spot_img
Friday, March 24, 2023
spot_img

အာဏာသိမ်းကာလအတွင်း KNDFအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ကျဆုံးသူ ၂၁ ဦးထိရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မေလ(၂၁) ရက်နေ့ကနေ လက်ရှိအချိန်ထိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဝင်အားလုံး သေဆုံးသူ (၂၁) ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားတပ်စု (PKPF) လူမှုကွန်ယက်စာမျက်နှာမှာ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ အဓိက တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ KNDFမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ အဓိကကတော့ တိုက်ပွဲအတွင်းမှာပဲခင်ဗျာ။ တချို့ကတော့ တိုက်ပွဲ ဖြစ်နေရင်းနဲ့ ဖမ်းဆီခံရ ပြီး သေသွားတဲ့သူလည်း ရှိပါတယ်ခင်ဗျာ။’’လို့ သူက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ အတွင်း တိုက်ပွဲပေါင်း (၇၉)ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ(၁)ရက်နေ့ကနေ စက်တင်ဘာ (၂၇)ရက်နေ့အထိ သေဆုံးသွားသူ (၁၀၁) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေထဲမှာ KNDFနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် သေဆုံးသူ (၂၁)ဦး၊ သပိတ်အတွင်းသေဆုံးသူ(၂)ဦး၊ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုခံရတဲ့ အရပ်သားပြည်သူ(၇၂)ဦး နဲ့ စစ်ဘေးရှောင်ရင်း သေဆုံးသွားသူ(၆)ဦး တို့ ဖြစ်တယ်လို့ PKPFက ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...