spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

အနောက်ကယန်းဒေသ ကျေးရွာတစ်ရွာထဲကို လက်နက်ကြီးကျရောက်ပြီး ဒေသခံ လေးဦး ထိခိုက်

Author

Date

Category

 

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (အောက်တိုဘာလ ၉ရက်) ည ၉နာရီခွဲ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အနောက်ကယန်းဒေသက ကျေးရွာတစ်ရွာထဲက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

“ ထိခိုက်တာတော့ လေးယောက်ရှိတယ်။ တစ်ယောက်က ဝမ်းဗိုက်မှာ တစ်ယောက်က ပခုံးမှာ လက်မှာ ပြီးတော့ဒီ တခြား ခန္ဓာကိုယ်နေရာတွေမှာ တချို့။ အားလုံး လေးယောက် ထိခိုက်ဒဏ်ရာရတယ်။ အိမ်ပေါ်တည့်တည့်ကျတယ်။ အိမ်ထဲမှာလည်း ကလေးနှစ်ယောက်အိပ်တယ်။ ကလေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ နည်းနည်း လက်မှာ၊ လည်ပင်း၊ ပခုံးတွေမှာ ဒီကလေးတစ်ယောက်ကတော့ သိပ်ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရတယ်ပေါ့။ ကျန်တဲ့တစ်ယောက်ကတော့ ဘားမှမဖြစ်ဘူး။ အိမ်အမိုးတွေလည်း ပွင့်ကုန်ပြီ ပြီးတော့ အိမ်တွေလည်း တစ်ခြမ်း အကုန်လုံးပျက်စီးကုန်ပြီ။ ဘားမှရစရာမရှိတော့ဘူးပေါ့ အိမ်ကတော့။ “ လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဝမ်းဗိုက်ထိမှန် ဒဏ်ရာရခဲ့တဲ့ အသက် ၅၆နှစ်အရွယ် အမျိုးသား တစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားရှိပြီး ၊ အသက် ၄၅နှစ် အမျိုးသမီးတစ်ဦး၊ အသက် ၈၀ အဖွားတစ်ဦး နဲ့ ၁၀ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပြပါတယ်။

ဖယ်ခုံဖက်နေ လက်နက်ကြီး ထုလာတယ်လို့ ယူဆရပြီး လက်နက်ကြီးအမျိုးအစားကတော့ ၁၂၀ မမ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ယမန့်နေ့ လက်နက်ကြီး ပစ်ခတ်မှုမှာတော့ ရွာဘေးနားတစ်လုံး နဲ့ ရွာအလယ် တစ်လုံး စုစုပေါင်း လက်နက်ကြီး ၂လုံး ကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွာထဲ ပထမဆုံး လက်နက်ကြီး ကျရောက်တာဖြစ်တဲ့အတွက် ဒေသခံတွေ ထိတ်လန့်မှုတွေရှိသလို လုံခြုံတဲ့နေရာတွေမှာ ခဏတိမ်းရှောင်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“ ဒီရွာထဲမှာလည်း တော်တော်လေး ထိတ်လန့်မှုတွေ ဖြစ်နေတယ်။ ဒီလို ရွာထဲမှာ တခါမှလည်း ဒီလိုလက်နက်ကြီးမျိုး မကျခဲ့ဖူးဘူးလေ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်က ရွာအပြင် ရွာနဲ့ ၂မိုင်လောက်မှာ လက်နက်ကြီး လာကျဖူးတယ်။ အခုတော့ ရွာထဲမှာကျတော့ ရွာထဲမှာရှိတဲ့ ပြည်သူလူထုလည်း တော်တော်လေး လန့်သွားတယ် ခြောက်ခြားသွားတယ်ပေါ့ တော်တော်လေး စိုးရိမ်ကြတယ်။ “ လို့ ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။

တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီကနေ လက်နက်ကြီး ပစ်ခတ်တာတွေ မလုပ်ဆောင်သင့်ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ အဆိုပါ လက်နက်ကြီး ကျရောက်တဲ့ ကျေးရွာမှာဆိုရင် စစ်ရှောင်တွေ လာရောက်ခိုလှုံနေကြရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့မှာဆိုရင်လည်း လွိုင်ကော်မြို့နယ် လင်ဖုံကြီးနဲ့ဝမ်ပန် ကျေးရွာမှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အပါအဝင် အရပ်သား ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts