spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆောင်းနှင်းမြူတွေကြားက ၂၁ – ပင်လုံ

Author

Date

Category

ဘိုထိး (ငွေတောင်ပြည်)

၂၁- ရာစုပင်လုံငြိမ်းချမ်းရေးညိလာခံရဲ့ ခရိးလမ်းကရှေ့မတိုးနောက်မဆုတ်ပဲအေး တိအေးစက်ဖြစ်နေတာအားလုံးအသိပဲ ဖြစ်ပါတတယ်။ ဒိလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ ညိလာခံမှာသဘောတူညိတဲ့အချက်တွေကိုအကောင်အထည်အဖော်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ 

စစ်ဘေးဒုက္ခသည်တွေကြောင့် ငြိမ်းချမ်းရေးခရီးနှောက်နှေးခဲ့ရပေမဲ့ ညီလာခံကြီးတတိယအကြိမ်ထိကျင်းပနိုင်ခဲ့သည့်တိုင် စစ်ဘေးရှောင်ဒုက္ခသည်အရေးကိစ္စ တစ်စုံတစ်ရာထည့်သွင်းဆွေးနွေး တာမတွေ့ရှိရပါဘူး။ 

ညီလာခံမှာဒုက္ခသည်ကိစ္စဆွေးနွေးနိုင်ခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးခရီးနှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးခရီးလျှောက်လှမ်းနေတဲ့အချိန်မှာဒေခံတိုင်းရင်းသားလူမျိုးစုများဟာဒေသကိုအခြေခံတဲ့ လူမျိုးစုတွေပဲ ဖြစ်ရပါမယ်။ ဒေသတစ်ခုမှာဒုက္ခခံနေရတဲ့ လူမျိုးစုတွေမဖြစ်ရပါဘူး။

၂၁-ရာစု ပင်လုံညီလာခံကျင်းပတဲ့အခါ တိုင်းတိုင်းရင်းသားဒေသမှာ ဒေသခံများ ဒုက္ခခံနေရတာကိုတွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။ ညီလာခံကြီးကျင်းပတာ (၃)ကြီမ်တိုင်တိုင် ရှိခြဲ့ပြီး ဖြစ်ပေမယ့် ဒေသခံတွေ သွေးမြေကျ ရဟန်သံဃာတွေ ထိခိုက်ပျက်စီးခြဲ့ပြီးးကန့်ကွက်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းအရေးကိစ္စကိုထည့်သွင်းဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

ဒီအခြေအနေအတိုင်းသာရှေ့ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးခရီးကို အမှန်တကယ်ရှေ့ဆက်တိုးချင်တယ်ဆိုရင် ပြည်သူကိုပေးထားတဲ့ ကတိအတိုင်း အတတ်နိုင်ဆုံးလက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 

စာအုပ်ကြီးကိုင်ကိုင်ြပြီးးပြောနေမယ့်အစားဒေသခံဆီရောက်အောင်သွားြပြီးးဒေသခံတွေရဲ့ ရင်တွင်းခံစားချက်တွေကို မြင်အောင်ကြည့်ပါ။ ဒေသခံတွေရဲ့အသံကို ကြားအောင်နားထောင်ပါ။ ြပြီးးမှ ရလာတဲ့အချက်အလက်တွေကိုအကောင်အထည်ဖော်နိုင်အောင် ကြိုးစားပါ။ ဒါမှ ငြိမ်းချမ်းရေးခရီးရှေ့ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးခရီးနှောင့်နှေးရခြင်း၏ အကြောင်းရင်းနောက်တစ်ချက်ကတော့ ညီလာခံမှာအမှန်တကယ်တာဝန်ရှိတဲ့ အကြီးအကဲရဲ့ အခန်းကဏ္ဍ ပါဝင်မှုအားနည်းနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံဟာနိုင်ငံတော်အဆင့် ညီလာခံတစ်ခု ဖြစ်ပါတယ်။ 

နိုင်ငံတော်အဆင့်နှင့် ပတ်သက်တဲ့ ကိစ္စမှန်သမျှအားလုံးတာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာနိုင်ငံတော်သမ္မတပဲ ဖြစ်ပါတယ်။ ညီလာခံစတင်ကျင်းပတဲ့နေ့ကနေဒီနေန့အထိနိုင်ငံတော်သမ္မတရဲ့ အခန်ကဏ္ဍ ပါဝင်မှုမရှိသလောက် နည်းပါးနေတာကိုတွေ့ရှိရပါတယ်။

၂၀၁၆ ခုနှစ် ဩဂုတ်လမှာကျင်းပခဲ့တဲ့ ၂၁-ရာစု ပင်လုံညီလာခံရဲ့ သဘောတူညီချက်အရ ၂၀၁၈ ခုနှစ်အထိညီလာခံကို (၅)ကြိမ် ြပြီးးမြောက်အောင် ကျင်းပဖို့ သဘောတူညီခဲ့ကြပါတယ်။

လက်တွေ့မှာတော့ ၂၀၁၈ ခုနှစ်အထိညီလာခံ (၃)ကြိမ်အထိသာကျင်းပနိင်တာကိုတွေ့ရှိရပါတယ်။ ၂၀၁၆ ခုနှစ် ဩဂုတ်လပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ လျှာထားတဲ့ ညီလာခံရဲ့ အချိန်ဇယားမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလ – ဒုတိယအကြိမ် ၂၁ – ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ။
၂၀၁ရ ခုနှစ် ဩဂုတ်လ -တတိယအကြိမ် ၂၁-ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ-စတုတ္ထအကြိမ် ၂၁ – ရာစုပင်လုံငြိမ်ချမ်ရေးညီလာခံ။
၂၀၁၈ ခုနှစ် ဩဂုတ်လ -ပဉ္စမအကြိမ် ၂၁ – ရာစုပင်လုံငြိမ်းချမ်ရေးညီလာခံ။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ -ဆဋ္ဌမအကြိမ် ၂၁- ရာစုပင်လုံငြိမ်ချမ်းရေးညီလာခံ။
၂၀၁၉ ခုနှစ် ဩဂုတ်လ -သတ္တမအကြိမ် ၂၁- ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတို့ပဲဖြစ်ပါတယ်။

လက်တွေ့မှာကျင်းပခဲ့တဲ့ ညီလာခံမှာ လျှာထားတဲ့ အချိန်ဇယားထက် တစ်နှစ်နောက်ကျြပြီးးကျင်းပတာကိုတွေ့ရှိရပါတယ်။ ၂၀၁၈ ခုနှစ် ဇူလှိုင်လ (၁၁) ရက်နေ့မှ (၁၆)ရက်နေ့အထိကျင်းပခဲ့တဲ့ တတိယအကြိမ် ၂၁ – ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလက်ရှိ ၂၀၁၈ ခုနှစ် အတွင်းညီလာခံကိုမကျင်းပနိုင်ခဲ့ပါဘူး။

နိုင်ငံရေးသုံးသပ်သူအချို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးတစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးနိုင်မှ ငြိမ်းချမ်းရေးရနိုင်မည်လို့ ထင်မြင်ယူဆနေကြပါတယ်။ ငြိမ်းချမ်းရေးမရနိုင်သေးတာဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးNCAမှာလက်မှတ်မရေးထိုးလို့ မဟုတ်ဘူး။

ငြိမ်းချမ်းရေးမရရှိသေးတာဟာတိုင်းရင်းသားတွေ လိုလားတဲ့ အခွင့်အရေးမရှိသေးလို့ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေယာယီရပ်ဆိုင်းကြောင်းကရင်အမျိုးသားအစည်းအရုံးကနိုင်ဝင်ဘာလ (၁၀)ရက်နေ့မှာကြေညာချက် ထုတ်ပြန်ပါတယ်။ ကြေညာချက်ထုတ်ပြန်ရခြင်းအဓိကအကြောင်းအရင်းဟာလည်းညီလာခံခရီးရှေ့မတိုးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

အကယ်၍ ညီလာခံခရီးရှေ့ဆက်တိုးနိုင်မယ်ဆိုရင် ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ကြေညာချက်ထုတ်ပြန်မှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ညီလာခံကိုဦးဆောင်တဲ့အခန်းကဏ္ဍမှ ကရင် အမျိုးသားအစည်းအရုံးခေါင်းဆောင်တွေလည်းပါဝင်ခဲ့လို့ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပြန်ြပြီးးပါဝင်ဖို့/မပါဝင်ဖို့ဆိုတာကညီလာခံခရီးဘယ်ထိရောက်နေပြီးလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။

ညီလာခံခရီးရှေ့တိုးနိုင်ဖို့ဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသားအရေးကိစ္စကိုအလေးထားဦးစားပေးဖို့ အလွန်အရေးကြီးပါတယ်။ တိုင်းရင်းသားအရေးကိစ္စကိုအလေးထားဦးစားပေးမှုအားနည်းခဲ့တာကြောင့် အရပ်သားအစိုးရလက်ထဲမှာ တိုုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၂)ဖွဲ့သာတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာယာယီရပ်ဆိုင်းခြင်းသားဖြစ်ပြီးလုံးဝနုတ်ထွက်ခြင်းမဟုတ်ကြောင်းနိုင်ငံတော်သမ္မတရုံးအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောပါတယ်။ ဆွေးနွေးပွဲမှာလုံးဝနုတ်ထွက်တာမဟုတ်ပေမယ့် ဘယ်နေ့ဘယ်ရက်မှာ ပြန်ပြီးပါဝင်လာမှာလည်းဆိုတာအတိအကျဖော်ပြတာမရှိပါဘူး။

ငြိမ်းချမ်းရေးမှာ ပြန်ပြီးပါဝင်လာတဲ့အကြောင်းကိုမဖော်ပြနိုင်တာဟာလည်းအနာဂတ်ငြိမ်းချမ်ရေးအတွက် မသေချာမရေရာဖြစ်စေခဲ့ပါတယ်။ ညီလာခံကိုဦးဆောင်နေတဲ့ တာဝန်ရှိခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်နဲ့လက်တွေ့မှာစာကတစ်ခြားရွာကတစ်ခြား ဖြစ်နေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးခရီးကရှေ့မတိုးနိုင်ဘဲရှိနေအုန်းမှာ ဖြစ်ပါတယ်။

အောက်တိုဘာ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီးဒုဗိုလ်ချုပ်ကြီးရွက်စစ် တို့နှစ်ဦးအပြုံးကိုယ်စီနဲ့ ထမင်းစားပွဲဝိုင်းမှာအတူတူထိုင်ကြတဲ့ပုံကိုတွေ့မြင်ရပါတယ်။ 

၂၁ – ရာစုပင်လုံညီလာခံခရီးရှေးတိုးပြီးထာဝရဲငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ဆီကိုအရောက်လှမ်းန်ိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတိုင်းရင်းသားပြည်သူများအားလုံးအပြုံးပန်းတွေနဲ့ ဝေဆာနေတဲ့ ငြိမ်းချမ်းရေးထမင်းစားပွဲဝိုင်းမှာအတူတူထိုင်ကြဖို့ အချိန်တန်ပြီး ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

spot_img
spot_img

Recent posts