spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အာဏာသိမ်းပြီး တစ်နှစ်အတွင်း ကရင်နီပြည်မှာ ကျောင်းပေါင်း (၂၀၀) နီးပါး ဖွင့်လှစ်ကာ ပညာသင်ကြားပေးနိုင်ခဲ့

Author

Date

Category

လေးမြာ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ ကယားပြည်နယ်လုံး ဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှဦးဆောင်ပြီး CDM ကျောင်းဆရာ/မ များမှ ကျောင်းပေါင်း ( ၂၀၀ ) နီးပါးမှာ ပညာသင်ကြားပေးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူ ဆရာတစ်ဦးကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ကျောင်းပေါင်း ၁၀၀ ကျော် နဲ့ ဖရူဆိုမြို့နယ်မှာ ကျောင်းပေါင်း ၉၀ ကျော် မယ်စဲ့မြို့နယ်မှာ ၆ ကျောင်း ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသူကျောင်းသားပေါင်း နှစ်သောင်းကျော်ကို ပညာသင်ပေးနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ဒီးမော့ဆိုတစ်မြို့နယ်လုံးကွင်းဆင်းတယ်၊ဖရူဆိုတစ်မြို့နယ်လုံးကွင်းဆင်းတယ်၊ပြီး တော့ မယ်စဲ့မြို့နယ်အထိပါ ကွင်းဆင်းပြီးတော့ ဒီကြားကာလာ ပညာသင်ကြားရေးအစီအစဉ်ကို ကျွန်တော်တို့ဖော်ဆောင်ပေးနေပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ ကျောင်းပေါင်း ၁၀၀ကျော် နဲ့ ကျောင်းသားပေါင်း ၁၅၀၀၀ ကျော် ပေါ့ ပြီးလို့ရှိရင် ဖရူဆိုမြို့နယ်မှာဆိုရင် ကျောင်းပေါင်း ၉၀ ကျော်နဲ့ ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်ပေါ့၊ ကျွန်တော်တို့ မယ်စဲ့မြို့နယ်မှာဆိုရင် ကျောင်း ၆ ကျောင်းနဲ့ ကျောင်းသားကျောင်းသူအားလုံး ၅၀၀ ကျော် ပေါ့ ကျွန်တော်တို့ အဲလိုမျိုးဖော်ဆောင်ပေး နေတာရှိပါတယ်။” လို့ တာဝန်ရှိသူ ဆရာတစ်ဦးကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ မယ်စဲ့မြို့နယ်တွေမှာ ကျေးရွာတွေအထိ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှာ စတင်ကွင်းဆင်းခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာ စာသင်ကြားနိုင်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဒီမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေဆက်နေတဲ့ အခြေအနေမျိုးကြောင့် တချို့ကျောင်းတွေကို ပိတ်ထား ရတာတွေရှိနေတယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ ကျောင်းသား၊ကျောင်းသူတွေအတွက် ဖတ်စာအုပ်မလုံလောက်တာအပြင် သင်ထောက်ကူပစ္စည်းလိုအပ်ချက်နဲ့ အတူ ဆရာ၊ဆရာမတွေကို ထောက်ပံ့ငွေပုံမှန်မပေးနိုင်သေးဘူးလို့လည်းဆိုပါတယ်။

“ကျွန်တော်တို့ ဒီ ကလေးတွေသင်ကြားပေးဖို့ အထောက်အကူပစ္စည်းတွေကော သင်ကြားပေးနေတဲ့ CDM ဆရာမတွေ ထောက်ပံ့ကြေး ပုံမှန်မပေးနိုင်တဲ့ အခက်အခဲပေါ့။ ကျွန်တော်တို့က အလှူရှင်ပုံမှန်ရှာတယ်။ အလှူရှင်ရှိမှ ကျွန်တော်တို့ ပေးနိုင်တယ်။ အလှူရှင်မရရင် ကျွန်တော်တို့လည်း မပေးနိုင်ဘူးပေါ့။ သူတို့လည်း စေတနာနဲ့ အခမဲ့ သင်ကြားပေးနေကြတယ်။ အဲလိုမျိုးတော့ရှိတယ်။” လို့ တာဝန်ရှိသူ ဆရာတစ်ဦး ကပြောပါတယ်။

ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအဖွဲ့ဟာ အာဏာသိမ်းပြီးစ သပိတ်ကာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ NUG ပညာရေးဌာန၊ KSCC တို့နဲ့လည်းချိတ်ဆက်ဆောင်ရွက်နေကာ CDM ကျောင်းဆရာ၊ဆရာမတွေကို ထောက်ပံ့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts