spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

အမေရိကန်ရောက်ကရင်နီလူငယ်များမှ စစ်ရှောင်တွေအတွက် ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပပေးခဲ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းတစ်ခုမှာ အမေရိကန်ရောက်ကရင်နီလူငယ်တွေကနေပြီး စစ်ရှောင်တွေအတွက် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲမှာ အဖွဲ့ပေါင်း ၁၀ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇူလိုင် ၂၉ရက်နေ့ကနေ ဩဂုတ် ၁ရက်နေ့အထိ လေးရက်တာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

လူငယ်တွေ၊ ကျောင်းသားတွေ စိတ်ဓါတ်မြှင့်တင်ဖို့အတွက်နဲ့ ချစ်ကြည်မှုရရှိကြဖို့ ရည်ရွယ်ပြီး ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

“ဒီတစ်နှစ်တာ ကာလပတ်လုံးအတွင်းမှာ တော်လှန်ရေး ဖြစ်နေတဲ့အချိန်မှာ သူတို့တွေလည်း တချို့ စိတ်တွေ မွန်းကျပ်တာလည်း ရှိနေမှာပေါ့နော။ အားကစားဆိုတဲ့ဟာမျိုးကတော့ ကစားတတ်ရင်တော့ ကျန်းမာရေးအရလည်း အဆင်ပြေသလို စိတ်ဓါတ်ဖက်မှာလည်း မြှင့်တင်ပေးတာပေါ့နော။” စစ်ရှောင်စခန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခါးထယ် က ပြောပါတယ်။

ပြိုင်ပွဲကို လာရောက်အားပေးတဲ့ စစ်ရှောင်အမျိုးသမီးက အခုလို အားကစားပြိုင်ပွဲတွေကို ထပ်မံ လာရောက် ကျင်းပပေးစေချင်တယ်လို့ ပြောပါတယ်။

“ ကျမ အခု ဒီပြိုင်ပွဲလာကြည့်တာ အရမ်းပျော်တယ်ပေါ့နော။ ပြီးတော့ ကျမတို့ အခုလို ပျော်ပွဲရွှင်ပွဲ မကြည့်ရတာလည်း ကြာပြီလေ။ စစ်ရှောင်နေရတော့ အခုလို မကြည့်ရတာကြာပြီ။ အခုလို လာရောက်ကျင်းပပေးတဲ့အတွက် ပျော်တယ် နောက်ကျရင် ထပ်လာလုပ်ပေးရင် ပိုပျော်တာပေါ့။ “ လို့ ပြောပါတယ်။

၄ရက်တာ ဘောလုံးပွဲကျင်းပပြီးနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု အသီးသီးရရှိတဲ့အဖွဲ့ကို ဆုကြေးနဲ့ဖလားချီးမြှင့်ခဲ့ပြီး ကျန်တဲ့အသင်းတစ်ဖွဲ့စီတိုင်းကို နှစ်သိမ့်ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ရှောင်ဒေသခံပြည်သူတွေဟာ မိမိမြို့၊ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img