spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အာဏာအဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီ အသုံးချနေဆဲ

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းစစ်ကောင်စီဟာ အာဏာအဓွန့်ရှည်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အသုံးချနေတာ ဖြစ်တယ်လို့ Burma News International (BNI) က ထုတ်ဝေမယ့် “စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အသုံးချခံငြိမ်းချမ်းရေး” စာတမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

စာတမ်းမှာဆိုရင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မေးမြန်း သုတေသန ပြုထားတာဖြစ်ပါတယ်။

စစ်ကောင်စီက NCA ထိုးထားတဲ့ အဖွဲ့ ၁၀ဖွဲ့ထဲက ၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်တာရှိခဲ့သလို ဒီဇင်ဘာ ၂၇ကနေ ၃၀ ရက်အထိ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာလည်း ၅ဖွဲ့သာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပေမယ့် ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခကို လျော့ချနိုင်ခြင်းမရှိသေးဘူးလို့ သူက စာတမ်းမိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။

စာတမ်းပြုစုမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် တစ်ဦးက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ NCAလက်မှတ်ထိုး ၁၀ဖွဲ့ကို ကြည့်မယ်ဆိုရင် ၁၀ဖွဲ့ကနေပြီး သူ့ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တကယ်တမ်းအသိမှတ်ပြုပြီးသွားဆွေးနွေးတာ။ ၂ကြိမ် သွားဆွေးနွေးတာ ၇ဖွဲ့ ပေါ့နော။ အခု အဲ့ဒီ ၇ဖွဲ့ကိုတောင်မှ သူတို့ တစ်ပြိုင်နက်တွေ့ဖို့ဆို တာ စစ်အုပ်စုမှာ အစီအစဉ်ရှိမနေဘူး။ ဒါကြောင့်မလို့ တွေ့ဆုံဆွေးနွေးရေးနောက်တစ်ဆင့် တက်ဖို့ဆိုတာ မလွယ်ကူဘူး။ အဲ့အတွက်ကြောင့် အခုနောက်ဆုံး သူတို့ သွားတွေ့တာ ၅ဖွဲ့ RCSSနဲ့ NMSP ဒီ ၂ဖွဲ့ ဘာကြောင့် ကျန်ခဲ့လဲ/ ဒီဟာတွေက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အသုံးချမှုတွေက ပိုမြင်ရတယ်ပေါ့နော။ သွားတွေ့တဲ့ အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စု ကြားထဲမှာ တိုက်ပွဲတွေ တကယ်ဖြစ်နေသလားပေါ့။ ကျနော်တို့ တကယ်တမ်း ပဋိပက္ခလျော့ချနိုင်မှာက လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အင်အားစုတွေကို စစ်အုပ်စု အနေနဲ့ အသိအမှတ်မပြုပဲနဲ့ ဘယ်လိုလုပ် ဒီတိုက်ပွဲ လျော့ချနိုင်မလဲ ဆိုတဲ့ မေးခွန်းက တော်တော်ကြီးမားတဲ့ မေးခွန်းဖြစ်နေတယ်ပေါ့နော။ “

လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့အထဲမှာဆိုရင် အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတဲ့ PDF လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင်သလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေမှာဆိုရင်တော့ အဲဒီPDFတွေကို ဖိတ်ခေါ်ခြင်းမရှိပါဘူး။

“ တကယ်တမ်းကျနော်တို့ ရဲ့ ခုခံတော်လှန် စစ်ကို ဒီအာဏာသိမ်းကာလအတွင်းကြည့်မယ်ဆိုလို့ရှိရင် တကယ်တမ်းတိုက်ပွဲဖြစ်တာ PDF/LDF နဲ့ EROပူးပေါင်းတိုက်တဲ့ တိုက်ပွဲတွေက အများဆုံးဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို စစ်အုပ်စုအနေနဲ့ လျစ်လျူရှု ထားသရွေ့ကလည်း ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အနေအထား မျိုးကို သွားတွေ့တယ်။ “ လို့ မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် တစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကိုဖိတ်ခေါ်တာလည်း ရှိတယ်လို့ သိရပါတယ်။

“ သူတို့လက်ရှိ အနေအထားအရ တခြားတိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှုတွေလုပ်မယ်။ နောက်ပြီးမှ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတာကဒါက သူတို့ ရေရှည်ဆွဲဆန့်နိုင်ဖို့ အသုံးချနေတာဖြစ်တယ်။ အဲ့တော့ နောက်တစ်ခု အဲ့ဒီထဲမှာက တိုင်းရင်းသားတွေ အချင်းချင်း စိတ်ဝမ်းကွဲအောင်လည်း သူဖန်တီးတာလည်းပါတယ်။ ဘယ်နည်းနဲ့မဆို ရေရှည်သွားနိုင်ဖို့အတွက် သူတို့က ငြိမ်းချမ်းရေးခေါ်တာဖြစ်တယ်။ “ လို့ KNPPအတွင်းရေးမှူး (၁) ခူဒယ်နီယာယ်က ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) တို့ဟာ အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာဖြစ်သလို လူထုအများအပြားရဲ့ အားပေးထောက်ခံမှုတွေကိုလည်း ရရှိထားပါတယ်။

spot_img
spot_img