spot_img
Sunday, April 2, 2023
spot_img

အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ရည်ရွယ်ပြီး စစ်ရှောင်ကလေးတွေကို ခဲပန်းချီဆွဲသင်တန်း ပို့ချ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ကလေး၊ လူငယ် (၄၀)ကျော်ကို ပန်းချီဆရာမတစ်ဦးမှ အခြေခံ ခဲပန်းချီ ဆွဲနည်းသင်တန်းကို ဩဂုတ်လ ၄ ရက်နေ့မှစ ၁၅ရက်နေ့အထိ နှစ်ပတ်တိတိ ပို့ချပေးနေပါတယ်။

“ဒီနိုင်ငံရေးကာလ စစ်ရှောင်နေတဲ့အခက်ခဲကာလမှာ တော်တော်များများ ကလေးတွေ လမ်းပျောက်ကြတာပေါ့နော်။အဲ့ဒီလမ်းပျောက်ကြတဲ့အပေါ်မှာ တစ်ချို့ကလေးတွေအနေနဲ့ ဒီအခက်ခဲကြားထဲကနေပြီးတော့မှ အသက်မွေး၀မ်းကျောင်းပညာတစ်ခုလောက်ရသွားစေချင်တဲ့ရည်ရွယ်ချက်နဲ့ဒီသင်တန်းကိုလာပို့ချပေးဖြစ်တာပါ” လို့ ခဲပန်းချီသင်တန်းပို့ချပေးတဲ့ လူငယ်ဆရာမတစ်ဦးက ပြောပါတယ်။

ခဲပန်းချီဆွဲနည်းတတ်မြောက်ပြီး နောင်တစ်ချိန်မှာ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး စစ်ရှောင်စခန်းက ကလေး၊ လူငယ်အပြင် ပြင်ပလူငယ်တွေလည်း ပါဝင်တက်ရောက်ကြတယ်လို့ သိရပါတယ်။

တစ်ရက်ကို အတန်းနှစ်ချိန်နဲ့ အကြီးတန်း၊ အငယ်တန်းခွဲထားပြီး မနက် ၉နာရီမှ ညနေ ၃ နာရီထိကို အကြီးတန်း၊ ညနေ ၃နာရီမှ ၅နာရီထိကို အငယ်တန်း စသဖြင့် ပိုင်းခြားထားပြီး ပို့ချပေးနေတာပါ။

အသက် (၁၃)နှစ်မှ အသက် (၂၁)နှစ်အထိ ကလေး၊ လူငယ်တွေ တက်ရောက်ကြပြီး စိတ်ပါဝင်စားစွာနဲ့ သင်ကြားနေတာကို တွေ့ရှိရတယ်လို့ သင်တန်းဆရာမက ပြောပါတယ်။ တက်ရောက်ကြတဲ့သူတွေအားလုံးက ပန်းချီလက်စွမ်းရှိတဲ့အတွက် နောင်တချိန်မှာ အသက်မွေးဝမ်းကြောင်းပြုနိုင်မယ်လို့ ဆိုပါတယ်။ ထပ်မံပြီး အခြားစစ်ရှောင်စခန်းတွေမှာလည်း ဖွင့်လှစ်သွားမယ်လို့ သင်တန်းဆရာမကပြောပါတယ်။

“ကလေးကလည်း ပန်းချီအခြေခံရှိထားတဲ့ကလေးတွေဖြစ်တယ်။ အခြေခံမရှိထားတဲ့ကလေးတွေလည်းသူတို့က စိတ်ပါ၀င်စားစွာ လိုက်သင်ကြားနေတာတွေ့ရတယ်”လို့ ဒီးမော့ဆိုမြို့နယ်ပညာရေးကော်မတီ ဘုတ်အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

လိုအပ်တဲ့ ခဲတံ၊ ခဲဖျက်၊ စာရွက်၊ ရောင်စုံခဲတံ တွေကိုတော့ ပညာရေးကော်မတီကနေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...