တောင်တန်းနှင့်မြေပြန့် မဆုံသောလမ်း

ဘိုထီး

 

ကမ္ဘာကြီးတခုလုံးဟာ အမြဲတမ်းတိုးတက်ပြောင်းလဲနေတယ်လို့ လူအများကပြောကြပေမဲ့ လူတစ်ဦးရဲ့ အရည်အချင်း၊ လူတစ်ဦးရဲ့တန်ဖိုးကို ကောင်းမြတ်တဲ့ စိတ်ထားထက် ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့သာ တိုင်တာဆုံးဖြတ်ကြတာဟာ အနာဂတ်လောကကြီးအတွက် ရင်လေးစရာဖြစ်စေပါတယ်။

ရုပ်ရည်လှပတဲ့ အမျိူးသမီးပျိုလေးတွေကို လူပျိုလူငယ်တွေက ဝိုင်းဝိုင်းလည်နေတဲ့ အစဉ်အလာတွေ ၂၁-ရာစု ခောတ်ကြီးမှာ မထူးဆန်းတောပေမဲ့ သံယံဇာတပေါများကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေကို သူပိုင် ငါပိုင် ငြင်းခုန်နေကြတဲ့ အင်အာကြီးအဖွဲ့ခေါင်းဆောင်တွေရဲ့ မြန်မာ့နိုင်ငံရေးဇတ်ခုံကြီး ယနေ့ထိ ကန့်လန်ကာ မချနိုင်သေးတာ အင်မတန်ပဲ အံ့ဩဖိုးကောင်းပါတယ်။
သမ္မတ ဦးသိန်းစိန် လက်ထက်ကစပြီး အရပ်သားအစိုးရလက်ထက်အထိ ဒုသမ္မတတွေဟာ တိုင်းရင်းသားများ ဖြစ်ကြပေမဲ့ တိုင်းရင်းသားအရေးဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာ သူတို့မှာ မရှိကြပါဘူး။

တိုင်းရင်းသားခေါင်းဆောင် တော်တော်များများဟာ နိုင်ငံတော် အဆင့်မှာ ရာထူးတွေ နေရာတွေ ရရှိခဲ့ကြပေမဲ့ တိုင်းရင်းသားအရေးကို လုပ်ဆောင်ပေးနိုင်တာ မရှိခဲ့ကြပါဘူး။ ဒီလိုဖြစ်ရတာဟာ ကိုယ့်တိုင်းရင်းသားအကျိုးထက် ကိုယ့်အကျိုးအတွက်ကိုသာ ဦးစားပေးတာလား၊ ဒါမှမဟုတ်ရင် ငါးကလေးတွေကို ဖမ်းချင်လို့ ငါးအကြီးကို အစာချပေးတဲ့ ခေတ်အဆက်ဆက်က မြန်မာ့နိုင်ငံရေး နည်းဗျူဟာရဲ့ သဘောသဘဝကို နားမလည်တာလားဆိုတာ ယနေ့တောင်တန်းဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများနဲ့ တိုင်းရင်းသားခေါင်းဆောင်များ စဉ်းစားဆင်ခြင်သုံးသတ်သင့်ပြီလို့ ပြောချင်ပါတယ်။။

လက်ရှိ အရပ်သားအစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အရှိကို အရှိတိုင်း အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ထားပြမှုတွေ ပေးမယ်ဆိုရင် အချိန်စောသေးတယ်ဆိုပြီး ပီတိုအာဏာနှင့် ပယ်ချဦးမလား ၊ လူတွေဟာ ကိုယ့်အကျိူး ကိုယ့်အခွင့်အရေးနဲ့ ပတ်သက်လာရင် “ မြန်မြန်လုပ်၊ အချိန်မရှိတောဘူး၊ နောက်ကျနေပြီ” စသည်ဖြင့် ပြောတတ်ကြပေမဲ့ အများပြည်သူအတွက်နဲ့ ပတ်သက်လာရင် “ဖြေးဖြေးပေါ၊ အချိန်ရှိသေးတယ်၊နောက်မှလုပ်လည်းရပါတယ်” လို့ပြောတတ်ကြတာဟာ လွန်ခဲ့တဲ့ ရာစုနှစ်ကတည်းက ပါးစပ်ဖျားက နှစ်ကာလတာ ကုန်သွားတယ်ထူးခြားတဲ့ ပြောင်းလဲမှု ဘာမှမတွေ့ရပါဘူး။ NLD အစိုးရရဲ့ “ ပြောင်းလဲချိန်တန်ပြီ” ဆောင်ပုဒ်ဟာ ပြည်သူတစ်ရပ်လုံးနီးပါးရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပေးမဲ့ ဗဟိုချူပ်ကိုင်မှုစနစ်ကို တစ်ရိတ်ရိတ်ပေါ်လာတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ကျေးလက် ကရင်နီ အမျိုးသမီး တဦး တောင်ယာခင်းသိုု့ သွားနေသည်။
ကျေးလက် ကရင်နီ အမျိုးသမီး တဦး တောင်ယာခင်းသိုု့ သွားနေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း လူမျိုးအများစု ခေါင်းဆောင်တွေထဲကသာ ဦးဆောင်ဦးရွက် ပြုတဲ့ အချိန်ကစပြီး မြန်မာနိုင်ငံရေးပြသနာ စတင်ခဲ့တာပါ။ စစ်မှန်တဲ့ အစိုးရဆိုတာ လူမျိူးအများစုကသာ ဦးဆောင်ဖိုးမလိုပါဘူး၊ လူမျိူးသာဘာမရွေး ကျောသားရင်သား မခွဲခြားပဲ အားလုံးတန်းတူအခွင့်အရေး ရရှိနိုင်အောင် လုပ်ဆောင်နိုင်တဲ့ ပဂိုလ်တွေသာ စစ်မှန်တဲ့ အစိုးရဖြစ်ပါတယ်။ အသားအရောင်ခွဲခြားခြင်း ခံရတဲ့ အမေရိကန် လူမဲမျိူးသာ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်ခွင့်မရှိဘူးဆိုရင် အမေရိကန် မရိန်းတပ်များဟာ ယနေ့အချိန်ထိ အိုစမာဘင်လာဒင်ကို အသေဖမ်းနိုင်မှာ မဟုတ်ပါဘူး။

တိုင်းရင်းသားများနေထိုင်တဲ့နေရာကို လူမျိူးကိုအခြေခံတဲ့ ပြည်နယ်ဒေသအဖြစ် ခွဲဝေသတ်မှတ်ပြီး ပြည်မမှပြည်သူများနေထိုင်ကြတဲ့နေရာကို တိုင်းဒေသကြီးအဖြစ် ခွဲဝေသတ်မှတ်တာဟာ တောင်တန်းနဲ့ပြည်မ အချင်းချင်း ပူးပေါင်းပြီး မရအောင် ခွဲခြားကန့်သန့်ပြီး အုပ်ချူပ်တာဖြစ်ပါတယ်။

၁၉၄ရ ခုနှစ် ပင်လုံညီလာခံဟာ တောင်တန်းနှင့် မြေပြန့်ဒေသကို စိတ်တူကို်ယ်တူဖြစ်စေခဲ့တဲ့ ညီလာခံကြီုးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ့မြန်မာ့လွတ်လပ်ရေး ရရှိပြီးနောက် ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာ အကျိူးအတွက်သာ ဦးစားပေးခဲ့တဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် တောင်တန်းဒေသ တိုင်းရင်းသားဒေသတွေဟာ ပြည်မနှင့် လမ်းခွဲခဲ့ရတာဟာ ယနေ့အထိပါပဲ။

တိုင်းရင်းသားဒေသမှာ ဖြစ်တဲ့ တိုက်ပွဲနဲ့ ဒုက္ခသည်ဦးရေတိုးပွားလာတာဟာ တောင်တန်းနှင့် ပြည်မများ ဆုံစည်ခွင့်မရအောင် ကာစီးထားတဲ့ တံတားကြီးတခုဖြစ်ပါတယ်။ တန်းတူအခွင့်အရေးကိုသာ အခြေခံတဲ့ စနစ်မရှိပဲ တိုင်းပြည်ကို ဘယ်လိုမှ တည်ဆောက်လို့်မရဘူးလို့ ခံယူပြီး တန်းတူအခွင့်အရေးကိုသာ လိုလားတဲ့ မြန်မာဘုရင်စစ်သားမင်းရဲ့ စိတ်ထားးလို ခေါင်းဆောင်မျိုး ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ မပေါ်ပေါက်သေးပါဘူး။

ကမ္မာကြီးတခုလုံး ပြောင်းလဲတိုးတက်နေချိန်မှာ ခေတ်ဟောင်းအုပ်ချုပ်ရေးစနစ်နဲ့ အကျင့်ဟောင်းတွေကို ချေဖျက်ပြီး စိတ်သစ်လူသစ် စနစ်သစ်ဖြင့် ဒီမိုကရေစီသစ်ဆီသို့ အတူတကွ ချီတက်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

Comments

comments

Next Post

ဒီမိုကရေစီအစိုးရလမ်းစဉ်းနဲ့ ကယား(ကရင်နီ)ပြည်ကြီးရဲ့ ဗူးတူ ပုလင်းဆို့

Thu Oct 27 , 2016
ခူးကြူ းဖဲကေး ခေတ်ပေါ်တေးတစ်ပုဒ်လို ဒီမိုကရေစီ ဆိုတဲ့အရာကြီးဟာလဲ အုပ်ချုပ်သူလူတန်းစားဆီကနေ ထွက်ကျလာတာ မြင်မကောင်းကြားမကောင်းနိုင်အောင် ရှိတဲ့ ပြည်နယ်တစ်ခုပါ။ ဒီမိုကရေစီ ဆိုတဲ့အနှစ်သာရကို အတွင်းကျကျ နားလည်ရန် ရှားပါးနေသေးတဲ့ ပြည်နယ်တစ်ခုပါ။ ခွင့်လွတ်ခြင်းမရှိကြတဲ့ တရားတွေ၊မကျေချမ်းမူတွေ၊ အတ္တကြီးသူတွေကြား ကြားညှပ်ခဲ့ရတဲ့ ဒီမိုကရေစီ အစိုးရဆိုတာကလဲ အာဏာလား၊ လုပ်ပိုင်ခွင့်လား မကွဲကြသေးတဲ့ အုပ်ချုပ်ရေး ယန္တရားပြည်နယ်တစ်ခုပါ။ ဒေသခံ စစ်ဘုရင်များရဲ့ လွမ်းမိုးခွင့်အများဆုံး ပြည်နယ်တစ်ခုဖြစ်သလို လူအခွင့်အရေးဆိုတာကလဲ အိမ်မက်ထဲ ၊ ညအိပ်ဝင်မူကြားထဲ ပျောက်ဆုံးနေတဲ့ ကညားမော် နတ်သမီးလေးလို ဖြစ်နေရတဲ့ ပြည်နယ်တစ်ခုပါ။ ဒီကြားထဲ စစ်တပ်က စစ်ရေးလေ့ကျင့်ကွင်းလို ပြုလုပ်ခံထားရတဲ့ ပြည်နယ်တစ်ခုပါ။ အဲလို ပြည်နယ်တစ်ခုမှာ ဒီမိုကရေစီဆိုတာ အုပ်ချုပ်သူ ပါးစပ်က […]