spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အနောက်ကယန်းဒေသတွင် ငါးနှစ်အောက်ကလေးများ ရာသီတုတ်ကွေးရောဂါ အဖြစ်များနေ

Author

Date

Category

ထျိုးမြာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ အနောက်ကယန်းဒေသဘက်တွင် တစ်လလူနာစာရင်း၏ ထက်ဝက်သည် ရာသီတုတ်ကွေးရောဂါလက္ခဏာဖြစ်နေသည်ဟု ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ကုန်းငူးကျေးလက်ကျန်းမာရေးဌာန မှ ကျန်းမာရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။

“ဒီတစ်လရဲ့ လူနာစာရင်းအရဆိုရင် ငါးနှစ်အောက်ကလေးက ၁၃၃ ဦးမှာ ရာသီတုပ်ကွေးနဲ့လာရောက်ကုသမှုခံယူတာ ၆၈ ဦးဆိုတော့ ၅၀%က ရာသီတုတ်ကွေးလက္ခဏာနဲ့ လာရောက်ကုသခံနေတယ်ပေါ့နော” ဟု သူကပြောပါသည်။

ယခင်နှစ်များတွင် မိုးရာသီနှင့် ဆောင်းရာသီအကူးအပြောင်းကာလတွင်သာ တုတ်သွေးရောဂါဖြစ်တတ်ပြီး ယခုနှစ်တွင် ရာသီတုတ်ကွေးရောဂါအပြင် သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများလည်းတွေ့နေရသည်ဟု သိရသည်။ ထို့အပြင် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းနေအရွယ်ကလေးများ အဖြစ်များနေသည်ဟု ဦးသန်းဝင်းက ပြောပါသည်။

ကျေးလက်ကျန်းမာရေးဌာနအနေနှင့် ၎င်းတို့ထံရောက်လာသော လူနားများ၏အခြေအနေပေါ်မူတည်ပြီး ပြင်းထန်အဆင့်ဖြင့် ရောက်လာသောလူနာများရှိပါကလည်း နီးစပ်ရာဆေးရုံကို လွဲလိုက်ရသောလူနာလည်းရှိသည်ဟု သိရသည်။

ယခုနှစ်သည် နေရာတိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အဆိုပါရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ကာ ခန့်မှန်းသည်ထက် ပမာဏများပြားနေသည်ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောသည်။

ထို့အပြင် တစ်ခြားတိုင်းနှင့်ပြည်နယ်နယ်တွင် ယခုနှစ်သည်သွေးလွန်တုတ်တကွးလက္ခဏာအပြင် Seasonal Influenza A(H1N1) ရောဂါဖြစ်ပွားနေကြသောကြောင့် ရှမ်းပြည်နယ်၊ကယားပြည်နယ်ရှိ ရပ်ကွက်ကျေးရွာတစ်ချို့မှ ဆရာ/မများနှင့် မိဘများကထိုရောဂါနှင့်ပတ်သက်ပြီးစိုးရိမ်နေကြသည်ဟုသိရသည်။

သို့သော် ကယားပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၏ ဩဂုတ်လ ၂၉ရက်နေ့အထိ အတည်ပြုပြောကြားချက်အရ ကယားပြည်နယ်တွင် H1N1 ရောဂါမတွေ့ရသေးကြောင်းနှင့် လူနာတစ်ချို့ကို ဓာတ်ခွဲစမ်းသပ်ရာတွင်လည်း ပိုးမတွေ့ရှိကြောင်းပြောပါသည်။

spot_img
spot_img

Recent posts