spot_img
Monday, May 16, 2022
spot_img

အိမ်အပြန်

Must read

spot_img

အိမ်ပြန်လမ်းသည် ရင်ခုန်ခြင်းထက် ရင်တုန်ခြင်းကာ ပို၏ ဖယ်ခုံ ​ရောက်သည်နှင့် တစ်ပြိုင်နက် စိုးရိမ်းခြင်း အမှတ်မှာ လွိုင်​ကော်သို့ ပြန်​နေကြ သူတိုင်း ရှိလိမ့်မည် ။ အနည်းနဲ့ အများသာ ကွာနိုင်သည် ။

အချိန်မ​ရွေး စစ်ပွဲများ ဖြစ်နိုင်၏ အချိန်းမ​ရွေး အ​ကြောင်းမျိုးမျိုးဖြင့် ဖမ်းစီး ​ခေါ် ​ဆောင်ခံရနိုင်၏ တစ်ဂိတ်ကိုဖြတ်လျှင် စာ​မေးပွဲ ခန်း တစ်ခုကို ​ဝင်ရသကဲ့သို့ပင် ။ အ​ဖြေမှားမှာ စိုးရ၏။

ဤသို့ဖြင့် မြို့ အတွင်း ​ရောက်​သော် စိတ် နှလုံးမ​အေး နိုင်​သေးပါ ။ တိတ်ဆိတ်​ခြောက်ကပ်​သော လမ်းများထက် မြို့ခံ များ ကို ဟိုတစ်စ ဒီတစ်စ ကျိုးတိုကျဲတဲ မြင်ရ၏။

မိမိရပ်ကွက် နှင့် မိမိအိမ်ကို ​ရောက်ချင်​ဇော များလာမိသည် ။ ကြားရသည့် သတင်းများ အရ အိမ်များ အ​ဖောက်ခံ ရသည် ။ အ​မွှေခံရသည် ။ သို့​သော် မိမိ တို့ရပ်ကွက်သည် အခြားရပ်ကွက်နှင့် ဆိုင်လျှင် မဆိုးဟုလည်း သိရှိထားသည် ။မည်သို့ပင်ဆို​စေကာမှု အိမ်၏​ခြေ​နေကိုမှု သိချင်လှ၏။

သည်လိုနှင့် ယခင်က လူအသွားလာများခဲ့​သော မိမိတို့ ရပ်ကွက်လမ်း​လေးမှာ တိတ်ဆိတ်လျှက် ။ လမ်းတစ်​​​လျှောက်ကို ​ငေးလျှင် ​သော့​ခေတ် ထား​သော တံခါးများ ။ ပိတ်ထား​သော ဆိုင်များ ကသာ ဆီးကြို​နေ၏။

လမ်း​ပေါ်မှာ ​ခွေးများ ကို ကျန်းကျန်းမာမာ​တွေ့ရ​တော့ မဆိုးဘူး အစာ​တွေ ​​ကွေျး ကြ​စောင့်​ရှောက် ကြ​ပေသည် ဟု ကျိတ်၍ ​ကျေနပ်မိ၏။

အိမ်သို့ ​ရောက်ပြီ။ အိမ်သည် ဘာမျှ မ​ပြောင်းလဲ ဖုန်မှုန့် များသာ အရင်က ထူလာသည် ထင်ရ၏ အ​မေစိုက်ခဲ့သည် ပန်းပင်များ ညိုး​ရော်​နေသည် ။ စားပင်များ ​ခြောက်ကပ်​နေ၏ တစ်ချက် သတိရမိသွားသည် ။

မိမိတို့ အိမ်တွင် ချန်ရစ်ခဲ့မိ​သော တစ်ခုတည်း​​သော သက်ရှိ ။ အ​ပြေးသွားကြည့်မိသည် ။ ငါးဆို ​တော့ အုတ်ကန်ထဲ ရုတ်တရက်မ​တွေ့ ​ရေ​အောက်သွင်း ပုန်း​နေသာဖြစ်မည်။

အိမ်ခန်းထဲ တွင် အရာရာအရင်တိုင်းမို့ သက်ပြင်းချ နိုင်လိုက်သည် ။ ကြွက်ချီးများ​တော့ ​နေရာအနှံ​တွေ့ရပြီး ပင့်ကူအိမ်အချို့ ငြိမ်းချမ်းစွာ တည်ဖွဲ့​နေ၏။

ငါးစာ ထုတ် ​လေးမြင်မှ အုတ်ကန်ထဲက ငါး ကိုပြန်သတိရ၏ သူခမျာ ငါးစာ မစားရ ကန်ထဲက အ​ကောင့်​ပလောင်များဖြင့် အသက်ဆက်ရမည်မှာ ပင်ပန်းရှာ​ပေလိမ့်မယ် ​ကွေျးဦးမှဟု သတိချပ်ကာ ငါးရှိရာသို့ လာခဲ့သည် ။

ငါးသည်​သေ​နေပါသည် ။ အုတ်ကန်​ပေါ် သွပ်ပြား အုပ်ထားသဖြင့် ခုဏက ရုတ်တရက်မမြင်ခဲ့ ခြင်းသာ ဖြစ်လိမ့်မည် ။ ရင်ထဲ​တော့ တစ်မျိုးတစ်မည်ခံစားရ၏
တစ်နှစ်​ကျော် မှန်ကန်ထဲ ပြုစု​စောင့်​ရှောက်ခဲ့​သော ငါး​လေးသည် ​သေသွား​လေ၏ သို့​သော််မတတ်နိုင်ပါ ။ အခြားသူများ၏ ဆုံးရှုံးမှုကို ကိုယ်ချင်းစာ ဆင်ခြင်မိ ၏ မိသားစုများဆုံးရှုံး သူများ ၊ အိုးအိမ် ပျက်စီးသူများ နှင့်ယှဥ်လျှင် မိမိအဖြစ်မှာ မ​ပြောပ​လောက် ။

​ဘေးအိမ်မှ ကား သံကြား၍ထွက်ကြည့်မိသည် အထုပ်ပိုးများဖြင့် ​တွေ့​သော​ကြောင့် အိမ်ပြန် လာ​နေပုံ ရသည် ။ ၄င်းတို့်မှာ မိမိကို မ​တွေ့ ။ မိမိကသာ ၄င်းတို့ကို​ရော ၄င်းတို့၏​ဇော ကိုပါ မြင်​နေရ၏ ဘာတစ်ခုမှ မဆုံးရှုံးပါ​စေနှင့်ဟုသာ ဆု​တောင်းမိ ​တော့သည် ။

ဒီလိုနှင့် မိတ်​​​ဟောင်း​ဆွေ​ဟောင်း များနှင့် ​တွေ့ရန် အလို့ငှာ လက်ဖက်ရည်ဆိုင် သို့ ချိန်းလိုက်ကြသည် ။ ဆိုင်ရှင်ကြီးအား ​ရောင်းရလား​မေ ​တော့ ခပ်ယဲ့ယဲ့​လေး “ဒီလိုပါပဲ “ဟုသာ​ဖြေ၏။

မိမိထက် လွိုင်​ကော်သို့ အရင်​ရောက်နှင့်သူများမှ လည်း ၄င်းတို့၏ အ​တွေ့ကြုံများကို “မီး ကပုံမှန်မလာဘူး ။ ​လွိုင်​ကော်မှာ​နေမယ်ဆိုရင်​တော့ လက်နက်ကြီးသံကို ရင်ခုန်​နေလို့ မရ​တော့ဘူးဟ။ လွိုင်​​ကော်သားမှန်ရင် ​သေနတ်သံ​တွေ နဲ့ နားယဥ်​နေရမှာပဲ မကြားရတဲ့​နေ့ မရှိသ​လောက်ပဲကိုကွ ” ဟု အရွှင်​ဖောက်​ပြောသည် ။ သို့​သော် မျက်နှာမှာရွှင်ပြ လှသည်​တော့မဟုတ်။

မိုင်းလုံးအ​ခြေ​နေ များကို စိတ်ဝင်စားသဖြင့် ထပ်​မေးရာ “မိုင်းလုံးက အိမ်တိုင်း နီးပါး အ​ဖောက်ခံရတယ်ဟ၊ ကိုယ့်အိမ်ကို ပြန်ကြည့်ရင်​တောင် ​ထောက်ခံစာနဲ့မှ ။ ​နေလို့ရပြီလို့လည်း ကြားတယ် ။ ” ဟု ပြောသည်။

စစ်​ရှောင်အ​တွေ့ ကြုံများမှာလည်း လွယ်လှသည်​တော့မဟုတ်။

“အိမ်ငှားခက အနည်းဆုံး ၅​သောင်း ၊ မိသားစုလိုက်ကြီးကြ စစ်​ရှောင်စခန်းလိုမျိုး​တွေလည်း​နေလို့ အဆင်မ​ပြေပါဘူးကွာ ။ ဘာလုပ်စားရမှန်းလည်းမသိ ။ ပြန်​နေ ရမှာပဲ ထပ်ပစ်​ကြမှ ထပ်​ပြေးကြတာ​​ပေါ့” ဟုသူက ဆက်ပြီး ပြောလာပါခဲ့ပါသည်။

ထို့​နောက် မိမိတို့ စားပွဲ​တွေမှာ ​နောက်ထပ်မပါနိုင်​တော့မည့် မိတ်​ဆွေ အချို့အ​ကြောင်း နှ​မျောတသသ ​ပြောမိသည် ။ အခြားမြို့​တွေကို အားကျ ​ကြောင်း ပွင့်အံ့ထွက်လာကြ၏။

​လျှပ်စစ်မြို့​တော်ဟု တင်စားရ​သော လွိုင်​ကော်တွင်ည မီးများလင်း၏ သို့​သော်အခိုက်တန့်မျှသာ ။ ဖ​ယောင်းတိုင် မရှိ ​သော လွိုင်​ကော်ညသည် မိမိ၏ အနာဂါတ်နှင့် တူလှ၏ အရာရာ​မှောင်မိုက်လျှက် ရှိပါသည်။ မကြာခင် ​သေနတ်သံများ လက်နက်ကြီးသံများ ကြားရမလား ဟူ၍ နားစွင့်ရင်း ညနက်တစ်ထက် နက်ခဲ့သည် ။

ပစ်လား မပစ်လား မိမိမသိ​တော့ အိပ်​ပျော်သွားခဲ့သည် ။ မနက်နိုး​တော့ ပတ်ဝန်းကျင် မိတ်​ဆွေများမှလည်း အခုတ်တရ ပစ်သည်မပစ်သည်ကို မ​ပြောကြ ။မိမိလည်း မ​မေးဖြစ် ။ မိုးရာသီ မိုးရွာသာ မဆန်းသကဲ့သို့ ။ လွိုင်​ကော်အနီး ပစ်ကြခတ်ကြခြင်းမှာ မဆန်း ​သော​ကြောင့်ဖြစ်လိမ့်မည် ။

​မနက်ခင်း ​စျေး မှာ လူများ စည်ကားလှ၏ ​​​စျေးသည်များ ကို ​ရောင်းရမလား​မေးကြည့်ရာ ။

“မ​ရောင်းရပါဘူးဟာ ၅၀၀၀ ဖိုး​လောက်​ရောင်းရရင်​တောင် ဝမ်းသာ​နေရ “ဟု ငြီးကြသည် ။ ဝယ်သူများဖက်ကို ​မေး​တော့
” ​စျေး​တွေ တတ်လာ တယ်​ကော ။ အလုပ်အကိုင် အဆင်မ​ပြေတာလည်း ကြာပြီဆို​တော့ များကြီးလည်းဝယ်နိုင်ဘူး​လေ ” ဟု​ဖြေ၏။

ထိုထက်ပို​မေးချင်​သော်လည်း ။ အားလုံးမှာ တံခါးပိတ်ခါနီး ပန်းခြံတစ်ခုက လူ​တွေလိုပဲ ​ရေးကြီးသုတ်ပြာ ရှိလှ၏ ​မ​မေး ဖြစ်​ပေမယ့် ။ သူတို့ရဲ့ စိုးရိမ်းမှုကို မူ ကြား​နေရ၏။

က​လေးငယ်များ​ဆော့ကစား​နေကြသည်ကို မ​တွေ့ မိ ။ ​နောင်ယားကန်မှာ စုံတွဲများ ဂီတာတီး​ခတ်​နေ​သော လူငယ်များ ငါးမျှား​နေကြ​သော လူရွယ်များ ကိုမမြင်ရ ။ ​သစ်သီးဆိုင် အချို့နှင့်ဆိုင်ငယ်​လေးများသာ ​တွေ့ရ၏ ဝယ်သူကိုမူ မမြင်မိခဲ့ပါ။

အိမ်အပြန်ဟာ ယခင်ကလို​နွေး​ထွေး မ​နေ​တော့ပါ ။ တိတ်ဆိတ်​ခြောက်ကပ်လျှက် ။ လွိုင်​​ကော်မြို့​လေးဟာ လွိုင်​ကော်နှင့်ပင်မတူ ​နေပါ ။ မည်သို့ပင်ဆို​စေကာမှု ဘာအ​ကြောင်းပြချက်ဖြစ်ဖြစ် အချိန်တန်ရင်​တော့ အိမ်ပြန်လာကြရမှာပဲ မဟုတ်လား ။ အိမ်သို့ တဖွဲဖွဲ ပြန်လာ​နေကြပါပြီ ။

သို့​သော် ဘယ်အချိန် ထိ ​နေကြရမယ် ။ ဘယ်အချိန် ကြပြန်ထွက်ရမည်ကို​တော့ မည်သူမျှ မ​ပြောနိုင် စိုးတထိပ်ထိပ်နှင့် သာ ။

- Advertisement -spot_img
- Advertisement -spot_img

Latest article