အိန္ဒိယပါလီမန် နှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်

ပထမဦးစွာအိန္ဒိယနိုင်ငံအကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ ၂၀၀၀BC ကတည်းက မြို့ပြယဉ်ကျေးမှုထွန်းကားခြဲ့ပြီးယုံကြည်ကိုးကွယ်မှုကွဲပြားလွန်းသောနိုင်ငံတစ်ခုပင်ဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရားဓလေ့စရိုက်၊ ယုံကြည်မှုနှင့် လွတ်လပ်သောနိုင်ငံတစ်ခုပင်ဖြစ်ပါသည်။ လူသားမျိုးနွယ်တို့ စတင်ပေါက်ဖွားရာ ၊သမိုင်း၊ သူရဲကောင်းနှင့်ရိုးရာတို့ အခြေခံရာဒေသအဖြစ်တင်စားကြပေသည်။

လွန်ခဲ့သောနှစ်ပေါင်း(၇၀)ကျော်ကတည်းကလွှတ်လပ်ရေးရခဲ့ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ပေသည်။ အကျယ်အဝန်းအားဖြင့် ၃၂၈၇၂၆၃ စတုရန်းကီလိုမီတာကျယ်ဝန်းကာကမာ္ဘပေါ်တွင် (၇)ခုမြောက် အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပေသည်။ မြောက်ပိုင်းဒေသသည် နှင်းဖုံးလွှမ်းနေပြီးတောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော် နှင့် အာရေးဗီယန်ပင်လယ်တို့ရှိပေသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်မြောက်ဘက်တွင် အာဖဂန်နစ္စတန်၊ ပါကစ္စတန် တို့ရှ်ိကာမြောက်ဘက်တွက် တရုတ်၊ ဘူတန်၊ နီပေါ နိုင်ငံတို့ တည်ရှိပေသည်။ အရှေ့ဘက်စွန်းတွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံများရှိကာတောင်ဘက်တွင်ူသီရိလင်္ကာနိုင်ငံနှင့် ပင်လယ်ခြားကာတည်ရှိနေတာကိုတွေ့ရပေသည်။

နိုင်ငံ၏စုစုပေါင်းလူဦးရေမှာ ၁၂၁၀.၉ သန်းရှိပြီးကျေးလက်ဒေသနေထိုုင်သူလူဦးရေအချိုးမှာ ၆၈.၈၅ %ဖြစ်ပေသည်။ လူတစ်ဦးချင်းစီ၏ ပျမ်းမျှလူ့သက်တမ်းမှာနှစ်(၇၀)ခန့် ဖြစ်ကာစာတတ်မြောက်မှုနှုန်းမှာ ၇၄%ဖြစ်ပေသည်။ နိုင်ငံတဝှမ်းအဓိကကိုးကွယ်သောဘာသာကြီး(၆)ခုရှြိပြီးဟိန္ဒူဘာသာဝင်၇၉.၈%ဖြင့်အများဆုံးဖြစ်တာကိုတွေ့ရှိရပေသည်။

နိုင်ငံရေးစနစ်အားဖြင့်ပါတီစုံဒီမိုကရေစီစတစ်ကိုကျင့်သုံးတာကိုတွေ့ရပေသသည်။ အဓိကပါတီကြီး(၂)ခုမှာBJPပါတီမှ ထက်ဝက်ကျော်အနိုင်ရရှိထားတာကိုတွေ့ရပေသည်။

ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသောအစိုးရဖွဲ့စည်းတည်ဆောက်အုပ်ချုပ်မှုပုံစံကိုကျင့်သုံးနေတာကိုတွေ့ရပေသည်။ ပြည်နယ် (၂၇)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၉)ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားြပြီး မြို့တော် မှာနယူးဒေလီဖြစ်ပေသည်။ ဝန်ကြီးဌာန (၅၆)ခုထိရှြိပြီး Big Government ပုံစံကိုတွေ့ရပေသည်။ အုပ်ချုပ်ရေးအကြီးအကဲမှာသမ္မတဖြစ်ြပြီးဝန်ကြီးများကိုလည်းရွှေးကောက်ခံကိုယ်စားလှယ်များထံမှသာ ရွှေးချယ်ခန့်ထားနိုင်ပေသည်။

မြန်မာနိုင်ငံနှင့် ကွာခြားသည်မှာဝန်ကြီးများကို ပြင်ပမှ ခန့်ထားခြင်းမပြုနိုင်ခြင်းပင်ဖြစ်ပေသည်။ သို့ရာတွင် ပြည်နယ်တိုင်းလွှတ်တော်များနှင့်တူညီနေသောအချက်မှာဝန်ကြီးများကိုကိုယ်စလှယ်များထဲမှခန့်အပ်နိုင်ခြင်းပင်ဖြစ်ပေသည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ရန်လည်းမလိုတာတွေ့ရပေသည်။

ပြည်နယ်အစိုးရများနှင့် ပြည်နယ်လွှတ်တော်များလည်းသီးခြားစီရှိကြပြီး၎င်းတို့၏ လုပ်ပိုင်ခွင့်များကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျစွားသတ်မှတ်ပြဋ္ဌန်းထားပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၅ဝ တွင်စတင်ရေးဆွဲခဲ့ပြီး ၁၉၄၉တွင်ပြီးစီးခဲ့ကာ ၁၉၅ဝ တွင် စတင်ဘာကတည်းကျင့်သုံးခဲ့ပေသည်။ ယခုအချိန်ထိ (၁၀၂)ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်ပေသည်။ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ခြင်းအတွက်လွွှတ်တော်တွင်းမှာာပင်(၅၁)ရာခိုင်နှုန်းဖြင့် ပြင်ဆင်နိုင်ပြီးမြန်မာန်ိုင်ငံကဲ့သို့ ပြင်ဆင်ရာတွင်ခက်ခဲမှုသိပ်မရှိပေ။

လွွှတ်တော်စနစ်တွင် ပါလီမန်စနစ်ကိုကျင့်သုံးပြီးအထက်လွွှတ်တော် (RajyaSabha) နှင့် အောက်လွွှတ်တော် (LokSabha) တို့ဖြစ်ကြပေသည်။ လွွှှတ်တော် နှစ်ရပ်တွင် သီးခြားလုပ်ပိုင်ခွင့်များခွဲဝေသတ်မှတ်ထားတာကိုတွေ့ရပေသည်။ အထူးသဖြင့်မြန်မာနိုင်ငံကဲ့သို့ ပြည်ထောင်စုလွှတ်တော်စည်ဝေးပူးပေါင်းကျင်းပခြင်းမရှိပဲလွွှှတ်တော်တစ်ရပ်ချင်းစီကသာဆွေးနွေးဆုံးဖြတ်ကြခြင်းဖြစ်ပေသည်။ နှစ်(၇၀)နီးပါးသက်တမ်းတလျောက်တွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွွှဲ၍ပူးပေါင်းစည်းဝေးထိုင်သည်မှာ (၂)ကြိမ်သာရှိပေသည်။

အဘယ်ကြောင့်ဆိုသော် တာဝန်ပိုင်းခြားသတ်မှတ်ထားခြင်းကြောင့်ဟုယူဆမိပေသည်။ ဘတ်ဂျက် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အထက်လွွှတ်တော်ကအဓိကဆောင်ရွက်ရပြီးဥပဒေကြမ်းများနှင့် အရေးပေါ်ကာလဆိုင်ရာအခြေအနေများအတွက် အထက်လွွှှတ်တော်ကအဓိက ထားဆောင်ရွက်ရသောကြောင့်ဟုယူဆမိပေသည်။

အထက်လွှတ်တော်၏ သက်တမ်းမှာ (၆)နှစ်ဖြစ်ပြီး (၂)နှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပါသည်။ (၃)ပုံ (၁)ပုံကို(၂)နှစ်တစ်ခါအလှည့်ကျရွေးကောက်သည့်စနစ်ကြောင့် လူဟောင်းနှင့် လူသစ် မျှတစေပြီးအမြဲတမ်းလွှတ်တော်တစ်ခုအသွင်တည်ဆောက်ထားပေသည်။ ထူးခြားချက်အနေဖြင့် သမ္မတမှ တိုက်ရိုက်ရွေးကောက်ပေးသောနယ်ပယ်အလိုက်ထူးချွန်သောပညာရှင် (၁၁)နေရာရှိခြင်းပေဖြစ်ပေသည်။ ဒါ့အပြင် အိန္ဒယ-အင်္ဂလိပ်ကပြားများအတွက်လည်း (၂)နေရာရှိပြီးသမ္မတကပင် ရွေးချယ်အဆိုပြုပေးရပေသည်။

အောက်လွှတ်တော်၏သက်တမ်းမှာ (၅)နှစ်သက်တမ်းဖြစ်ပေသည်။ (၅)နှစ်တခါရွေးကောက်ခံကြရပြီးဘတ်ဂျက်နှင့်ပတ်သက်၍ပိုု၍လုပ်ပိုင်ခွင့်အာဏာရှိတာကိုတွေ့ရပေသည်။ အောက်လွှတ်တော်မှ အတည်ပြုြပြီးသောဘတ်ဂျက်ဥပဒေကြမ်းကိုအထက်လွှတ်တော်မှ (၁၄)ရက်အတွင်းအကြောင်းပြန်ကြားခြင်းမပြုလျင် အလိုအလျောက် အတည်ဖြစ်တာကိုတွေ့ရပေသည်။

အထူးသဖြင့် လွှတ်တော်ရေးရာပူးပေါင်းကော်မတီများအားကောင်းပြီးအစိုးရစနစ်အပေါ် ထိထိရောက်ရောက် ထိန်းကျောင်းနိုင်စွမ်းရှိကာဥပဒေပြုရေး ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဏှိုင်များကိုတစ်ခုနှင့်တစ်ခုအပြန်အလှန်ထိန်းကျောင်းနိုင်အောင် တည်းဆောက်ထားသောအိန္ဒိယ၏ ဖယ်ဒရယ်ဒီမိုကရေစီမှာ မြန်မာနိုုင်ငံအတွက် အထူးပင်လေ့လာစရာကောင်းလှပေသည်။

ဆက်လက်ဖော်ပြပါမည်
ကျော်သူစိုး
လွှတ်တော်၊ Economics Development

Comments

comments

Next Post

ဆောင်းနှင်းမြူတွေကြားက ၂၁ - ပင်လုံ

Fri Jan 4 , 2019
ဘိုထိး (ငွေတောင်ပြည်) ၂၁- ရာစုပင်လုံငြိမ်းချမ်းရေးညိလာခံရဲ့ ခရိးလမ်းကရှေ့မတိုးနောက်မဆုတ်ပဲအေး တိအေးစက်ဖြစ်နေတာအားလုံးအသိပဲ ဖြစ်ပါတတယ်။ ဒိလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ ညိလာခံမှာသဘောတူညိတဲ့အချက်တွေကိုအကောင်အထည်အဖော်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။  စစ်ဘေးဒုက္ခသည်တွေကြောင့် ငြိမ်းချမ်းရေးခရီးနှောက်နှေးခဲ့ရပေမဲ့ ညီလာခံကြီးတတိယအကြိမ်ထိကျင်းပနိုင်ခဲ့သည့်တိုင် စစ်ဘေးရှောင်ဒုက္ခသည်အရေးကိစ္စ တစ်စုံတစ်ရာထည့်သွင်းဆွေးနွေး တာမတွေ့ရှိရပါဘူး။  ညီလာခံမှာဒုက္ခသည်ကိစ္စဆွေးနွေးနိုင်ခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးခရီးနှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးခရီးလျှောက်လှမ်းနေတဲ့အချိန်မှာဒေခံတိုင်းရင်းသားလူမျိုးစုများဟာဒေသကိုအခြေခံတဲ့ လူမျိုးစုတွေပဲ ဖြစ်ရပါမယ်။ ဒေသတစ်ခုမှာဒုက္ခခံနေရတဲ့ လူမျိုးစုတွေမဖြစ်ရပါဘူး။ ၂၁-ရာစု ပင်လုံညီလာခံကျင်းပတဲ့အခါ တိုင်းတိုင်းရင်းသားဒေသမှာ ဒေသခံများ ဒုက္ခခံနေရတာကိုတွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။ ညီလာခံကြီးကျင်းပတာ (၃)ကြီမ်တိုင်တိုင် ရှိခြဲ့ပြီး ဖြစ်ပေမယ့် ဒေသခံတွေ သွေးမြေကျ ရဟန်သံဃာတွေ ထိခိုက်ပျက်စီးခြဲ့ပြီးးကန့်ကွက်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းအရေးကိစ္စကိုထည့်သွင်းဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။  ဒီအခြေအနေအတိုင်းသာရှေ့ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးခရီးကို အမှန်တကယ်ရှေ့ဆက်တိုးချင်တယ်ဆိုရင် ပြည်သူကိုပေးထားတဲ့ ကတိအတိုင်း အတတ်နိုင်ဆုံးလက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။  စာအုပ်ကြီးကိုင်ကိုင်ြပြီးးပြောနေမယ့်အစားဒေသခံဆီရောက်အောင်သွားြပြီးးဒေသခံတွေရဲ့ ရင်တွင်းခံစားချက်တွေကို မြင်အောင်ကြည့်ပါ။ ဒေသခံတွေရဲ့အသံကို […]