spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဖယ်ခုံမြို့တွင်ပြုလုပ်ပြီး လူဦးရေထောင်ချီပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့မှာ ဒီကနေ့ ညနေပိုင်း ၆ နာအချိန်က အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ ဖယ်ခုံမြို့ခံလူထု ၂၀၀၀ ခန့်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဖယ်ခုံမြို့ခံတစ်ဦးက “အဓိကတော့ စစ်အာဏာရှင်စနစ်ကို မလိုလားကြဘူးပေါ့။ စစ်အာဏာရှင်ကို ပြည်သူတွေ ဆန့်ကျင်တယ်ဆိုတဲ့အကြောင်းတွေကို တစ်စုတစ်စည်း တည်း ပြဖို့ ဒီမှာ စုစည်းပြီးတော့ လာကြတာဗျ။” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အနက်ရောင် ဝတ်စုံတွေဝတ်ဆင်ပြီးတော့ ဖယောင်းတိုင်ကိုင်တာတွေ၊ ဖဲကြိုးနီချိတ်ဆွဲ တာတွေအပြင် ဟောပြောတာတွေနဲ့ “စစ်အာဏာရှင်အလိုမရှိ၊ အရေးတော်ပုံ အောင်ရမည်” စတဲ့ ကြွေးကြော်သံတွေကို ရွတ်ဆိုခဲ့ ကြပါတယ်။

“ကျနော်တို့မှ အခုချိန်မှာ မတွန်းလှန်ရင် ကျနော်တို့ ဘယ်ချိန်တွန်းလှန်မလဲပေါ့နော်။ ကျနော်တို့လူငယ်တွေ အကုန်လုံးပူးပေါင်းပါ။ အာဏာရှင်ဆိုတဲ့ စကားလုံးကို ကျနော်တို့ရဲ့ မြန်မာ့သမိုင်းမှာပဲ ကျန်ပါစေပေါ့နော်။ နောက်မျိုးဆက်အထိ မသယ်သွားကြပါနဲ့။ အကုန်လုံးပူးပေါင်းပြီးတော့ တိုက်ထုတ်ဖို့ ကျနော်တို့ အားပေး ချင်ပါတယ်။ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ”လို့ ဖယ်ခုံမြို့ခံတစ်ဦးက ပြောပါတယ်။

နောက်နေ့တွေမှာလည်း ခုလို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ အစီအစဉ်တွေကို ဆက်လက်လုပ် ဆောင်သွားမယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts