spot_imgspot_imgspot_imgspot_img
Monday, June 23, 2025
spot_imgspot_imgspot_imgspot_img

ကျေးရွာဆေးပေးခန်းတွင် လာရောက်ကုသမှုမရှိသောကြောင့် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးဟုဆို

Author

Date

Category

မူဂျာမီလှိုင်

ကျေးရွာဆေးပေးခန်းတွင် လာရောက်ကုသမှုမရှိသောကြောင့် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးကြောင်း လွယ်ပေါကျေးရွာအုပ်စုရှိဆေးပေးခန်း တာဝန်ရှိဆရာမတစ်ဦးက ပြောသည်။

“တစ်ချိူ ့လူနာတွေက ဆေးရုံတွေလည်းမသွားကြဘူး ပြီးတော့သူတို့လဲမမွေးနိူင်ဘူး အဲ့ကြောင့်ကလေးတွေက ရေမွှာတွေကွဲတာကြာလို့ သေသွားကြတာ အဲ့လိုတွေတော့ ရှိတာပေါ့” လွယ်ပေါကျေးရွာအုပ်စုရှိဆေးပေးခန်း တာဝန်ရှိဆရာမတစ်ဦးဆိုသည်။

ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စုတွင် ကျေးရွာဆေးပေးခန်းသို့ လာရောက်ကုသခြင်းမရှိသည့်အတွက် ယနေ့ချိန်တိုင်အောင် ရက်သားကလေးငယ်များ သေဆုံးမှုများ ရှိနေသေးကြောင်း လွယ်ပေါကျေးရွာအုပ်စုဆေးပေးခန်းရှိ တာဝန်ရှိဆရာမတစ်ဦးက ဇန်နဝါရီလ ၁ဝရက်နေ့တွင် ပြောကြားသည်။

“ဒီလိုဆေးခန်းရှိတော့ ပိုကောင်းဒါပေါ့ အရင်တုန်းကဆို တစ်ခုခုဖြစ်ပြီဆိုရင်ဖယ်ခုံကိုဘဲသွားရတော့ ပိုခက်တယ်လေ”ဟု လွယ်ပေါကျေးရွာ ဒေသခံဒေါ်မနွဲ့ကပြောသည်။ 
ဆေးပေးခန်းသို့ရောက်ရှိလာကြသောလူနာများသည် အများအားဖြင့် သွေးတိုးရောဂါများနှင့် ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါများ အများဆုံးဖြစ်နေကြောင်းသိရသည်။

“သူတို့ကဆေးတော့ထုတ်ပေးတယ် ဒါပေမဲ့ မလောက်ဘူးပေါ့ တစ်ခါတစ်လေဆို သူတို့ဖြစ်တဲ့ရောဂါနဲ့ ဆေးကမရှိဘူး အဲ့လိုဖြစ်နေတယ်” ဟု တာဝန်ကျဆရာမက ပြောသည်။

လွယ်ပေါကျေးရွာအုပ်စုရှိ ရွာများသည် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ ဟောပြောရာတွင် ပါဝင်တက်ရောက်မှုမရှိကြောင်းနှင့် ကျန်းမာရေးလိုက်စားမှုများလည်း အားနည်းနေကြောင်းသိရသည်။ 
လက်ရှိ ၎င်းဆေးပေးခန်းတွင် ဆရာမငါးဦးနှင့် တာဝန်ခံတစ်ဦး တို့ တာဝန်ထမ်းဆောင်နေကြောင်းသိရသည်။

ရွာအတွင်းရှိဆေးဆိုင်များထက် ဆေးပေခန်တွင် ဆေးဝယ်ရဈေးသက်သာနေသော်လည်း ဆေးပေးခန်းသို့ လာရောက်ကြသော လူနာမှာ နည်းနေသေးကြောင်း ဆရာမက ပြောသည်။

spot_img
spot_img

Recent posts