spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလယ်​ကယန်းအုပ်​စု၌ ခရစ္စမတ်ကာလ နယ်လှည့် အခမဲ့ဆေးကုသ

Author

Date

Category

ခွန်​းကလိုင်​းဖရီး

ရှမ်း၊တောင် ဖယ်ခုံမြို့နယ် အလယ်ကယန်းကျေးရွာအုပ်စု ဆီးဘူးတိုက်နယ်ဆေးရုံ ဧရိယာတွင်​ရှိ​သော ကျေးရွာ (၇) ရွာသို့ ခရစ္စမတ်ကာလတွင်း နယ်လှည့် အခမဲ့ ဆေးကုသသည်​့ အစီအစဉ်​ပြုလုပ်​ခဲ့​သည်​။

အဆိုပါ အခမဲ့ဆေးကုသသည်​့ အစီအစဉ်အား ဆီးဘူးတိုက်နယ်ဆေးရုံအပါအဝင် ရန်ကုန်နှင်​့ တောင်ကြီးမှ ပရဟိတ အလှူရှင်များ ပူးပေါင်းပြီး အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ခြင်​းဖြစ်​သည်​။

၄င်​းခရီးစဉ်ကို စီစဉ်ရခြင်​းနှင်​့ ပတ်သက်၍ ဆီးဘူးတိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာ သက်​​ဇော်က “ဝမ်းပျက် ဝမ်းလျှောရောဂါတို့၊ ကလေးအဆုပ်အအေးမိ ရောဂါတို့၊ အဖျားရောဂါတို့၊ နားပီယိုရောဂါတို့က မကြာခဏ ဖြစ်နေတယ်ပေါ့။ ကျနော်တို့ ကုပြီးတယ်၊ တစ်လနှစ်လနေ ကလေးတွေက ပြန်ပြတယ်။ အဲ့ချိန်မှာ ရောဂါကုသနေတစ်ခုထဲနဲ့တင် မရဘူး၊ ရွာတွေထဲထိ သွားရောက်ပြီးတော့ ကာကွယ်ရေး နည်းစနစ်တွေပါ၊ ကလေးတွေ၊ ကယန်းကျေးရွာ ပြည်သူလူထုတွေဆီကို ပြောမှ ဒီရောဂါတွေကို ကာကွယ်တာဆီးနိုင်မယ်” ဟု ပြောသည်​။

ယခုကဲ့သို့ ဆေးကုသသည်​့ ခရီးစဉ်တွင်​ ရောဂါ ရှာဖွေကုသခြင်​းအပြင် ကြိုတင်ကာကွယ်ခြင်​းနှင်​့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောခြင်​းများ ပြုလုပ်​ခဲ့​ကြောင်​း ၄င်​းက ဆိုသည်​။

ကယန်းလူထုတွင်းတွင်​ ကျန်းမာရေးဆိုင်​ရာ အသိပညာအားနည်းခြင်​း​ကြောင့် အသက်မသေသင့်ပဲ သေဆုံးခဲ့သည်​့ သူများရှိသည်​့အတွက်​ အခမဲ့ ဆေးကုတဲ့ ခရီးစဉ်ကို ပြုလုပ်ရခြင်​းလည်​းဖြစ်​​ကြောင်​း ဆိုသည်​။

အထူးသဖြင့် ကလေးငယ်များအတွက် အခြေခံကျန်းမာရေးနည်းလမ်းများသည်​့ သွားတိုက်နည်း၊ လက်ဆေးနည်းများကို သင်ကြားပေးခဲ့ပြီး ခရစ္စမတ်လက်ဆောင်အနေဖြင်​့ မုန့်များ ဝေမျှပေးခဲ့​ကြောင်​း သိရသည်​။

“ကျနော်က ဒီဒေသမှာ လာပြီး မနှစ်က ကတည်းက ကူညီနေတာပါ။ ကျနော်ဘာဖြစ်လို့ ဒီဒေသကို ကူညီနေတာလဲဆိုတော့ ကျနော်တို့ မြန်မာတစ်နိုင်ငံထဲမှာရှိတဲ့ အကုန်လုံးက တိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားတွေ အကုန်လုံးက နိုင်ငံသားတွေဖြစ်တဲ့အတွက် လူမျိုးမရွေးဘာသာမရွေး ဒီမှာ လာကူညီရတဲ့အတွက် ကျနော်တို့ ပျော်တယ်” ဟု အလှူရှင် တစ်ဦးဖြစ်သည်​ ကိုစိုးထိုက်​(ဖဒို) က ဆိုသည်​။

ထို့အပြင် ၄င်​းကဲ့သို့ လာရောက်ကူညီရသည်​့အပေါ် ဒေသခံများနှင်​့ ဒေသခေါင်းဆောင်များမှ လှိုက်လှိုက်လှဲလှဲကြိုဆိုသည်​့အပြင်​ ဧည့်ဝတ်ကျေပွန်သည်​့အတွက်​ကြောင်​့ ကျေနပ်ကြောင်း သူက ဆိုသည်​။

၄င်​းအခမဲ့ ဆေးကုပေးသည်​့ ခရီးစဉ်တွင်​ လိုအပ်သည်​့ ​ဆေးဖိုးဝါးခအတွက် အဆိုပါအလှူရှင်များမှ ငွေကျပ် (၁၀) သိန်းကျော် လှူဒါန်းပေးခဲ့သည်​။ ကယန်းပြည်သစ်ပါတီမှလည်​း အဆိုပါ ခရီးစဉ်အတွက် သွားလာရေးနှင်​့ နေထိုင်စားသောက်ရေးအတွက် အကူအညီပေးခဲ့​ကြောင်​း သိရသည်​။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်​ စတင်သည်​့ ၃ ညအိပ် ၄ ရက်ကြာသည်​့ ဒီခရီးစဉ်တွင်​ ဆီးဘူးတိုက်နယ်ဆေးရုံကးမှ ဒေါက်တာသက်​​ဇော်နှင်​့ သူနာပြုဆရာမ (၂) ဦးအပါအဝင် ဆေးဖိုးဝါးခများကို လှူဒါန်းခဲ့သည်​့ ရန်ကုန်နှင်​့ တောင်ကြီးမှ အလှူရှင် (၈) ဦးတို့လည်း လိုက်ပါခဲ့ကြ​ကြောင်​းသိရသည်​။

spot_img
spot_img

Recent posts