spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

အမျိုးသားစည်းလုုံးမှုကိုု ဖေါ်ဆောင်မည့် “ဒီးကူမြန်မာ” အဖွဲ့အစည်း ထူထောင်

Author

Date

Category

ခူးစိုးရယ်ဦး

ဒီးကူကဲ့သို့ စည်းလုံးမှုကိုအခြေခံပြီး ကယားအမျိုးသားတစ်ရပ်လုံး၏ လူမှုရေးနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရန် ဒီးကူမြန်မာအဖွဲ့က လုုပ်ဆောင်သွားမည်ဟုု ဆိုုသည်။

လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သွားရန်၊ ကယားလူမျိုးများတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုအမွေးအနစ်များကို ထိန်းသိမ်းမြင့်တင်ရန်နှင့် ပြည်တွင်းပြည်ပရှိ ကယားအမျိုးသားများအတွက် အထွေထွေအသိပညာဗဟုသုတများဖလှယ်ရာ ဆုံမှတ်တစ်ခုအဖြစ် ရပ်တည်ပေးရန် ၎င်းတိုု့က ရည်ရွယ်နေသည်။

“နေရာတကာမှာရှိတဲ့ ကယားလူူမျိုးတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကယားလူငယ်မောင်မယ်တွေကိုု တစ်စုတစ်စည်းတည်းဖြစ်စေချင်တယ်”ဟု ယင်းအဖွဲ့အစည်း၏ ကယားပြည်နယ်ဘောင်ဒါဆောင် စီမံခန့်ခွဲသူနှင့် ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးပလုရယ်က ပြောသည်။

ဩဂုတ်လ ၁၁ နေ့မှ ၁၂ နေ့ထိ ဆွေးနွေးညှိနှိုင်းခြင်းအစီအစဉ်ကို ပြည်နယ်အတွင်း ကယားလူငယ်များ နယ်စုံသီးသီးမှ တက်ရောက်ကြသည်။

ဒီးကူမြန်မာ၏ အွန်လိုုင်းဝက်ဆိုုဒ်စာမျက်နှာတစ်ခုုကိုုလည်း ၂၀၁၈ ဇန်နဝါရီလတုန်းကတည်းက ကမကထထူထောင်ခဲ့သည်။

ပြည်တွင်းပြည်ပရှိ ကယားအမျိုးသား အသိပညာရှင်များ၊ အနုပညာရှင်များ၊ စေတနာရှင်များနှင့် လက်တွဲ၍ ရိုးရာဓလေ့၊ စာပေယဉ်ကျေးမှုနှင့် လူမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

အခြားသောလူမှုအဖွဲ့အစည်း၊ အသင်းအဖွဲ့များနှင့်လည်း ပူးပေါင်းပြီး လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုု ခူးပလုရယ်က ဆိုသည်။

“ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးအတွက် မျှော်လင့်ထားပါတယ် ကို်ယ်လည်းတတ်နိုင်တဲ့ဖက်ကနေပြီးတော့ ပါဝင်ကူညီပေးသွားမယ်။”ဟု ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ကိုရွှေမိုးက ပြောသည်။

spot_img
spot_img

Recent posts