spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အန္တာရာယ်ကြားက နေရပ်ကို ပြန်လာပြီး အဲ့ဒိုပေါ်မီ ပွဲတော်ကို ကျင်းပပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာ (၃) ရွာက ရွာခံတွေဟာ ဟာစစ်ဘေးရှောင်နေတဲ့ တောတောင်ထဲကနေ နေရပ်ပြန်လာပြီး အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို သြဂုတ်လ (၉)ရက်နေ့ကနေ (၁၂) ရက်နေ့အထိ (၄)ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ကျေးရွာ (၃)ရွာဟာ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ပိုင်းကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်မှုတွေကြောင့် ရွာခံတွေဟာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

သို့ပေမယ့် ရိုးရာအမွေအနှစ်ကို စဥ်ဆက်မပြတ် ထိန်းသိမ်းနိုင်ဖို့အတွက် အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုံခြုံရေးအကူအညီနဲ့ နေရပ်ပြန်ပြီး (၄) ရက်သာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မိရိုးဖလာ အစဥ်အလာအရ ရိုးရာကို မစွန့်လွတ်နိုင်တဲ့အတွက်အခုလို အန္တရာယ်ကြားက ပြန်လာ ကျင်းပပြုလုပ်ရခြင်းဖြစ်တယ်လို့ ပွဲကျင်းပပြုလုပ် ဦးဆောင်သူ ဒေသခံတစ်ဦးဖြစ်တဲ့ ခူးပရေးရယ်က ပြောပါတယ်။

“ကျနော်တို့ရဲ့ မိရိုးဖလာ အစဥ်အလာအရ ကျနော်တို့ ပြုလုပ်ရမယ့် အချိန်ကာလဟာ ကျရောက်လာလို့ ကျနော်တို့ ပြန်လည် ပြုလုပ်ရခြင်းဖြစ်တယ်။ ဦးစီးဦးဆောင်နိုင်ဖို့အတွက် လူကြီးတွေကို ပြန်ခေါ်လာရတယ်။ ကျနော်တို့ ရိုးရာကို ကျနော်တို့ မစွန့်လွှတ်နိုင်ဘူး။ အဲ့ဒါကြောင့် ပြန်လုပ်ရခြင်းဖြစ်တယ်”လို့ ဦးဆောင်သူ ခူးပရေးရယ်က ပြောပါတယ်။

စစ်ရှောင်ရာနေရာကနေ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လုံခြုံရေးအကူအညီနဲ့ ကျေးရွာတွေထဲကို (၄)ရက်သာ ဝင်ရောက်ခွင့်ရှိခဲ့ပြီး နောက်ပိုင်းမှာတော စစ်ရှောင်ရာနေရာကို ပြန်သွားကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူလတ်ပိုင်းတွေနဲ့ ပွဲတော်ကို ဦးဆောင်ဖို့ သက်ကြီးပိုင်းတချို့သာ ပြန်လာကြရတယ်လို့ ဆိုပါတယ်။

“အန္တာရယ်ရှိတယ်ဆိုတာကို ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ရိုးရာကို မစွန့်နိုင်လို့ အန္တာရာယ် ရှိလည်း ကျနော်တို့ ရင်ဆိုင်ရမှာပဲ ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့ ပြန်လုပ်တာ ဖြစ်တယ်”လို့ ခူးပရေးရယ်က ဆက်ပြောပါတယ်။

အဲ့ဒိုပေါ်မီ ပြန်လာကျင်းပတဲ့ အဆိုပါ ကျေးရွာတွေဟာ တိုက်ပွဲနယ်မြေဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်အများအပြား မီးလောင်ပြာကျခဲ့ရပါတယ်။

အခုလို ထိခိုက်ပျက်ဆီးတာတွေ မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေကတော အဲ့ဒိုပေါ်မီပွဲကို မီးလောင်ပြာကျသွားတဲ့ အိမ်ဝိုင်းအတွင်းမြေနေရာမှာပဲ ပြုလုပ်လိုက်ကြရတယ်လို့ ဆိုပါတယ်။

အဲ့ဒိုပေါ်မီပွဲတော်ကို နှစ်စဥ်ကျင်းပလေ့ရှိကြပြီး ဧည့်သည်တော်တွေကို ဖိတ်ကြားကာ စည်စည်ကားကားနဲ့ ကျင်းပလေ့ရှိကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ရိုးရာပွဲတော်တွေကို လွတ်လပ်စွာ ကျင်းပခွင့်မရှိတော့ဘဲ အကျဥ်းချုပ်သာ ကျင်းပပြုလုပ်ကြရပါတယ်။

spot_img
spot_img

Recent posts