spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမိုးပျောက်တဲ့ ငွေတောင်ဆည် ထိုင်ခုံ

Author

Date

Category

အန်ထောနီ

ကယားပြည်နယ် ဒီမေားဆို မြို့မှာရှိတဲ့ ငွေတောင်ဆည်ဟာ တစ်နှစ်ထက်တစ်နှစ် ခရီးသွားဧည့်သည်တွေ ပိုများလာပါတယ်။ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် တို့ရဲ့အရိပ်ထင်ဟပ်မှု့နှင့် စပါးခင်းတွေဟာဆိုရင် ငွေတောင်ဆည်ရဲ့အလှကို ပိုမိုပေါ်လွင်စေပါတယ်။ ကယားပြည်နယ်ရဲ့ သင်္ကေတလို့ပြောရင်လည်းမမှားပါဘူး။

ကန်ဘောင်ရိုးတစ်လျှောက်မှာ လှပတဲ့ ပန်းပင်မျိုးစုံနှင့် ညအချိန်မှာ ထွန်းထွန်းတောက်မဲ့ မီးတိုင်တွေကို ကြည့်လိုက်ရင်တော့ ရင်ထဲအေးချမ်းစေမှာအမှန်ပါပဲ။ ငွေတောင်ဆည်ကို ပတ်ပတ်လည်ကြည့်ရူဖို့ကန်ပတ်လမ်းတွေ ဖောက်လုပ်ပေးထားပါတယ်။
လေညင်းလေးတွေတိုက်ခတ်နေတဲ့ကန်ဘောင်ပေါ်မှာ ဆင်ကြီးစီးပြီးတော့လည်း ငွေတောင်ဆည်ရဲ့ အလှတရားတွေ ခံစားနိုင်ပါတယ်။

ငွေတောင်ဆည်သို့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားများမြင်တွေ့ရစဉ်။

ညအချိန်ရောက်ရင် အများအားဖြင့် လူငယ်တွေက ဝိုင်းဖွဲ့ပြီးတော့ ဂီတာတီးပြီးမီးရောင်အောက်မှာသီချင်းတွေအော်ဆိုကြပါတယ်။ အပန်းဖြေလာသူတွေကြောင့်လည်း ငွေတောင်ဆည်ရဲ့အလှတရားများဟာ ပိုမိုအသက်ဝင်စေပါတယ်။

ယနေ့အချိန်မှာငွေတောင်ဆည်သို့ ပြည်တွင်းပြည်ပ ခရီးသွားတွေ နေ့စဉ်နှင့်အမျှ လာရောက်လည်ပတ်နေကြတာကို တွေ့မြင်နေရပါတယ်။

တစ်ချို့အလည်လာတဲ့ ခရီးသွားတွေကတော့ ကယန်းဝတ်စုံလေးတွေအငှားဝတ်ပြီး ကယန်းမလေးတွေနဲ့အမှတ်တရဓတ်ပုံရိုက်ကြပါတယ်။ ရိုးရာ ကိုကြိုက်နှစ်သက်ပြီးတော့ ရိုးရာပစ္စည်းတွေကိုဝယ်တဲ့လူတွေလည်းရှိပါတယ်။

“ဒီလိုမျိုးရိုးရာဝတ်စုံနဲ့ဓတ်ပုံရိုက်ထားတာ တွေ့ရတော့ အားကျမိတယ်အဲ့ကြောင့်လာလည်ဖြစ်တာပါ။ ပဒေါင်လည်ကွင်းကိုတွေ့တော့ သဘော ကျတယ်အဝတ်အစားတွေကိုလည်းသဘေားကျတယ်။ လာလည်ရတာပျော်တယ်။ ငွေတောင်ဆည်က အရမ်းပျော်ဖို့ကောင်းတယ် ကျယ်လည်းကျယ်တယ်” လို့ ဆီဆိုင်မြို့မှ အလည်လာသူ ဒေါ်ချိုချိုသက် ကပြောပါတယ်။

တစ်ချို့ကမိသားစု ဆွေမျိုးတွေနဲ့၊ တစ်ချို့က သူငယ်ချင်းအပေါင်းအသင်းတွေနဲ့၊ တစ်ချို့ကချစ်သူရည်းစား လင်မယားတွေနဲ့ အလည်လာတဲ့သူတွေအားလုံး ပြုံးပျော်နေကြပါတယ်။
အမှိုက်တွေကိုအမှိုက်ပုံးထဲ စနှစ်တကျစွန့်ပစ်ဖို့အတွက် စီစဉ်ထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ငွေတောင်ဆည်ကြီးဟာလယ်ယာစိုက်ပျိုးရေးအတွက် အဓိကလိုအပ်တဲ့ရေကန်ကြီးလည်းဖြစ်သလို အများပြည်သူတွေအတွက်အပန်းဖြေစရာနေရာ တစ်ခုလည်းဖြစ်ပါတယ်။
ငွေတောင်ဆည်ဘောင်ပေါ်မှာတော့ အပန်းဖြေထိုင်နားနေဖို့ နှစ်ယောက်ထိုင် ထိုင်ခုံတန်းတွေ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ ပစ္စည်းတွေ ဇရပ်တွေ ရှိထားပါတယ်။ သို့ပေမယ့်လည်း အခုချိန်မှာတော့ နှစ်ယောက်ထိုင်ခုံတွေကော ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ ပစ္စည်းတွေကော ပျက်စီးနေတာတွေ့ရပါတယ်။

ဒီလိုလှပတဲ့ ငွေတောင်ဆည်ကြီးဟာ စည်းကမ်းမရှိတဲ့တစ်ချိုလူတွေကြောင့် အလှပျက်သွားတဲ့ အရာတွေလည်းရှိပါတယ်။ ဘာကြောင့်လဲ၊ ဘယ်သူတွေကလည်း ဆိုတာကိုတော့ မေးခွန်းထုတ်စရာရှိနေပါတယ်။

ငွေတောင်ဆည်နှင့်ပတ်သက်လို့ သက်ဆိုင်ရာများက စည်းကမ်းအချို့ချမှတ်ထားပေမဲ့ မလိုက်နာသူတွေရှိနေပါတယ်။ သာယာလှပတဲ့ငွေတောင်ဆည်ဟာ မူးယစ်ယမ်းကားတဲ့လူငယ်တစ်ချို့ကြောင့်ပျက်စီးသွားတယ်လို့ ဆည်မြောင်းကျေးရွာမှ ဒေသခံ ဦးစိုးညွှန့်အောင်က သူရဲ့အမြင်ကိုအခုလိုပြေားပြထားပါတယ်။

“ပျက်စီးသွားတာလည်းများတယ် ထိုင်ခုံတွေဆိုရင် အရင်တုန်းကအမိုးတွေပါတယ် အခုကတော့ ထိုင်ခုံရိုးရိုးပဲ အမိုးမရှိတော့ဘူး။ ကျနော့်အမြင်အရဆိုရင် တစ်ခြားကျေးရွှာက ညညလာလည်တဲ့လူငယ်တွေ မူးရူးပြီးတော့ ဖျက်စီးသွားကြတယ်လို့ မြင်မိတယ်။”လို့ ဦးစိုးညွန့်အောင်က ပြောပါတယ်။

အထူးသဖြင့် ညအချိန်အလည်လာတဲ့သူတွေက မီမွှေးပြီးတော့ မီးလှုံကြတဲ့အတွက်လည်း ကန်ဘောင်ကိုညစ်ပေစေပါတယ်။
ခရီးသွားပြည်သူတွေ အလည်လာတဲ့အချိန်မှာအနားယူဖို့အတွက် ပြုလုပ်ပေးထားတဲ့ထိုင်ခုံတွေဆိုရင်လည်း အချို့သောစည်းကမ်းမဲ့သူများကြောင့် ဘောင်အောက်ဖက်ကိုလွှင့်ထွက်သွားတာမျိုးကိုလည်း တွေ့မြင်နေရပါတယ်။

“အများပြည်သူသွားလာချိန်မှာ အနားယူဖိုအတွက် ထိုင်ခုံတွေဖျက်ဆီးခံရတယ်။ ငွေတောင်ဆည်ပေ ၅၀၀၀ အတွင်းမှာ ထိုင်ခုံ ၅၂ လုံးချထားတယ်။ ထိုင်ခုံတွေရဲ့အမိုးတွေကို ဒေသခံလူငယ်တစ်ချို့က ဖျက်စီးသွားကြတယ်” လို့ ငွေတောင်ဆည် အနီးမှာနေထိုင်တဲ့ အမည်မဖော်လိုသူ အသက်ငါးဆယ်ကျော်အရွယ်ရှိတဲ့ ဒေသခံအမျိုးသား တစ်ဦးကပြောကြားခဲ့ပါတယ်။

ညအချိန်ဆိုရင်လည်း မီးသတ်ဖွဲ့ဝင်တွေ၊ ရဲတွေ ဆည်မြောင်းဦးစီးဌာနက ဝန်ထမ်းတွေ ကျေးရွှာအုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးကင်းလှည့်တယ်လို့ သိရပါတယ်။

အခုလိုပျက်စီးသွားတဲ့အရာတွေကို ဝန်ကြီးချုပ်များနှင့် သက်ဆိုင်ရာအစိုးရတွေ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီးတော့ ပြန်လည်ပြုပြင်ဖို့အတွက်နှင့် နောက်ထပ်တိုးချဲ့လုပ်ဆောင်ဖို့ကို ခွင့်ပြုချက်ပေးခဲ့ကြောင်းကိုလည်းသိရပါတယ်။

“ပြည်နယ်အစိုးရရံပုံငွေနဲ့ ကျွမ်းနေတဲ့မီးသီး ၂၆ လုံးလောက်ကို မီးလင်းအောင်ပြန်လုပ်မယ်၊ ကားပါကင်ကို ကွန်ကရစ်လမ်းခင်းမယ်။ ဆင်တွေနားနေတဲ့နေရာကို ကွန်ကရစ်လမ်းဆက်ခင်းမယ်၊ ဟိုရွှေ့ ဒီရွှ့ဖြစ်နေတဲ့ထိုင်ခုံခြေထောက်ကိုလည်း ကွန်ကရစ်ခင်းမယ်။ ဝန်ကြီးချုပ်တို့၊ လွှတ်တော်ကိုယ်စာလှယ်တို့ ကွင်းဆင်းပြီးတော့ ခွင့်ပြုချက်ရထားပြီးသားဖြစ်တယ်” လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်လင်းထွန်း ကပြေားပါတယ်။

ငွေတောင်ဆည် သာယာလှပစေရန်နှင့် ရေရှည်တည်တံနိုင်ဖို့ဆိုရင် အလည်လာသော ဧည့်သည်များနှင့် ဒေသခံပြည်သူတစ်ရပ်လုံး သက်ဆိုင်တဲ့အတွက်ကြောင့် အားလုံးအတူတူထိန်းသိမ်းကြဖို့ လိုပါတယ်။

ဒီလိုဖျက်စီးတဲ့လူတွေကို သက်ဆိုင်ရာဌာကနေ ဥပဒေအရ ဖမ်းစီးအရေးယူမူတွေ ရှိခဲ့ဖူးတယ်လို့တော့ ကြားသိရပါတယ်။ အသေးစိတ်သတင်းအချက်အလက်ကိုတော့ ဒီးမော့ဆိုမြို့မရဲစခန်းကို သွားရောက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနအကြီးအကဲတွေက ဖြေကြားပေးရန်အချိန်မပေးနိုင်သောကြောင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိသေးပါဘူး။

နောက်နောင်ဒီလိုမျိုးမဖျက်စီးအောင် ကျေးရွှာဥက္ကဌနှင့် ရပ်မိရပ်ဖတွေ အစည်းအဝးလုပ်ပြီးတော့ တိုင်ပင်ဆွေးနွေးကြပြီး လူငယ်တွေကိုလည်း အသိတရားရှိလာမယ်ဆိုရင် ငွေတောင်ဆည်ပိုသာယာလှပဖို့ မျော်လင့်ပါတယ်လို့ ဦးဇော်လင်းထွန်းက ပြောပါတယ်။

“ငွေတောင်ဆည်ကို ကောင်းသထက်ကောင်းအောင်လုပ်နေတဲ့အတွက်ကြောင့် လူငယ်တွေ လာရောက်မဖျက်ဆီးပဲ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ပြောချင်ပါတယ်။”

spot_img
spot_img

Recent posts