spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

အသက် (၄၀)အရွယ်အမျိူးသမီးတစ်ဦး မျှစ်ရှာရင်း မိုင်းနင်းမိ

Sunday, June 15, 2025

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဇွန်လ (၃)ရက်နေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် တောင်ဘက်ခြမ်းကျေးရွာတစ်ရွာက အသက် (၄၀)အရွယ် အမျိုးသမီးဟာ မျှစ်ရှာရင်း မိုင်းနင်းမိကာ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျေးရွာမှာပဲ နေထိုင်ကြရင်းနဲ့ မျှစ်ရှာဖို့ ထွက်သွားတဲ့ချိန်မှာ မိုင်းနင်းမိတာဖြစ်တယ်လို့ အဆိုပါအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

” အိမ်တွေဘာတွေ ရှိသေးတော့ ရွာထဲမှာပဲ နေကြတာပေါ့နော်။ အဲ့ကနေ ဟင်းရှာထွက်ရင်းနဲ့ နေ့လည်ပိုင်းလောက်မှာ မိုင်းနင်းမိတာ ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ မိုင်းနင်းမိတဲ့အမျိုးသမီးကို လူမှုအသင်းအဖွဲ့ တစ်ခုက လာရောက်ခေါ်ဆောင်သွားပြီ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Recent Articles

Related Stories