ရန်ကုုန်တုိုင်း မှော်ဘီမြို့နယ်ထဲက ဘွက်ကြီးကျေးရွာထဲကိုု ဝင်လာပြီးနောက် ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်လုိုက်မည် ဆိုုလ ျှင် ကမန်လမ်းဟုု ရေးထားသော ဆုိုင်းဘုုတ်ကိုု မြင်ရမည် ဖြစ်သည်။

အဆုိုပါ ကမန်လမ်း အတွင်းမှ လျှောက်လာလျှင် အိမ်ခြေ သုုံးဆယ်ကျော်ကျော်ခန့် ရှိသော အိမ်များကိုု မြင်တွေ့ရမည် ဖြစ်ပြီး ကမန်စုု ဟုု သူတိုု့က ခေါ်ကြသည်။

အဆုိုပါ ကမန်စုုသည် ရခုိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်မှ ပြောင်းရွှေ့လာသည့် ကမန်တုိုင်းရင်းသား အများစုု နေထိုုင်ကြပြီး ကမန် တုိုင်းရင်းသားများသည် မြန်မာနိုင်င်ငံ၏ တုိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ပြီး အစ္စလာမ်ဘာသာ ကိုုးကွယ်သည့် လူမျိုးဖြစ်သည်။

၂၀၁၂ခုနှစ် ရခိုင်ပဋိပက္ခဖြစ်စဉ်ကြောင့် နေအိမ်ပေါင်း ၈၆၀ဝ ကျော်ပျက်စီးကာ ရခိုင်တိုင်းရင်းသားများ အပါအဝင် ဒေသခံ တစ်သိန်းခန့် နေရပ်ကို စွန့်ခွာပြေးခဲ့ရကြောင်း ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ၂၀၁၃ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့သော နေရပ်စွန့်ခွာ သူများတွင် ရခိုင်ဒေသခံ ကမန်တိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်။

ကမန်စု အတွင်း နေထိုင်ကြသူများသည် ၂၀၁၂ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတွင် နောက်ဆက်တွဲဖြစ်ပွား ခဲ့သည့် ပဋိပက္ခတွင်း နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြသည့် ရမ်းဗြဲဒေသခံ ကမန်လူမျိုးများဖြစ်ကြကြောင်း  ကမန်တုိုင်းရင်းသားများ လူမှုကွန်ယက် ဥက္ကဌ ဦးထွန်းငွေက ပြောသည်။ ၂၀၁၂ခုနှစ်တွင် နေအိမ်များ ပျက်စီးဆုံးရှုံးပြီးနောက် ရမ်းဗြဲမြို့ တန်းရွာဒုက္ခသည်စခန်းတွင် ငါးနှစ်နီးပါးခန့်နေထိုင်ခဲ့ကြပြီး နောက် ရန်ကုန်သို့ ရွှေ့ပြောင်းလာရခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ခုနှစ်တွင်မူ ငွေကြေးတတ်နိုင်သူ ကမန်လုပ်ငန်းရှင်အချို့ပူးပေါင်းကာ မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာ မြောက်ဘက်ရှိ မြေငါးဧကကို စုပေါင်းဝယ်ယူကာ ရမ်းဗြဲမြို့နယ် တန်းရွာ ဒုက္ခသည်စခန်းမှ ကမန်တိုင်းရင်းသားတစ်ချို့ လာရောက်နေထိုင်နိုင်ရင် စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။  

၂၀၁ရ ခုုနှစ် မေလတွင် နောက်ဆုုံးကျန်ရှိနေသည့် မိသားစုု ၅၅ စုုကိုု ရန်ကုုန်သိုု့ အပြီးပိုု့ပြီး ဒုုက္ခသည်စခန်းကိုု ဖျက်သိမ်းခဲ့သည်။ အဆိုုပါမိသားစုများအနက် ၃ဝ ကျော်မှာ ကမန်စုုတွင် နေထုိုင်ကြသည်။

နောက်ဆုုံး အသုုတ်တွင် ပြောင်းရွှေ့လာသည့် အိမ်ထောင်စုုဝင်များမှ တစ်ဦးဖြစ်သူ ကလေးသုုံးယောက် မိခင် ဒေါ်နီနီဝင်းက  “ ကျွန်မတို့က မသွားဘူးလို့ ပြောတာ မရဘူးလေ။ သား၊သမီးပညာရေး၊ စားဝတ်နေရေးအတွက်ပဲ ဆိုပြီးတော့ သူတို့က အဲ့ဒါခြိမ်ခြောက်ပြီး ဘယ်နေ့သွားမှာလဲ၊ ဘယ်နေရာကို သွားမှာလဲဆိုပြီးတော့ လာလာပြီး ခြိမ်းခြောက်တယ်။” ဟု သူမက သက်ပြင်းချရင်း ပြောပြသည်။

ထိုုသုို့ နေထုိုင်ရာတွင် ရ အိမ်တန်းဟုု ခေါ်သည့် အိမ်တန်းတွင် စုုပေါင်း နေထုိုင်ကြသူများ ရှိသလိုု တစ်နိုင်တစ်ပိုင် စီးပွားရှာပြီး စုမိဆောင်းမိသူများက မိသားစုအိမ်ငယ်ကလေးကို သီးသန့်ဆောက်ပြီး နေကြသည်။

အသက် ၅ဝ ကျော်အရွယ် ပင်စင်စား ဒေါ်သင်သင်စိန်ကတော့ သားမက်အိမ်တွင် နေနေရပြီး ဖိနပ် စက်ရုံတွင် အလုပ်ရသည့် အငယ်ဆုံးသား၏ လုပ်ခလစာအပေါ် မှီခိုနေကြရသည်။ သူ၏ ပင်စင်လစာမှာ တစ်လကို နှစ်သောင်းကျပ်သာ ဖြစ်သည်ဟု ဆိုသည်။  

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦဇော်အေးမောင်ကမူ ဘွက်ကြီးကျေးရွာမှ ကမန်လူမျိုးများအတွက် လိုအပ်သည်များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်ဟုု ဆိုုသည်။

ကမန်တိုင်းရင်းသား ဟူသောခေါင်းစဉ်အောက်တွင်ပြဿနာအမြောက်အများရှိနေကြောင်း၊ ကမန်ဟူသောအမည်ကို အသုံးချကာ ဘင်္ဂါလီများက အသွင်ပြောင်းရယူရန်ကြိုးစားမှုများရှိနေသဖြင့် သတိထားလုပ်ဆောင်နေရသည်ဟုုလည်း ဦးဇော်အေးမောင်က ဆိုုသည်။

“ဒါပေမဲ့ ကမန်ကတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာပါတယ်ဆိုတာတော့ လက်ခံပါတယ်။ ဒါပေမဲ့ အရှုပ်အထွေးတွေရှိနေတော့ သတိထားရတယ်။ ဒါပေမဲ့ ကမန်စုမှာ နေထိုင်တဲ့ ကမန်တွေကတော့ ကမန်တိုင်းရင်းသားစစ်ကြပါတယ်”ဟု ဦးဇော်အေးမောင်ကရှင်းပြသည်။

ဘွက်ကြီးကျေးရွာသိုု့ စတင်ပြောင်းလာသည့် အချိန်တွင် ယခင် နေထုိုင်လျှက်ရှိသည့် ဗုုဒ္ဓဘာသာများက အထင်လွဲမှားမှုများရှိသော်လည်း ကမန်တိုု့က သင်္ကြန်ကဲ့သိုု့သော ရိုုးရာပွဲများ ဆင်နွဲခြင်း၊ အခြားသော ရုိုးရာပွဲများကိုု ပြုလုုပ်ခြင်းကြောင့် နောက်ပိုုင်းတွင် ပြေလည်သွားကြသည်ဟုု ဦးထွန်းငွေက ဆိုုသည်။

 “  ကျွန်တော်တို့က သင်္ကြအချိန်ကျရင် သင်္ကြပွဲတော် လုပ်ပါတယ်။ ရခိုင်ရိုးရာ သင်္ကြန်ပေါ့။ ဆိုတော့ သူတို့က ကျွန်တော်တို့ ကျွေးတဲ့ မုန့်လုံးရေပေါ်ဖြစ်ဖြစ် စားကြပါ၊ သောက်ကြပါ နောက်တစ်ခါ လွတ်လပ်ရေးပွဲ ကိုယ့်ခြံထဲမှာ ကမန်တိုင်းရင်းသား လွတ်လပ်ရေးနေ့ အောင်ပွဲ အခမ်းအနားဆိုပြီး ဆိုင်းဘုတ်တင်ပြီး လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့က အမြင်ကြည်လင်လာပါတယ်။ ဆိုတော့ အဲ့ဒီပြသနာကတော့ ကျွန်တော်တို့ကို နိုင်ငံတော် အစိုးရ ကူညီဖို့အပိုင်းပဲ အရေးကြီးတယ်။” ဟု ကမန်တိုင်းရင်းသား လူမှုကွန်ယက် အဖွဲ့ ဥက္ကဌ ဦးထွန်းငွေက လက်ရှိ အခြေအနေကို ရှင်းပြသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်လုပ်ဆောင်သည့်နေရာများတွင် အတူတကွ စုပေါင်းလုပ်ဆောင်ကြသည်ဟု ဘွက်ကြီးကျေးရွာတွင် နေထိုင်သူ အသက် ၃ဝ အရွယ် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သည့် ကိုစန်းကျော်က ပြောသည်။

“ ကျတော်တို့ လမ်းတွေ လုပ်တဲ့အခါမှာ အတူတူလုပ်ရပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူတွေ လိုက်ခံတဲ့အခါမှာလည်း ထည့်ကြပါတယ်။ ကမန်ကလည်း ဒီလိုပါပဲ။ ကိုယ့်ဖက်နေ အလှူတွေ လိုက်ခံရင် သူတို့လည်း ထည့်ပါတယ်။” ဟု သူက ကျေးရွာအတွင်း အတူတကွ သဟဇာတဖြစ်အောင် နေထိုင်ကြကြောင်းကို ရှင်းပြသည်။

ဒေါ်နီနီဝင်းကလည်း “ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ အခက်အခဲ မရှိပါဘူး။ စီးပွားရေး လုပ်တဲ့ သူတွေဆို ပိုသိမှာပေါ့ ရင်းရင်းနှီးနှီးနေကြပါတယ်။ ဗုဒ္ဓဘာသာတွေလည်း ရှိတယ်။ ကရင်တွေလည်း ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် တင့်တင့်တယ်တယ် နေကြပါတယ်။” ဟု   ပြောသည်။

ကမန်တိုင်းရင်းသား လူမှုကွန်ယက်၏ စစ်တမ်းကောက်ယူချက် အရ ကမန်လူမျိုးများမှာ လူဦးရေ ငါးသောင်းဝန်းကျင်ရှိသည်ဟု သိရသည်။

ရမ်းဗြဲမြို့တွင် မီးလောင်ဆုံးရှူံးခဲ့သည့် ကမန်လူမျိုးများအတွက် နို်င်ငံတော် အစိုးရမှ သွပ်မိုးဖြင့် မိုးထားသော နှစ်ထပ်အိမ်ကို ကျပ်သိန်းသုံးဆယ်၊ ဓနိဖြင့် မိုးထားသော နှစ်ထပ်အိမ်ကို ကျပ် သိန်းနှစ်ဆယ်၊ သွပ်မိုးဖြင့် မိုးထားသော တစ်ထပ်အိမ်ကို ကျပ် ဆယ့်ငါးသိန်း၊ ဓနိဖြင့် မိုးထားသော တစ်ထပ်အိမ်ကို ကျပ် ဆယ့်သုံးသိန်း စသည်ဖြင့် တစ်ကြိမ် ကမန်တိုင်းရင်းသား လူမှုကွန်ယက်မှ ဥက္ကဌ ဦးထွန်းငွေက ဇန်နဝါရီလ ၃၁ ရက်က ပြောသည်။

၂၀၁၉  ခုုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင်မူ အဆိုုပါ ပြောင်းရွှေ့လာသည့် မိသားစုုများထဲမှ ၂၅ စုုကိုု လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

လက်ရှိ ကမန်စုုတွင် နေထိုုင်နေသူများကမူ အခက်အခဲများရှိနေသေးသည်ဟုု ဆိုုသည်။

 “ ဒီမှာနေရတာကတော့ ဟိုမှာလိုမျိုး စိတ်မကျဉ်းကျပ်ရတော့ဘူးပေါ့ အခက်အခဲတော့ အများကြီး ရှိပါတယ်။ ကျွေးရေးမွေးရေးကအစပေါ့။” ဟု ဒေါ်နီနီဝင်းက သူမ၏ အခက်အခဲကို ပြောပြသည်။

ဒေါ်သင်သင်စိန်က လူငယ်များသည် မိမိစားဝတ်နေရေးအတွက် ရရန် အလုပ်ကို လုပ်ကိုင်နေကြရသည့်အတွက် ပညာဆက်လက်သင်ကြားနိုင်ဖို့ အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု ဆိုသည်။

မြန်မာနုိုင်ငံသည် ဘာသာပေါင်းစုုံ လူမျိုးပေါင်းစုုံ နေထုိုင်သည့် နိုုင်ငံဖြစ်ပြီး အချို့သော ဒေသများတွင်လည်း လက်နက်ကိုုင် တုိုက်ပွဲများ ရှိနေပြီး အခြားသော ပဋိပက္ခများလည်း ရှိနေသည်။ ကမန်တိုု့သည်လည်း အဆိုုပါ ပဋိပက္ခများထဲမှ တစ်ခုုဒဏ်ကိုု ခံရသော တုိုင်းရင်းသားများဖြစ်သည်။

ကမန်စုုတွင် နေထုိုင်ကြသူများမှာ  အသက်ဘေးမှ လွတ်ရုံသာ နေထိုင်ကြရသည့် အခြေအနေတွင် ရှိသော်လည်း အချိုု့က ကျေနပ်ကြသည်။ မိမိနေရပ်ဖြစ်သည့် ရမ်းဗြဲမြို့ကို ပြန်ချင်သူများ ရှိသော်လည်း တချို့သော လူငယ်များမှာ လက်ရှိနေရာကိုသာ မက်မောကြသည်။ အတိတ်ဟောင်းများဆီကို တဖန်ပြန်မသွားချင်ကြသောကြောင့် ဖြစ်သည်။ တောက်ပသည့် အနာဂါတ်ကို မျှော်လင့်ရမည်ထက် အသက်ဘေးမှ လွတ်ရုံအတွက်သာ မျှော်လင့်နေကြရသည်။

Comments

comments