spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အရေးပေါ် စစ်ရှောင် ဦးရေ ၁၅၀ အတွက် ဆန်၊ဆီနဲ့ ရိက္ခာခြောက်တွေ ပေးဝေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ပေါ် တိုက်ပွဲတွေကနေ ဒီးမော့ဆိုဘက်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တိမ်းရှောင် လာကြတဲ့ စစ်ရှောင်တွေအတွက် အဓိကကျတဲ့ ရိက္ခာတွေကို သွားရောက်ပေးဝေခဲ့တယ်လို့ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေးအသင်းရဲ့ အဖွဲ့ဝင် ကိုပြည့်စုံက ကန္တရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ လိုအပ်နေတဲ့ သူတွေတော့များတယ်။ ဒါပေမဲ့ ကိုယ်နိုင်သလောက်ပဲ အရင်ပေးနိုင်ခဲ့တယ်။ ဒီဘက်ကိုရောက်ပြီးတော့ စီစဥ်ပေးတဲ့နေရာတွေမှာ တချို့ကဘုံချက်စားကြတယ်။ တချို့နေရာကလူတွေကတော့ ကိုယ့်မိသားစုနဲ့ကိုယ် ချက်စားကြတာလည်းရှိတယ်။ ဒီဘက်မှာအေးတဲ့အချိန် ရောက်နေပြီဆိုတော့ စောင်တွေတော်တော်လိုအပ်နေတယ်။ နောက် စားနပ်ရိက္ခာနဲ့သောက်သုံးရေလည်းတော်တော်လိုအပ်နေပါတယ်” လို့ ပြည်ကံ့ကော် စစ်ရှောင်ကူညီရေးအသင်းရဲ့ အဖွဲ့ဝင် ကိုပြည့်စုံက ဆိုပါတယ်။

ဒီးမော့ဆိုမှာရှိနေပြီးသား စစ်ရှောင်လူထုတွေလည်း လိုအပ်ချက်တွေရှိနေဆဲဖြစ်ပေမဲ့ လက်ရှိ လွိုင်ကော်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အရေးပေါ် လိုအပ်နေသူ စစ်ရှောင် ၁၅၀ ဦးကို အရင်ပေးဝေခဲ့တယ်လို့ ကိုပြည့်စုံက ဆိုပါတယ်။

ဒေါဥခူ ရပ်ကွက် ၊နာနတ်တောရပ်ကွက် ၊ထေးငှားလျားကျေးရွာမှ အရေးပေါ်စစ်ရှောင်တွေဖြစ်ပြီး ဆန်၊ဆီနှင့် အခြားရိက္ခာခြောက်တွေကို မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာတွေအပြင် သောက်သုံးရေတွေလည်း အဓိက လိုအပ်နေကြတယ်လို့ ဆိုပါတယ်။
အရေးပေါ် လိုအပ်ချက်တွေများနေတာကြောင့် တတ်နိုင်တဲ့ဖက်ကနေ ပူးပေါင်း လှူဒါန်းပေးဖို့ကိုလည်း ကိုပြည့်စုံက တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts