spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အရပ်သားတွေ စစ်ဝတ်စုံဝတ်ဆင်နေမှုကြောင့် စစ်ရှောင်စခန်းတွေပါ ပစ်မှတ်ထားခံရမှာကို စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် အတွင်းက စစ်ရှောင်စခန်းတွေမှာ ရှိနေတဲ့ အရပ်သားပြည်သူတချို့ဟာ စစ်ဝတ်စုံဝတ်ပြီး သွားလာနေကြတာကြောင့် စစ်ရှောင်စခန်းတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပြီး ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာမှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်စခန်း ကော်မတီဝင်တွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသလို စစ်ရှောင်ပြည်သူတွေ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ နေ့စဉ်နီးပါး ဒရုန်းတွေနဲ့ ကင်းထောက်နေတာရှိတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ စိုးရိမ်စရာတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ ဒီအရပ်သားပြည်သူတွေက အရပ်သားဝတ်စုံမဝတ်ဘဲ တကယ်လို့ယူနီဖောင်း(စစ်ဝတ်စုံ) ဝတ်မယ်ဆိုလို့ရှိရင် တဖက်မှာ စစ်ကောင်စီက အမြဲတမ်း ဒရုန်းနဲ့ ကင်းထောက်တာတွေ အမြဲတမ်းပြုလုပ်တာပေါ့နော်။ တကယ်လို့ သူတို့ကို ရဲဘော်တွေလို့ ထင်သွားလို့ရှိရင် အပေါ်ကနေ ဒရုန်းနဲ့ ပစ်ချနိုင်တယ် အဲတော့ သူတို့ (စစ်ရှောင်) အတွက် အများကြီး အန္တာရာယ်ရှိနိုင်တာပေါ့နော်။ တကယ်လို့ ယူနီဖောင်း(စစ်ဝတ်စုံ) ဝတ်မယ်ဆိုလို့ရှိရင်။” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ အရပ်သားတွေကို စစ်ဝတ်စုံတွေကို မဝတ်ဖို့ တားမြစ်ထားတာရှိပြီး တချို့စစ်ရှောင်စခန်းတွေမှာ မဝတ်ဆင်ဖို့ စည်းကမ်း ထုတ်ပြန်ထားတွေ ရှိပါတယ်။

ဒီးမော့ဆိုမြို့ နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ ရွာ နဲ့ စစ်ရှောင်စခန်းတွေမှာ စစ်ဝတ်စုံ မဝတ်ဖို့ ပြောဆိုထားတာ ရှိပေမယ့် တရားဝင်စည်းကမ်းချက်ထုတ်ထားတာ မရှိဘူးလို့ဆိုပါတယ်။

အထူးသဖြင့် စစ်ရှောင်စခန်းတွေမှာ သက်ကြီးရွယ်အိုနဲ့ကလေးတွေ များတာကြောင့် လုံခြုံရေးပိုင်း စိုးရိမ်နေရတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ ဒရုန်းရန်ကို အနည်းနဲ့အများ ကာကွယ်နိုင်ဖို့ စည်းကမ်းချက်ထုတ်ထားရတာဖြစ်တယ်လို့ စစ်ရှောင်ကော်မတီတစ်ဦးက ပြောပါတယ်။

“လက်နက်ကိုင်ဆောင်ပြီး စခန်းထဲဝင်ထွက်၊သွားလာတာမျိုးတွေ မြင်လို့ရှိရင် စစ်တပ်တွေဖက်က သတင်းတွေရလို့ရှိရင် ညညဆို လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတတ်လို့ အဲကြောင့် သိတဲ့အတိုင်းပဲလေ စစ်ရှောင်ခန်းတွေကို လက်နက်ကြီးနဲ့ မကြာမကြာ လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးတွေ ခဏခန ဖြစ်နေကျ အဲလိုမျိုးတွေ မဖြစ်အောင် ဆိုပြီးတော့မှ တတ်နိုင်သလောက် စည်းကမ်းတွေကို ထိန်းသိမ်းတဲ့သဘောပါပဲဗျ။” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို အကြောင်းမဲ့ သတ်ပစ်တာမျိုးတွေ ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့အဖြစ် စွပ်စွဲပြောဆိုလေ့ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားက ပြောပါတယ်။

အရပ်သားတွေ စစ်ဝတ်စုံကိုဝတ်ဆင်တာဟာ စစ်ကောင်စီရဲ့ ပုံစံခွက်ထဲကို ရောက်သွားတာဖြစ်တဲ့အတွက် စစ်ရေးစစ်ရာနဲ့ ပတ်သက်တဲ့ ဝတ်စုံ အသုံးအဆောင်တွေ မသုံးတာ အကောင်းဆုံးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“လုံးဝကို မဝတ်တာ အကောင်းဆုံးဖြစ်တယ်။ ရှိတဲ့ဟာလေးနဲ့ တကယ့်ကို သာမန်လူထုတွေလိုမျိုး ဝတ်စားဆင်ယင်တဲ့ဟာနဲ့ သွားလာတာက အသင့်တော်ဆုံးဖြစ်တယ်။ အန္တရာယ်အကင်းဆုံးဖြစ်တယ်။ နောက်ပြီးတော့မှ တစ်ဖက်ရန်သူတွေ ဝါဒဖြန့်ချိမှုကိုလည်း ကျနော်တို့ ကာကွယ်နိုင်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့အသက်လည်း ပိုလုံခြုံတယ်လို့ ပြောလို့ရပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားက ပြောပါတယ်။

၂၀၂၃ခုနှစ် မတ်လ ၁ ရက်နေ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလအတွင်း စစ်ရှောင်အပါအဝင် အရပ်သားပြည်သူ (၁၉)ဦးသေဆုံးခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အရပ်သားသေဆုံးသူ (၄၃၉)ဦး ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts