအဆင့် ပြီးမြောက်ထားသူ၊ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း ရှိသူ၊ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်နိုင်သူ၊ ဒေသနဲ့လူမျိုးအတွက် အလုပ်အကျွေးပြုနိုင်သူတွေကို ဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီး ဒေသခံလူငယ် ဆရာ၊ ဆရာမ (၁၀) ဦးကနေ သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts