spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလှူရှင်ထောက်ပံ့မှုမရရှိတဲ့ စစ်ရှောင်တချို့ နေ့စားခနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ရှောင်စခန်းအတွင်း နေထိုင်တာမဟုတ်ဘဲ နီးစပ်ရာဆွေမျိုး ကျေးရွာတွေမှာ ခိုလှုံနေထိုင်ကြတဲ့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်တွေဆီ အလှူရှင်မရောက်တာ နှစ်လကျော်သွားပြီ ဖြစ်တဲ့အတွက် နေ့စားလိုက်ပြီး စားဝတ်နေရေးကို ရုန်းကန်ဖြေရှင်းနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

နေ့စားငှားတဲ့ မည်သည့်အလုပ်ကိုမဆို သွားရောက်လုပ်ကိုင်ပြီး တချို့ရက်တွေမှာ ပိုက်ဆံရပေမယ့် တချို့ရက်တွေမှာတော့ ဆန်အဖြစ် နေ့စားခ ရကြတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူများအငှားလိုက်တယ် အဲ့မျိုးပေါ့ သူများစပါးခေါ်ရိတ်တယ်ဆိုလဲ တစ်ရက် (၅၀၀၀) ဆိုလဲ ကျွန်တော်တို့လိုက်ရတယ်ပေါ့ အဲ့လိုမျိုးပေါ့။ တကယ်လို့ တချို့ဆိုလဲ တစ်ရက်‌(၆၀၀၀)ဆိုလဲ အဲ့လိုမျိုးလဲလိုက်ရတယ်ပေါ့။ လူများခေါ်သလောက်ပဲ ကျွန်တော်တို့လဲလိုက်ရတယ်ပေါ့နော်။ ကျွန်တော်တို့လဲ အလုပ်မှမရှိဘူးကော ဘယ်လောက်ပဲပေးပေး ကျွန်တော်တို့ကလိုက်ရတယ်ပေါ့။ သဘော တချို့ဆိုလဲ ဆန်(၁၀)ဘူးဆိုလဲ လုပ်ရတာပဲ။ ဆန်နဲ့ပေးရင်လဲလုပ်ရတာပဲ ဒီပိုက်ဆံနဲ့ပေးရင်လဲလုပ်ရတယ်ပဲပေါ့နော်။အဓိက ကျွန်တော်တို့စားဝတ်နေရေး အဲ့လိုမျိုးတစ်ခုပဲပေါ့” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်နယ်အတွင်း တိုက်ပွဲမဖြစ်ခင်အထိ မိမိနေရပ်မှာနေထိုင်ပြီး တောင်ယာလုပ်ငန်းနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းကြတဲ့ ကရင်နီလူထုတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသလို တောင်ယာလုပ်ငန်းကိုလည်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး။

အလှူရှင်မရောက်ရှိတာကြောင့် နေ့စားလိုက်ပြီး တစ်နိုင်တစ်ပိုင်စားဝတ်နေရေးကို ဖြေရှင်းနေကြရတာပါ။ အခြေခံစားသောက်ကုန်တွေလည်း မြင့်တက်လာတာကြောင့် ချွေတာစားသုံးနေရတယ်လို့ စစ်ရှောင်မိသားစုတွေက ပြောကြပါတယ်။

“ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက်တော့ ဒီ စားဝတ်နေရေး‌ကတော့ လုံလောက်မှုတော့ လောက်တာမလောက်ဆိုတာထက် ကျွန်တော်တို့ကတော့ ဆင်ခြင်ပြီး စားရတယ်ပေါ့နော်။ အိမ်မှာနေလိုမျိုးနဲ့မှမတူတာကောနော်။ အဲ့လိုမျိုးပေါ့။ ကိုယ်အိမ်နဲ့ကိုယ်နေလိုမျိုး မတူတဲ့ခါကျတော့ ကိုယ့်ကိုထိန်းပြီးတော့စားရတယ်ပေါ့။”လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံနှစ်သိန်းဝန်းကျင်ဟာ စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်အတွင်း အလှူရှင်ရဲ့ ထောက်ပံ့မှုကို အားထားမှီခိုနေကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆောင်းရာသီကာလဖြစ်တာကြောင့် အခြေခံစားသောက်ကုန်အပြင် စောင်၊ အနွေးထည်တွေလည်း လိုအပ်မှုရှိနေဆဲလို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts