spot_img
Wednesday, December 7, 2022
spot_img

အောက်တိုဘာလ တတိယအပတ် ကယန်းဘာသာ ရေဒီယိုအစီအစဉ်

spot_imgspot_imgspot_imgspot_img

ကယန်းရေဒီယိုအစီအစဥ်အပတ်စဥ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဥ်စနေနေ့ည (၇) နာရီတိုင်းယခုတစ်ပတ်မှာတော့ “ကရင်နီပြည်နယ်မှာ ၆လအတွင်း တိုက်ပွဲပေါင်း ၉၁ ကြိမ်ဖြစ်ပွား” သတင်းနဲ့ “ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ နေအိမ်နှစ်လုံးမီးလောင်” ဆိုတဲ့သတင်းနဲ့အတူ “စစ်ရှောင်စခန်းမှာ ကလေးတွေကို ပညာဆက်သင်ကြားပေးနေတဲ့ CDM ဆရာမ” ဆောင်းပါး နဲ့ ဆရာနာတားလယ် ရေးစပ်ထားပြီး ကိုယ်တိုင် သီဆိုထားတဲ့ “Cô̌ thathu yulan pè ka” စတဲ့သီချင်းကောင်းတို့ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

တနီးလာလဲ ကျေးရွာရဲ့ လာတုံခူ ခေါ် ရိုးရာကြက်ရိုးထိုး ပူဇော်ပွဲ

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်)) ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက် တနီးလာလဲကျေးရွာမှာ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကယားရိုးရာ (လာတုံခူ) နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့တဲ့နေရာဟာ တနီးလာလဲကျေးရွာဆိုတဲ့အမည် စတင်ပေါ်ပေါက်လာခဲ့တဲ့နေရာ ဖြစ်ပြီး ဒီဇင်ဘာလ ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် ကြက်ဖြူတစ်ကောင်နဲ့...

ပျက်စီးသွားတဲ့ ပန်းပု အိမ်မက်

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် ငူးပလော့ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဒေါမိနစ်က အများနဲ့မတူပဲ ပန်းပုပညာကို ထူးထူးခြားခြား စိတ်၀င်စားရူးသွပ်နေသူတစ်ယောက်ပါ။ သူက အသက် ၁၈နှစ်အရွယ်လောက်မှာ ပန်းပုစထုခဲ့ပြီး ပန်းပုပညာကို သီးသန့်သင်ကြားခဲ့တာရယ်လို့မရှိခဲ့ဘူး။ ကိုယ်တိုင်ပန်းပုထုရင်း ထုရင်းနဲ့ပဲ အလုပ်က လူကိုသင်သွားတယ်ဆိုတဲ့အတိုင်း အချိန်တွေကြာလာတာနဲ့ ဒေါမိနစ်ကလည်း ပန်းပုထုကျွမ်းကျင်လာ လက်ရာသေသပ်လှလာခဲ့တာ လို့သူကပြောပါတယ်။ "ပန်းပုထုတာကတော့ အာရုံထဲမှာတော့ရှိနေ။...

အသက် ၂၃ နှစ်အရွယ် အာဂ မိခင် မော်ရှားမြာ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ မော်ရှားမြာဟာ လက်ရှိမှာတော့ ကရင်နီပြည်နယ်ရဲ့ စစ်ဘေးဒဏ်ကြောင့် တောတွင်းတနေရာမှာ သွားရောက်တိမ်းရှောင်နေရပြီး ၈ လသားအရွယ် သားတစ်ဦးကို စစ်ဘေးရှောင်နေစဉ် ခက်ထန်ကြမ်းတမ်းစွာ မွေးဖွားခဲ့ရပါတယ်။ ၈ လသားအရွယ် သားလေးဟာ သူမရဲ့ သားဦး ဖြစ်ပါတယ်။ “ကလေးက...

စစ်ရှောင်တစ်ဦးရဲ့ တစ်နေတာ လှုပ်ရှားမှု

ကန္တာရဝတီတိုင်း ( မ် ) ဒေါ်ဖရန်းစစ္စကာဟာ ဒေါငံရောက်ကျေးရွာကစစ်ရှောင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်နေပါတယ်။ သူမနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ ခက်ခဲစွာရှာဖွေစားသောက်နေရပါတယ်။ သူမမှာသားတစ်ယောက်သမီးတစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူမှာ အဝေးနေရာသို့ သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ လက်ရှိစစ်ရှောင်မှာ တောင်ယာအနည်းငယ် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ တစ်နေ့တစ်နေ့တောင်ယာသွားလိုက် ထင်းရှာလိုက် ရေခပ်လိုက်နဲ့ သူမရဲ့တစ်နေ့သာကုန်ဆုံးနေတာပါ။ ဒါဟာကရင်နီပြည်ထဲက စစ်ရှောင်မိခင်တစ်ဦးရဲ့ တစ်နေ့သာလှုပ်ရှားမှု မှတ်တမ်းဖြစ်ပါတယ်။ https://youtu.be/65QVJw2CDpY